ျမန္မာ ေတာင္သူေတြ မၾကာမွီ ရင္ဆိုင္ ရဦးမည့္ က်ိဳင္းေကာင္ အႏၲရာယ္အေၾကာင္း သတိထားစရာ

ေလာေလာဆယ္ ပိုးသတ္ေဆး သုံးၿပီး ႏွိမ္နင္းတာဟာ အေျခခံအက်ဆုံးပါ။ က်ေရာက္မႈ ျပင္းထန္ျခင္းအေပၚ မူတည္ၿပီး ေအာ္ဂဲႏိုေဖာ္ စ ဖိတ္အုပ္စုဝင္ ဓာတုပိုးသတ္ေဆးမ်ားကို ေဆးဖ်န္းပုံး/စနစ္ အမ်ိဳးမ်ိဳးျဖင့္ ဖ်န္းပက္ႏွိမ္နင္းသင့္ ပါတယ္။ က်ေရာက္မႈမွာ က်ယ္ျပန႔္ လာေန တယ္ ဆိုရင္ စက္တပ္ေဆးဖ်န္းကိရိယာမ်ိဳး၊ ေဝဟင္မွ ေဆးဖ်န္းခ်တာမ်ိဳးေတြ လုပ္ေဆာင္သင့္ပါတယ္။ ေဆးဖ်န္းရာမွာ ေဆးမႈန္မ်ား မ ႀကီးလြန္း မေသးလြန္းျဖစ္ရပါမယ္၊ ေလတိုက္ႏႈန္း ျမင့္ေန စဥ္ မဖ်န္းပါနဲ႔၊ ေဆးထြက္ေနာ္ဇယ္မ်ားဟာ က်ိဳင္းေကာင္မ်ားႏွင့္ အလွမ္းကြာ ေဝး၍ မရပါ၊ ၫႊန္ၾကားခ်က္ပါ ႏႈန္းထားအတိုင္း ေဖ်ာ္စပ္ရပါမည္။

လူအားနဲ႔ ႏွိမ္နင္းမယ္ ဆိုရင္ သူတို႔ ေ႐ြ႕လ်ားပ်ံ႕ႏွံ႔ေနတဲ့ ပတ္ဝန္းက် င္မွာ ကာဆီးၿပီး သူတို႔ ခုန္ႏိုင္တဲ့ အျမင့္ထက္ နက္တဲ့ ေျမာင္းေတြတူး ထားျခင္း၊ ပိုးေကာင္မ်ားကို ႐ိုက္ခ်ျခင္း၊ ကားတာယာမ်ားကို မီးရႈိ႕၍ က်ိဳင္းေကာင္မ်ားအား အေဝးကို ေျပးေစျခင္းမ်ား ျပဳလုပ္ႏိုင္ ပါတယ္။ လုပ္အားမ်ားစြာ ကုန္က်ေစႏိုင္ၿပီး ေဒသအားလုံးအတြက္ေတာ့ မတြင္က်ယ္၊ အသုံးမဝင္ေစႏိုင္ပါ။ေျမျပင္ကြင္းဆင္း အခ်က္အလက္မ်ား ရယူဖို႔ႏွင့္ ႏွိမ္နင္းဖို႔ရာ တာဝန္အရွိဆုံးက စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျဖစ္ၿပီး အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီး ဌာနကို ပူးေပါင္းပါဝင္ဖို႔ ဖိတ္ေခၚသင့္ပါတယ္။

ဒါေပမယ့္ အေတြ႕အႀကဳံရွိတဲ့ ျပင္ပအဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံတကာပညာရွင္ထံမွလည္း အကူအညီေတာင္းခံသင့္ပါတယ္။Locusts က်ိဳင္းေကာင္ေဘး အေျခေနေတြကို FAO – Food and Agriculture Organization အဖြဲ႕ကေန တရပ္စပ္သတင္းေတြ တင္ေနပါတယ္ Danger Alarm ေတြ အျပင္ ေအာင္ျမင္တဲ့ ေျဖရွင္းနည္းအစီမံေတြလဲ ပါဝင္ပါတယ္ စိုက္ပ်ိဳးေရး အင္းဆက္ သုေသသန ပညာရွင္ ေတြ Ministry Of Agriculture ( ျမန္မာနိင္ငံ လယ္ယာစိုက္ပ်ိဴးေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ) အေနနဲ႔ ထိုသတင္းေတြကို အထူးျပဳၿပီး Upgrade လုပ္ေဆာင္ဖို႔ အႀကံျပဳပါတယ္ India ဘက္ကိုဝင္ေနၿပီဆိုရင္ ျမန္မာျပည္ကိုလဲ အေႏွးနဲ႔ အျမန္ေရာက္လာမွာပါ ။

FAO Data Set ေတြတင္ထားပါတယ္ ခ်ိတ္ဆက္ ၿပီး Info ေတြေလ့လာထားသင့္ပါတယ္။လြန္ခဲ့သည့္ ႏွစ္ ၂၀ ေက်ာ္တုန္း က ဂ်ဴလိုင္ လ အလယ္ေလာက္မွာ ျမန္မာႏိုင္ငံ အလယ္ပိုင္း ေတာင္တြင္းႀကီးၿမိဳ႕နယ္ ကုကၠိဳန္း , အိုးေပါက္ ,ကုလာမ ဆိုသည့္ မီးရထား လမ္းေဘးမွ ႐ြာမ်ားတြင္ စိုက္ပ်ိဳးထား သည့္ ႀကံစိုက္ခင္မ်ား တြင္ ဆိုးဆိုးဝါးဝါး က်ေရာက္ခဲ့ ဘူးပါတယ္။ က်န္ေဒသမ်ားတြင္ က်ေရာက္တာ မေတြ႕မိပါ
ယခု ေဖာ္ျပပါ ႀကိဳင္းမ်ာႏွင့္ မ်ိဳးစိတ္ကြဲ ပါသည္ ။ပါကစၥတန္ႏွင့္ အိႏၵိယမွာ လမ်ားစြာ ၾကာျမင့္ ျပသနာျဖစ္ေန ခဲ့တဲ့ က်ိဳင္းေကာင္ေတြဟာ ျမန္မာႏိုင္ငံ ကို ေရာက္ရွိ လာေနတယ္ လို႔ ယူဆရပါတယ္။

ဝန္းသိုၿမိဳ႕နယ္ မွာ အနည္း အက်ဥ္း ေတြ႕လာရၿပီး ခႏၲီးေဒသ ဘက္ကေန ပ်ံ႕ႏွံ႔လာၾကတာ ျဖစ္ႏိုင္ တယ္ လို႔ ေဒသခံေတြ က ဆိုပါ တယ္ တဲ့ ။ဥမွင္ တိုႏွံေကာင္ မ်ိဳးစိတ္မ်ား ထဲ မွ တစ္ခုျဖစ္ ပါ တယ္ ။က်ေနာ္ဘြဲ႕ရၿပီး ဆရာျဖစ္စကာလ မွာ ဆရာႀကီး ေဒါက္တာျမင့္ေသာင္း ကို ညေနပိုင္း အိမ္မႈ ကိစၥေလးေတြ လုပ္ေပး၊ ညပိုင္း ဆရာနဲ႔ ဗီဒီယိုဇာတ္ကားေတြ ၾကည့္ၿပီး ဆရာ အိပ္ယာဝင္ေတာ့မယ္ ဆိုမွ အေဆာင္ကို ျပန္ေလ့ရွိပါတယ္။ တစ္ညမွာ အေခြငွားဆိုင္ ကေန LOCUST ဆိုတဲ့ ဇာတ္ကားငွားခဲ့ ပါတယ္ ။ Virginia Department of Agriculture က C-12 Lab မွာ ဇီဝနည္းသုံးၿပီး super grasshopper ကို မ်ိဳးစပ္ပြားမ်ား ခဲ့ၾကတယ္ ။

Australia locust ႏွင့္ Desert locust ကို စပ္ထားတာ။ ပိုးသတ္ေဆးကို ခံႏိုင္ရည္ ရွိတယ္၊ အျခားမ်ိဳးစိတ္ေတြထက္ မ်ိဳးပြားႏႈန္းျမန္ တယ္ ၊ အစာအမ်ားႀကီးစား တယ္ ။ အႏၲရာယ္ ရွိမွန္း သိလို႔ ဓါတ္ခြဲခန္း အႀကီးအကဲက အေကာင္ေတြအားလုံးကို ဖ်က္ဆီးခိုင္းတယ္။ ဝန္ ထမ္းတစ္ဉီးက အေကာင္အခ်ိဳ႕ ကို ခိုးယူတယ္ ၊ ေပါ့ဆေတာ့ အခ်ိဳ႕က လြတ္ထြက္သြားၾကၿပီး ေရဆိုးထုတ္ တဲ့ ေျမာင္းေတြ ထဲ ေရာက္သြား ၾက တယ္ ။ အဲဒီကေန သီးႏွံေတြကို စတင္ဖ်က္ဆီးၾကတယ္၊ လူေတြကို တိုက္ခိုက္လာၾက တယ္ ၊ အေမရိကား ရဲ႕ ေနရာအႏွံ႔ ကို ပ်ံ႕ႏွံ႔လာ ၾက တယ္ ။က်ေနာ္ 2015 စက္တင္ဘာလမွာ 29th session of Asian Pacific Plant Protection Commission ကို ဘာလီကြၽန္းမွာ သြားတက္ခဲ့ရပါတယ္။

ႏိုင္ငံအလိုက္ အစီရင္ခံစာေတြ တင္သြင္းရပါတယ္၊ ေရွ႕လုပ္ငန္းစဥ္ေတြကို တင္ျပရ ပါတယ္ ။ အဲဒီ မွာ လာအိုႏိုင္ငံက က်ိဳင္းေကာင္ ေတြ က်ေရာက္မႈ ျပသနာကို ကူညီေျဖရွင္း ေပးေစလိုေၾကာင္း တင္ျပပါတယ္။ အဲဒီႏွစ္က လာအိုကိုယ္စားလွယ္တင္ျပတာကေတာ့ သစ္ေတာ ေတြ ၊ ဝါးေတာ ေတြ ကို စားေသာက္ဖ်က္ဆီး တဲ့အေၾကာင္း၊ စိုက္ပ်ိဳး သီးႏွံေတြကို မဖ်က္ဆီးေသးေၾကာင္း၊ ဒါေပမယ့္ ေနာက္မ်ားမွာ စိုက္ ပ်ိဳးသီးႏွံေတြအေပၚ သက္ေရာက္ လာႏိုင္လို႔ နည္းပညာ အရ အကူအ ညီေတာင္း တာပါ ။က်ေနာ္ အမွတ္မမွားဘူးဆိုရင္ ၂၀၀၇ ဝန္းက်င္ မွာ ေတာင္တြင္းႀကီးဘက္က ႀကံစိုက္ခင္းေတြ မွာလည္း က်ဖူးတယ္ ထင္ပါတယ္။

လတ္တေလာ ပါကစၥတန္၊ အိႏၵိယမွာ ဆိုး႐ြားေနၿပီ ျမန္မာႏိုင္ငံကို စဝင္လာဟန္ရွိတဲ့ ႏွံေကာင္ဟာ Desert locust ပါ။ locust မ်ိဳးစိတ္ ေတြထဲမွာေတာ့ ဖ်က္အားအျပင္းဆုံး မ်ိဳးစိတ္ပါ။အုပ္လိုက္ေတြ က်ေရာက္ခဲ့မည္ ဆိုရင္ တစ္ကီလိုမီတာပတ္လည္ဧရိယာမွာ အေကာင္ေရ သန္း 150 ထိ ရွိေနႏိုင္တယ္၊ ေလရဲ႕အကူအညီနဲ႔ဆိုရင္ တစ္ေန႔ကို 150 ကီလိုမီတာအထိ ပ်ံသန္းႏိုင္တယ္ ဆိုပါယ္။ အဲဒီအေကာင္ေရ သန္း 150 ခန႔္ဟာ လူ 35000 ဦးေရခန႔္ တစ္ေန႔တာ စားေသာက္ႏိုင္တဲ့ သီးႏွံေတြကို ဖ်က္ဆီး ပါတယ္တဲ့။ တစ္ေကာင္ခ်င္းလည္း ေနႏိုင္တယ္၊ အုပ္စုလည္း ဖြဲ႕ႏိုင္ၾကတယ္။ တစ္ႏွစ္ အတြင္း မ်ိဳးဆက္ ႏွစ္ခုမွ ငါးခုအထိ မ်ိဳးပြားႏိုင္တယ္။

ခတ္စိပ္စိပ္ မိုး႐ြာေလ့ရွိတဲ့ ရာသီဉတုႏွင့္ သူတို႔စားေသာက္ေနထိုင္စရာ စားက်က္ေတြကို ဉီးေရပြားမ်ားဖို႔ အေျခအေနေပးတယ္။ အဆိုပါ က်ိဳင္းေကာင္မ်ား အတြက္ မ်ိဳးပြားရာသီ (၃)ခု ရွိပါတယ္၊ ေဆာင္းရာသီ၊ ေႏြဦးရာသီႏွင့္ ေႏြရာသီမ်ား ျဖစ္ၾကပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ မ်ိဳးပြားရာသီျဖစ္ႏိုင္ေခ်က ေႏြရာသီပါ၊ လတ္တေလာမွာ ေႏြရာသီကလည္း ေက်ာ္လြန္ခဲ့ၿပီမို႔ အိႏၵိယက ကူးစက္ လာ မည့္ ဦးေရမွ်ကိုပဲ အာ႐ုံစိုက္ ရမယ္ ထင္ပါတယ္။ခပ္ေႏြးေႏြးအပူခ်ိန္ရွိတဲ့ ညေနေစာေစာပိုင္းေတြမွာ အုပ္စုလိုက္ ေ႐ြ႕လ်ား ပ်ံသန္းေလ့ရွိ ၾကပါတယ္။ ပင္ လယ္ သမုဒၵရာမ်ားကို ျဖတ္သန္းဖို႔မဟုတ္ဘူးဆိုရင္ေတာ့ ညပိုင္းမွာ ပ်ံသန္းေလ့ မရွိၾကပါဘူး။

REF: LET PAN

UNICODE

မြန်မာ တောင်သူတွေ မကြာမှီ ရင်ဆိုင် ရဦးမည့် ကျိုင်းကောင် အန္တရာယ်အကြောင်း သတိထားစရာ

လောလောဆယ် ပိုးသတ်ဆေး သုံးပြီး နှိမ်နင်းတာဟာ အခြေခံအကျဆုံးပါ။ ကျရောက်မှု ပြင်းထန်ခြင်းအပေါ် မူတည်ပြီး အော်ဂဲနိုဖော် စ ဖိတ်အုပ်စုဝင် ဓာတုပိုးသတ်ဆေးများကို ဆေးဖျန်းပုံး/စနစ် အမျိုးမျိုးဖြင့် ဖျန်းပက်နှိမ်နင်းသင့် ပါတယ်။ ကျရောက်မှုမှာ ကျယ်ပြန့် လာနေ တယ် ဆိုရင် စက်တပ်ဆေးဖျန်းကိရိယာမျိုး၊ ဝေဟင်မှ ဆေးဖျန်းချတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ ဆေးဖျန်းရာမှာ ဆေးမှုန်များ မ ကြီးလွန်း မသေးလွန်းဖြစ်ရပါမယ်၊ လေတိုက်နှုန်း မြင့်နေ စဉ် မဖျန်းပါနဲ့၊ ဆေးထွက်နော်ဇယ်များဟာ ကျိုင်းကောင်များနှင့် အလှမ်းကွာ ဝေး၍ မရပါ၊ ညွှန်ကြားချက်ပါ နှုန်းထားအတိုင်း ဖျော်စပ်ရပါမည်။

လူအားနဲ့ နှိမ်နင်းမယ် ဆိုရင် သူတို့ ရွေ့လျားပျံ့နှံ့နေတဲ့ ပတ်ဝန်းကျ င်မှာ ကာဆီးပြီး သူတို့ ခုန်နိုင်တဲ့ အမြင့်ထက် နက်တဲ့ မြောင်းတွေတူး ထားခြင်း၊ ပိုးကောင်များကို ရိုက်ချခြင်း၊ ကားတာယာများကို မီးရှို့၍ ကျိုင်းကောင်များအား အဝေးကို ပြေးစေခြင်းများ ပြုလုပ်နိုင် ပါတယ်။ လုပ်အားများစွာ ကုန်ကျစေနိုင်ပြီး ဒေသအားလုံးအတွက်တော့ မတွင်ကျယ်၊ အသုံးမဝင်စေနိုင်ပါ။မြေပြင်ကွင်းဆင်း အချက်အလက်များ ရယူဖို့နှင့် နှိမ်နင်းဖို့ရာ တာဝန်အရှိဆုံးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဖြစ်ပြီး အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာနကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။

ဒါပေမယ့် အတွေ့အကြုံရှိတဲ့ ပြင်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာပညာရှင်ထံမှလည်း အကူအညီတောင်းခံသင့်ပါတယ်။Locusts ကျိုင်းကောင်ဘေး အခြေနေတွေကို FAO – Food and Agriculture Organization အဖွဲ့ကနေ တရပ်စပ်သတင်းတွေ တင်နေပါတယ် Danger Alarm တွေ အပြင် အောင်မြင်တဲ့ ဖြေရှင်းနည်းအစီမံတွေလဲ ပါဝင်ပါတယ် စိုက်ပျိုးရေး အင်းဆက် သုသေသန ပညာရှင် တွေ Ministry Of Agriculture ( မြန်မာနိင်ငံ လယ်ယာစိုက်ပျိူးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ) အနေနဲ့ ထိုသတင်းတွေကို အထူးပြုပြီး Upgrade လုပ်ဆောင်ဖို့ အကြံပြုပါတယ် India ဘက်ကိုဝင်နေပြီဆိုရင် မြန်မာပြည်ကိုလဲ အနှေးနဲ့ အမြန်ရောက်လာမှာပါ ။

FAO Data Set တွေတင်ထားပါတယ် ချိတ်ဆက် ပြီး Info တွေလေ့လာထားသင့်ပါတယ်။လွန်ခဲ့သည့် နှစ် ၂၀ ကျော်တုန်း က ဂျူလိုင် လ အလယ်လောက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်း တောင်တွင်းကြီးမြို့နယ် ကုက္ကိုန်း , အိုးပေါက် ,ကုလာမ ဆိုသည့် မီးရထား လမ်းဘေးမှ ရွာများတွင် စိုက်ပျိုးထား သည့် ကြံစိုက်ခင်များ တွင် ဆိုးဆိုးဝါးဝါး ကျရောက်ခဲ့ ဘူးပါတယ်။ ကျန်ဒေသများတွင် ကျရောက်တာ မတွေ့မိပါ
ယခု ဖော်ပြပါ ကြိုင်းမျာနှင့် မျိုးစိတ်ကွဲ ပါသည် ။ပါကစ္စတန်နှင့် အိန္ဒိယမှာ လများစွာ ကြာမြင့် ပြသနာဖြစ်နေ ခဲ့တဲ့ ကျိုင်းကောင်တွေဟာ မြန်မာနိုင်ငံ ကို ရောက်ရှိ လာနေတယ် လို့ ယူဆရပါတယ်။

ဝန်းသိုမြို့နယ် မှာ အနည်း အကျဉ်း တွေ့လာရပြီး ခန္တီးဒေသ ဘက်ကနေ ပျံ့နှံ့လာကြတာ ဖြစ်နိုင် တယ် လို့ ဒေသခံတွေ က ဆိုပါ တယ် တဲ့ ။ဥမှင် တိုနှံကောင် မျိုးစိတ်များ ထဲ မှ တစ်ခုဖြစ် ပါ တယ် ။ကျနော်ဘွဲ့ရပြီး ဆရာဖြစ်စကာလ မှာ ဆရာကြီး ဒေါက်တာမြင့်သောင်း ကို ညနေပိုင်း အိမ်မှု ကိစ္စလေးတွေ လုပ်ပေး၊ ညပိုင်း ဆရာနဲ့ ဗီဒီယိုဇာတ်ကားတွေ ကြည့်ပြီး ဆရာ အိပ်ယာဝင်တော့မယ် ဆိုမှ အဆောင်ကို ပြန်လေ့ရှိပါတယ်။ တစ်ညမှာ အခွေငှားဆိုင် ကနေ LOCUST ဆိုတဲ့ ဇာတ်ကားငှားခဲ့ ပါတယ် ။ Virginia Department of Agriculture က C-12 Lab မှာ ဇီဝနည်းသုံးပြီး super grasshopper ကို မျိုးစပ်ပွားများ ခဲ့ကြတယ် ။

Australia locust နှင့် Desert locust ကို စပ်ထားတာ။ ပိုးသတ်ဆေးကို ခံနိုင်ရည် ရှိတယ်၊ အခြားမျိုးစိတ်တွေထက် မျိုးပွားနှုန်းမြန် တယ် ၊ အစာအများကြီးစား တယ် ။ အန္တရာယ် ရှိမှန်း သိလို့ ဓါတ်ခွဲခန်း အကြီးအကဲက အကောင်တွေအားလုံးကို ဖျက်ဆီးခိုင်းတယ်။ ဝန် ထမ်းတစ်ဉီးက အကောင်အချို့ ကို ခိုးယူတယ် ၊ ပေါ့ဆတော့ အချို့က လွတ်ထွက်သွားကြပြီး ရေဆိုးထုတ် တဲ့ မြောင်းတွေ ထဲ ရောက်သွား ကြ တယ် ။ အဲဒီကနေ သီးနှံတွေကို စတင်ဖျက်ဆီးကြတယ်၊ လူတွေကို တိုက်ခိုက်လာကြ တယ် ၊ အမေရိကား ရဲ့ နေရာအနှံ့ ကို ပျံ့နှံ့လာ ကြ တယ် ။ကျနော် 2015 စက်တင်ဘာလမှာ 29th session of Asian Pacific Plant Protection Commission ကို ဘာလီကျွန်းမှာ သွားတက်ခဲ့ရပါတယ်။

နိုင်ငံအလိုက် အစီရင်ခံစာတွေ တင်သွင်းရပါတယ်၊ ရှေ့လုပ်ငန်းစဉ်တွေကို တင်ပြရ ပါတယ် ။ အဲဒီ မှာ လာအိုနိုင်ငံက ကျိုင်းကောင် တွေ ကျရောက်မှု ပြသနာကို ကူညီဖြေရှင်း ပေးစေလိုကြောင်း တင်ပြပါတယ်။ အဲဒီနှစ်က လာအိုကိုယ်စားလှယ်တင်ပြတာကတော့ သစ်တော တွေ ၊ ဝါးတော တွေ ကို စားသောက်ဖျက်ဆီး တဲ့အကြောင်း၊ စိုက်ပျိုး သီးနှံတွေကို မဖျက်ဆီးသေးကြောင်း၊ ဒါပေမယ့် နောက်များမှာ စိုက် ပျိုးသီးနှံတွေအပေါ် သက်ရောက် လာနိုင်လို့ နည်းပညာ အရ အကူအ ညီတောင်း တာပါ ။ကျနော် အမှတ်မမှားဘူးဆိုရင် ၂၀၀၇ ဝန်းကျင် မှာ တောင်တွင်းကြီးဘက်က ကြံစိုက်ခင်းတွေ မှာလည်း ကျဖူးတယ် ထင်ပါတယ်။

လတ်တလော ပါကစ္စတန်၊ အိန္ဒိယမှာ ဆိုးရွားနေပြီ မြန်မာနိုင်ငံကို စဝင်လာဟန်ရှိတဲ့ နှံကောင်ဟာ Desert locust ပါ။ locust မျိုးစိတ် တွေထဲမှာတော့ ဖျက်အားအပြင်းဆုံး မျိုးစိတ်ပါ။အုပ်လိုက်တွေ ကျရောက်ခဲ့မည် ဆိုရင် တစ်ကီလိုမီတာပတ်လည်ဧရိယာမှာ အကောင်ရေ သန်း 150 ထိ ရှိနေနိုင်တယ်၊ လေရဲ့အကူအညီနဲ့ဆိုရင် တစ်နေ့ကို 150 ကီလိုမီတာအထိ ပျံသန်းနိုင်တယ် ဆိုပါယ်။ အဲဒီအကောင်ရေ သန်း 150 ခန့်ဟာ လူ 35000 ဦးရေခန့် တစ်နေ့တာ စားသောက်နိုင်တဲ့ သီးနှံတွေကို ဖျက်ဆီး ပါတယ်တဲ့။ တစ်ကောင်ချင်းလည်း နေနိုင်တယ်၊ အုပ်စုလည်း ဖွဲ့နိုင်ကြတယ်။ တစ်နှစ် အတွင်း မျိုးဆက် နှစ်ခုမှ ငါးခုအထိ မျိုးပွားနိုင်တယ်။

ခတ်စိပ်စိပ် မိုးရွာလေ့ရှိတဲ့ ရာသီဉတုနှင့် သူတို့စားသောက်နေထိုင်စရာ စားကျက်တွေကို ဉီးရေပွားများဖို့ အခြေအနေပေးတယ်။ အဆိုပါ ကျိုင်းကောင်များ အတွက် မျိုးပွားရာသီ (၃)ခု ရှိပါတယ်၊ ဆောင်းရာသီ၊ နွေဦးရာသီနှင့် နွေရာသီများ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မျိုးပွားရာသီဖြစ်နိုင်ချေက နွေရာသီပါ၊ လတ်တလောမှာ နွေရာသီကလည်း ကျော်လွန်ခဲ့ပြီမို့ အိန္ဒိယက ကူးစက် လာ မည့် ဦးရေမျှကိုပဲ အာရုံစိုက် ရမယ် ထင်ပါတယ်။ခပ်နွေးနွေးအပူချိန်ရှိတဲ့ ညနေစောစောပိုင်းတွေမှာ အုပ်စုလိုက် ရွေ့လျား ပျံသန်းလေ့ရှိ ကြပါတယ်။ ပင် လယ် သမုဒ္ဒရာများကို ဖြတ်သန်းဖို့မဟုတ်ဘူးဆိုရင်တော့ ညပိုင်းမှာ ပျံသန်းလေ့ မရှိကြပါဘူး။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *