




REF: SHWE WIKI

UNICODE

မြိတ် တွင် (၁၆) နှစ်အရွယ် အ မျိုးသမီး(၁)ဦး ထပ်မံပျောက်ဆုံး တစ် လအတွင်း လူ(၄) ဦးပျောက်နေဟု ဆို

မဇူးနိုင်နိုင်ဇင် ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှာ လူပျောက်တိုင်ကြားထားကြောင်းသိရပါတယ်။မိတ်ဆွေတို့အနေဖြင့် မဇူး နိုင်နိုင်ဇင်အားတွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် အကူအညီ တောင်းခံအပ်ပါတယ်။

ဆက်သွယ်ရန် ~ Ph- 09 780 075 143

မြိတ်မြို့၊မြစ်ငယ်အ.မ.က ကျောင်းလမ်းမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မဇူးနိုင်နိုင်ဇင်သည် မိသားစုနဲ့အဆက်အသွယ်မရပဲ ပျောက် ဆုံးနေကြောင်းသိရပါတယ်။ဦးခင်နိုင်-ဒေါ်သင်းသင်းအောင်၏ သမီးဖြစ်သူ မဇူးနိုင်နိုင်ဇင် သည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက အလုပ်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိတာကြောင့်။

အုပ်ထိန်းသူများက ၎င်းသွားလာတတ်တဲ့ သူငယ်ချင်းမိတ်ဆွေများထံ ရှာဖွေစုံစမ်းပေမယ့် အဆက်အသွယ်မရပဲ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *