ကိုဗစ္ဒဏ္ ရင္ဆိုင္ ေနရတဲ့ အိႏၵိယ မုတ္သုံမိုး အႀကီး အက်ယ္ ႐ြာသြန္းမႈေၾကာင့္ ေန႔စဥ္ ကူးစက္သူဦးေရ စံခ်ိန္တင္

အိႏၵိယ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးအတြက္ မတ္လကတည္းက ကမာၻမွာ အတင္း က်ပ္ဆုံး ပိတ္ဆို႔ကန႔္သတ္မႈ အစီအမံေတြ ခ်မွတ္ခဲ့တာ ျဖစ္ ေပမယ့္ စီပြားေရး လုပ္ငန္းေတြ ျပန္လည္ လည္ပတ္ႏိုင္ေစဖို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြမွစကာ ေျဖေလွ်ာ့မႈေတြ လုပ္ေပးခဲ့ ပါတယ္။ အိႏၵိယ ဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ အထြတ္ အထိပ္အေနအထား ဟာ သီတင္းပတ္မ်ားစြာ သို႔မဟုတ္ လမ်ားစြာ ဆက္ရွိေနႏိုင္ ေသးၿပီး တိုင္းျပည္ ရဲ႕ အလြန္အမင္း ဝန္ပိေနၿပီးျဖစ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္အေပၚ ထပ္မံ ဖိစီးမႈေတြ ျဖစ္လာလိမ့္မယ္ လို႔ ကူးစက္ ေရာဂါေဗဒ ပညာရွင္ေတြက သတိေပးခဲ့ ပါတယ္။

မုတ္သုံမိုး အႀကီးအက်ယ္ ႐ြာသြန္းေန တဲ့ အိႏၵိယႏိုင္ငံ အေနာက္ပိုင္း နဲ႔ ေတာင္ပိုင္း ေဒသေတြ မွာ ဗိုင္းရပ္စ္ ကူးစက္မႈေတြ ျမင့္တက္ေန ကာ စေနေန႔က ႏိုင္ငံ ရဲ႕ ေန႔စဥ္ ပိုးကူးစက္ ဦးေရ အျမင့္ဆုံး စံခ်ိန္တင္သြားခဲ့ၿပီး ပိုးေတြ႕လူနာ သစ္ ၂၂၀၀၀ ဦး နဲ႔ ေသဆုံးသူ ၄၄၂ ဦး ရွိခဲ့ ေၾကာင္း သိရ ပါ တ ယ္။လူဦးေရ ထူထပ္ တဲ့ ဘ႑ာေရးၿမိဳ႕ေတာ္ မြမ္ဘိုင္း တည္ ရွိရာ အေနာက္ပိုင္း ျပည္နယ္ မဟာရက္ရွ္ထရာဟာ ႏိုင္ ငံမွာ ဗိုင္းရပ္စ္ကူးစက္သူ အေရအတြက္အျမင့္ဆုံးေဒသျဖစ္ေနကာ စေနေန႔က ယင္းျပည္နယ္မွာ ပိုးကူးစက္သူသစ္ ၆၃၆၄ ဦးနဲ႔ ေသဆုံးသူ ၁၉၈ ဦးရွိခဲ့ ပါတယ္ ။

ေနာက္ ၂၄ နာရီ အတြင္း မိုးသည္းထန္မႈေတြ ဆက္ရွိေနမယ္ လို႔ခန႔္မွန္းထားကာ ေဒသခံေတြအေန နဲ႔ ကမ္း႐ိုးတန္းေနရာေတြ ကို မသြား ၾက ဖို႔ မြမ္ဘိုင္းၿမိဳ႕ အာဏာပိုင္ေတြက သတိေပးထား ပါတယ္။ မုတ္သုံမိုးႀကီးမႈေတြေၾကာင့္ ၿမိဳ႕ရဲ႕ အစိတ္အပိုင္းမ်ားစြာမွာ ေရႀကီးေရလွ်ံ မႈေတြ ပုံမွန္လိုျဖစ္ေလ့ရွိၿပီး ဗိုင္းရပ္စ္ ကူးစက္မႈေတြ ပိုမိုျမင့္ တက္လာတာေၾကာင့္ ေရာဂါထိန္းခ်ဳပ္ေရး လုပ္ေဆာင္ခ်က္ေတြအေပၚ ထိခိုက္ပ်က္စီေစႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက သတိေပးခဲ့ ပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ စေနေန႔ အေရာက္မွာ ႏိုင္ငံရဲ႕ စုစုေပါင္း ပိုးကူးစက္ဦးေရဟာ ၆၄၀၀၀၀ ေက်ာ္သြားခဲ့ၿပီး ကမာၻမွာ တတိယေျမာက္ ဗိုင္းရပ္စ္ ကူးစက္မႈအျမင့္ဆုံးႏိုင္ငံ ျဖစ္ေန ပါတယ္ ။ႏိုင္ငံရဲ႕ ဒုတိယေျမာက္ ကူးစက္မႈအဆိုးဆုံး ေနရာျဖစ္တဲ့ တမီနာဒူးလ္ ျပည္နယ္ မွာလည္း အတည္ျပဳ ပိုးေတြ႕လူနာဦးေရ ၁၀၀၀၀၀ ေက်ာ္သြားခဲ့ၿပီလို႔ဆိုပါတယ္။

REF: LET PAN

UNICODE

ကိုဗစ်ဒဏ် ရင်ဆိုင် နေရတဲ့ အိန္ဒိယ မုတ်သုံမိုး အကြီး အကျယ် ရွာသွန်းမှုကြောင့် နေ့စဉ် ကူးစက်သူဦးရေ စံချိန်တင်

အိန္ဒိယ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် မတ်လကတည်းက ကမ္ဘာမှာ အတင်း ကျပ်ဆုံး ပိတ်ဆို့ကန့်သတ်မှု အစီအမံတွေ ချမှတ်ခဲ့တာ ဖြစ် ပေမယ့် စီပွားရေး လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်စေဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှစကာ ဖြေလျှော့မှုတွေ လုပ်ပေးခဲ့ ပါတယ်။ အိန္ဒိယ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အထွတ် အထိပ်အနေအထား ဟာ သီတင်းပတ်များစွာ သို့မဟုတ် လများစွာ ဆက်ရှိနေနိုင် သေးပြီး တိုင်းပြည် ရဲ့ အလွန်အမင်း ဝန်ပိနေပြီးဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် ထပ်မံ ဖိစီးမှုတွေ ဖြစ်လာလိမ့်မယ် လို့ ကူးစက် ရောဂါဗေဒ ပညာရှင်တွေက သတိပေးခဲ့ ပါတယ်။

မုတ်သုံမိုး အကြီးအကျယ် ရွာသွန်းနေ တဲ့ အိန္ဒိယနိုင်ငံ အနောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသတွေ မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေ ကာ စနေနေ့က နိုင်ငံ ရဲ့ နေ့စဉ် ပိုးကူးစက် ဦးရေ အမြင့်ဆုံး စံချိန်တင်သွားခဲ့ပြီး ပိုးတွေ့လူနာ သစ် ၂၂၀၀၀ ဦး နဲ့ သေဆုံးသူ ၄၄၂ ဦး ရှိခဲ့ ကြောင်း သိရ ပါ တ ယ်။လူဦးရေ ထူထပ် တဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်း တည် ရှိရာ အနောက်ပိုင်း ပြည်နယ် မဟာရက်ရှ်ထရာဟာ နိုင် ငံမှာ ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်အမြင့်ဆုံးဒေသဖြစ်နေကာ စနေနေ့က ယင်းပြည်နယ်မှာ ပိုးကူးစက်သူသစ် ၆၃၆၄ ဦးနဲ့ သေဆုံးသူ ၁၉၈ ဦးရှိခဲ့ ပါတယ် ။

နောက် ၂၄ နာရီ အတွင်း မိုးသည်းထန်မှုတွေ ဆက်ရှိနေမယ် လို့ခန့်မှန်းထားကာ ဒေသခံတွေအနေ နဲ့ ကမ်းရိုးတန်းနေရာတွေ ကို မသွား ကြ ဖို့ မွမ်ဘိုင်းမြို့ အာဏာပိုင်တွေက သတိပေးထား ပါတယ်။ မုတ်သုံမိုးကြီးမှုတွေကြောင့် မြို့ရဲ့ အစိတ်အပိုင်းများစွာမှာ ရေကြီးရေလျှံ မှုတွေ ပုံမှန်လိုဖြစ်လေ့ရှိပြီး ဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုမိုမြင့် တက်လာတာကြောင့် ရောဂါထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေအပေါ် ထိခိုက်ပျက်စီစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ စနေနေ့ အရောက်မှာ နိုင်ငံရဲ့ စုစုပေါင်း ပိုးကူးစက်ဦးရေဟာ ၆၄၀၀၀၀ ကျော်သွားခဲ့ပြီး ကမ္ဘာမှာ တတိယမြောက် ဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံးနိုင်ငံ ဖြစ်နေ ပါတယ် ။နိုင်ငံရဲ့ ဒုတိယမြောက် ကူးစက်မှုအဆိုးဆုံး နေရာဖြစ်တဲ့ တမီနာဒူးလ် ပြည်နယ် မှာလည်း အတည်ပြု ပိုးတွေ့လူနာဦးရေ ၁၀၀၀၀၀ ကျော်သွားခဲ့ပြီလို့ဆိုပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *