ကိုဗစ္-၁၉ရဲ႕ ဗီဇ ကို (၂၀၁၃)ခုႏွစ္ကတည္း က တ႐ုတ္ တို႔ သိရွိခဲ့ေ ပမယ့္၊ ကမာၻ ကို အသိေပးျခင္းမရွိခဲ့ဟု ဆို

သတင္းတစ္ရပ္မွာေတာ့ တ႐ုတ္ႏိုင္ငံက လူ(၆)ဦးဟာ (၂၀၁၂)ခုႏွစ္က သုေတသနခရီးစဥ္အတြင္း ဂူအတြင္းပိတ္မိခဲ့ရာကေန ဗိုင္းရပ္စ္ ဗီဇကို သဲလြန္စရခဲ့တာပါ။ထိုစဥ္ကတည္းက ကိုဗစ္-၁၉က ရွိေနခဲ့ၿပီျဖစ္ၿပီး၊ ဂူထဲမွာ ပိတ္မိခဲ့တဲ့သိပၸံပညာရွင္ေတြအားလုံးဟာ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အဆုပ္ေရာင္ျခင္းေတြျဖစ္ခဲ့ၿပီး၊ ဒီအထဲမွာ တစ္ဝက္ေတာ့ ေသဆုံးဖို႔ လက္တစ္ကမ္းအလိုထိ ေရာက္ခဲ့ပါတယ္။ ပိတ္မိခဲ့သူ (၆)ဦးဟာ သိပၸံပညာရွင္ေတြကိုယ္တိုင္လား၊ ဒါမွမဟုတ္ သာမန္အရပ္သားေတြလားဆိုတာေတာ့ တိတိက်က် မသိရပါဘူး။

(၄)ဦးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး၊ ႏွစ္ဦးကေတာ့ ေကာက္ကာငင္ကာ ေသဆုံးသြားပါတယ္။ေသခ်ာတာကေတာ့ ဒီအျဖစ္အပ်က္ကေန တ႐ုတ္ အတြက္ ဗိုင္းရပ္စ္ကို ေလ့လာဖို႔ အခ်ိန္ေတြ (၈)ႏွစ္နီးပါးအထိ ရရွိခဲ့ပါတယ္။ ကိုဗစ္ကပ္ဆိုးႀကီး စျဖစ္ေတာ့ တ႐ုတ္အာဏာပိုင္ေတြက မိမိတို႔အေနနဲ႔လည္း ကိုဗစ္-၁၉ရဲ႕ မ်ိဳးဗီဇကိုသိဖို႔ ႀကိဳးစားေနပါတယ္လို႔ ဆိုခဲ့တာဟာ လွိမ့္လုံးညာလုံး သက္သက္သာျဖစ္ၿပီး၊ ဒီမတိုင္ခင္ (၇)ႏွစ္ေလာက္ကတည္းက တ႐ုတ္တို႔က သိၿပီးသားလို႔ Sunday Times သတင္းစာက ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံက သိပၸံပညာရွင္ေတြဟာ ကို႐ိုနာဗိုင္းရပ္ဗီဇကို (၂၀၁၃)ခုႏွစ္ကတည္းက လွ်ိဳ႕ဝွက္ ေတြ႕ရွိခဲ့ေပမယ့္ ကမာၻကိုေတာ့ အသိေပး ခဲ့ျခင္း မရွိပါဘူး။ တ႐ုတ္သိပၸံပညာရွင္ေတြဟာ ကိုဗစ္-၁၉နဲ႔ဆင္တူတဲ့ ဗိုင္းရပ္စ္ဗီဇတစ္ခုကို စြန႔္ပစ္မိုင္းတြင္းတစ္ခုကေန လွ်ိ႕ဝွက္ေတြ႕ ရွိခဲ့တာပါ။ ဒီေဖာ္ထုတ္ေရးသားမႈကို The Sunday Times သတင္းစာက ျပဳလုပ္ခဲ့တာပါ။တ႐ုတ္သိပၸံပညာရွင္ေတြဟာ အဲဒီဗိုင္းရပ္စ္ဗီ ဇကို ဝူဟန္ဓာတ္ခြဲခန္းဆီ ယူေဆာင္ၿပီး၊ မ်ိဳးကြဲေတြ ေျမာက္မ်ားစြာပြားကာ လွ်ိဳ႕ဝွက္စမ္းသပ္မႈေတြ အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ခဲ့ပါတယ္။

အဆိုပါဗိုင္းရပ္စ္ဗီဇေတြကို ျမင္းခြာပုံလင္းႏို႔ေတြရဲ႕ မစင္၊ သလိပ္နဲ႔ တံေတြးစသည္တို႔ကေန ေတြ႕ရွိခဲ့တာလို႔ ကနဦးသတင္းေတြက ဆိုပါ တယ္။ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းက သတၳဳမိုင္းတြင္းေဟာင္းေတြမွာ ကို႐ိုနာသယ္ေဆာင္တဲ့ လင္းႏို႔ေတြ ေျမာက္မ်ားစြာ ရွိေန တယ္လို႔ ယူဆရပါတယ္။ တ႐ုတ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ (၇)ႏွစ္ေလာက္ကတည္းက ဒီဗိုင္းရပ္စ္ရဲ႕ ဗီဇကို သိရွိေနခဲ့တာပါ။ ဒါေပမယ့္ ကမာၻကို ခ်ျပဖို႔ ပ်က္ကြက္ခဲ့ၿပီး၊ WHO ဆီကို ပို႔ေပးတဲ့ အခ်က္အလက္ေတြသည္ပင္ အမွန္ေတြလို႔ယူဆလို႔မရဘူးလို႔ သတင္းေတြက ဆိုေနပါတယ္။

WHO ရဲ႕အဆိုအရ ဗိုင္းရပ္စ္ဗီဇကို သိတာနဲ႔ ေဆးေဖာ္ဖို႔အတြက္ မခက္ခဲဘူးဆိုေသာ္လည္း ယေန႔အခ်ိန္ထိ ဗိုင္းရပ္စ္အတြက္ ေဖာ္ထုတ္ ေနတဲ့ ေဆးေတြဟာ စမ္းတဝါးဝါးထက္ မပိုေသးပါဘူး။

REF: SHWE WIKI

UNICODE

ကိုဗစ်-၁၉ရဲ့ ဗီဇ ကို (၂၀၁၃)ခုနှစ်ကတည်း က တရုတ် တို့ သိရှိခဲ့ေ ပမယ့်၊ ကမ္ဘာ ကို အသိပေးခြင်းမရှိခဲ့ဟု ဆို

သတင်းတစ်ရပ်မှာတော့ တရုတ်နိုင်ငံက လူ(၆)ဦးဟာ (၂၀၁၂)ခုနှစ်က သုတေသနခရီးစဉ်အတွင်း ဂူအတွင်းပိတ်မိခဲ့ရာကနေ ဗိုင်းရပ်စ် ဗီဇကို သဲလွန်စရခဲ့တာပါ။ထိုစဉ်ကတည်းက ကိုဗစ်-၁၉က ရှိနေခဲ့ပြီဖြစ်ပြီး၊ ဂူထဲမှာ ပိတ်မိခဲ့တဲ့သိပ္ပံပညာရှင်တွေအားလုံးဟာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အဆုပ်ရောင်ခြင်းတွေဖြစ်ခဲ့ပြီး၊ ဒီအထဲမှာ တစ်ဝက်တော့ သေဆုံးဖို့ လက်တစ်ကမ်းအလိုထိ ရောက်ခဲ့ပါတယ်။ ပိတ်မိခဲ့သူ (၆)ဦးဟာ သိပ္ပံပညာရှင်တွေကိုယ်တိုင်လား၊ ဒါမှမဟုတ် သာမန်အရပ်သားတွေလားဆိုတာတော့ တိတိကျကျ မသိရပါဘူး။

(၄)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ နှစ်ဦးကတော့ ကောက်ကာငင်ကာ သေဆုံးသွားပါတယ်။သေချာတာကတော့ ဒီအဖြစ်အပျက်ကနေ တရုတ် အတွက် ဗိုင်းရပ်စ်ကို လေ့လာဖို့ အချိန်တွေ (၈)နှစ်နီးပါးအထိ ရရှိခဲ့ပါတယ်။ ကိုဗစ်ကပ်ဆိုးကြီး စဖြစ်တော့ တရုတ်အာဏာပိုင်တွေက မိမိတို့အနေနဲ့လည်း ကိုဗစ်-၁၉ရဲ့ မျိုးဗီဇကိုသိဖို့ ကြိုးစားနေပါတယ်လို့ ဆိုခဲ့တာဟာ လှိမ့်လုံးညာလုံး သက်သက်သာဖြစ်ပြီး၊ ဒီမတိုင်ခင် (၇)နှစ်လောက်ကတည်းက တရုတ်တို့က သိပြီးသားလို့ Sunday Times သတင်းစာက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်ဗီဇကို (၂၀၁၃)ခုနှစ်ကတည်းက လျှို့ဝှက် တွေ့ရှိခဲ့ပေမယ့် ကမ္ဘာကိုတော့ အသိပေး ခဲ့ခြင်း မရှိပါဘူး။ တရုတ်သိပ္ပံပညာရှင်တွေဟာ ကိုဗစ်-၁၉နဲ့ဆင်တူတဲ့ ဗိုင်းရပ်စ်ဗီဇတစ်ခုကို စွန့်ပစ်မိုင်းတွင်းတစ်ခုကနေ လျှိ့ဝှက်တွေ့ ရှိခဲ့တာပါ။ ဒီဖော်ထုတ်ရေးသားမှုကို The Sunday Times သတင်းစာက ပြုလုပ်ခဲ့တာပါ။တရုတ်သိပ္ပံပညာရှင်တွေဟာ အဲဒီဗိုင်းရပ်စ်ဗီ ဇကို ဝူဟန်ဓာတ်ခွဲခန်းဆီ ယူဆောင်ပြီး၊ မျိုးကွဲတွေ မြောက်များစွာပွားကာ လျှို့ဝှက်စမ်းသပ်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဗိုင်းရပ်စ်ဗီဇတွေကို မြင်းခွာပုံလင်းနို့တွေရဲ့ မစင်၊ သလိပ်နဲ့ တံတွေးစသည်တို့ကနေ တွေ့ရှိခဲ့တာလို့ ကနဦးသတင်းတွေက ဆိုပါ တယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက သတ္ထုမိုင်းတွင်းဟောင်းတွေမှာ ကိုရိုနာသယ်ဆောင်တဲ့ လင်းနို့တွေ မြောက်များစွာ ရှိနေ တယ်လို့ ယူဆရပါတယ်။ တရုတ်တို့အနေနဲ့ ပြီးခဲ့တဲ့ (၇)နှစ်လောက်ကတည်းက ဒီဗိုင်းရပ်စ်ရဲ့ ဗီဇကို သိရှိနေခဲ့တာပါ။ ဒါပေမယ့် ကမ္ဘာကို ချပြဖို့ ပျက်ကွက်ခဲ့ပြီး၊ WHO ဆီကို ပို့ပေးတဲ့ အချက်အလက်တွေသည်ပင် အမှန်တွေလို့ယူဆလို့မရဘူးလို့ သတင်းတွေက ဆိုနေပါတယ်။

WHO ရဲ့အဆိုအရ ဗိုင်းရပ်စ်ဗီဇကို သိတာနဲ့ ဆေးဖော်ဖို့အတွက် မခက်ခဲဘူးဆိုသော်လည်း ယနေ့အချိန်ထိ ဗိုင်းရပ်စ်အတွက် ဖော်ထုတ် နေတဲ့ ဆေးတွေဟာ စမ်းတဝါးဝါးထက် မပိုသေးပါဘူး။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *