





REF: LET PAN

UNICODE

ကုသိုလ်တွေ အများကြီးပြုခဲ့ရလို့ အခုနေသေမယ်ဆို သေပျော်ပါပြီ ဆိုတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး

ကျွန်မဘဝမှာကျွန်မရဲ့အသက်ချွေးနည်းစာနဲ့ ဘုရားတည်ကျောင်းဆောက်ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတွေ ရဟန်းတွေဘုရား အမ ကျောင်းအမအဖြစ်လှူဒါန်းခဲ့ရတယ်။ ဘယ်သူအပေါ်မဆိုလည်း တတ်နိုင်တဲ့ဘက်က လိုက်ရောကူညီပေးခဲ့တာတွေ များကြီးနဲ့ သေ မယ်ဆို ကျမခုသေပျော်နေပါပြီ…”ဆိုပြီး သူမရဲ့အပျော်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

ထက်ထက်မိုးဦးဟာဆိုရင် အနုပညာလောကမှာ တစ်ခေတ် ကတည်းကရပ်တည်ခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာ ဆိုရင်လည်း အနုပညာ အလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေဆဲဖြစ်တဲ့ ထက်ထက်က ပရိသတ်တွေရဲ့ အချစ်များစွာကိုလည်း ရရှိနေဆဲဖြစ် ပါတယ်နော်။အခုချိန်ထိလည်း အရွယ်တင် နုပျိုနေဆဲဖြစ်ပြီး။

ဟိုးအရင်တုန်းကလိုမျိုးအလှအပတွေနဲ့ ကျက်သရေရှိစွာလှပနေတာဖြစ်ပါတယ်။မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့သမီးလေးဖြစ်လို့ ဖခင်အပေါ်မှာလည်း လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတာပါနော်။ထက်ထက်ရဲ့ ဖခင်ကတော့ သွေးတိုးပြီး လေဖြတ်သွား တာကြောင့် ဆေးရုံတင်ထားရတာ တစ်လရှိပြီဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။

သူတို့ မောင်နှမတွေကလည်း ဖေဖေ့ရဲ့ဘေးမှာ အချိန်ပြည့်နေပြီး ဂရုတစိုက် နဲ့ပြုစုယုယပေးကြတာဖြစ်ပါတယ်နော်။ ဆေးရုံမှာတစ်လ ပြည့်လုနီးကြာပြီ အဖေလည်းသက်သာလာတာတွေ့ရတော့ သမီးပင်ပန်းရကျိုးနပ်ပါပြီ..လွန်ခဲ့တဲ့ရနှစ်ခန့်က ischaemic heart disease ဖြစ်တော့သွေးကြော၂ချောင်းချဲ့ရတယ်။

အချိန်မှီအသက်ကယ်လို့ရခဲ့တယ်,အခုလဲပြန်သက်သာလာအောင် သမီးကြိုးစားခွင့်ရခဲ့တယ် အဖေလည်း အဖေ့ရဲ့သီလနဲ့ ကျွန်မကိုချစ်တဲ့ သူတွေဝိုင်းပီးဆုတောင်းပေးကြတဲ့တွက်အဖေသက်သာလာတာ။ကျွန်မဘဝဘယ်လိုပဲဖြစ်ဖြစ်ဘာအခက်အခဲနဲ့ ရင်ဆိုင်ရရင်ဆိုင်ရ အား လုံးအဆင်ပြေပါတယ်လို့ ပြောကြားလာပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *