တ႐ုတ္စစ္ေရးေလ့က်င့္ေနေသာ ေတာင္တ႐ုတ္ပင္လယ္သို႔ အေမရိကန္ေလယာဥ္တင္သေဘၤာမ်ား ႐ုတ္တရက္ေရာက္ရွိလာ

စစ္ေရးေလ့က်င့္မႈမ်ားအေပၚ အေမရိကန္ေဝဖန္မႈကို တ႐ုတ္က ေသာၾကာေန႔တြင္ပယ္ခ်ခဲ့ၿပီး တင္းမာမႈျမင့္တက္ျခင္းမွာ အေမရိကန္ ေၾကာင့္ဟု အႀကံျပဳသည္။ေတာင္တ႐ုတ္ပင္လယ္အပါအဝင္ အေနာက္ပစိဖိတ္ေဒသတြင္ အေမရိကမ္ေလယာဥ္တင္သေဘၤာမ်ား ယခင္ ကတည္းက ေလ့က်င့္မႈလုပ္ခဲ့ေၾကာင္း အေမရိကန္ေရတပ္ကေျပာထားသည္။

မၾကာေသးခင္ကအခ်က္အလက္မ်ားအရ ေဒသတြင္း အေမရိကန္ေလယာဥ္တင္သေဘၤာ ၃ စင္းရွိသည္။ ဗီယက္နမ္သာမက တ႐ုတ္က လည္းပိုင္ဆိုင္သည္ဟုေျပာထားေသာ ပါရာဆယ္ကြၽန္းအနီးတြင္ တ႐ုတ္စစ္ေရးေလ့က်င့္မႈမ်ားလုပ္ေနျခင္းျဖစ္သည္။စေနေန႔တြင္ ပိုင္နက္ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္၌ အေမရိကန္ေလယာဥ္တင္သေဘၤာ ၂ စင္း ေလ့က်င့္မႈလုပ္ေနေၾကာင္း အေမရိကန္ကေျပာသည္။

ယခုလ ၁ ရက္မွ ၅ ရက္အထိ တ႐ုတ္က အျငင္းပြားေရပိုင္နက္တြင္ စစ္ေရးေလ့က်င့္မႈမ်ားလုပ္ေနၿပီး ပင္တဂြန္စစ္ဌာနခ်ဳပ္ႏွင့္ ထိုေဒသမွ အိမ္နီးခ်င္းႏိုင္ငံမ်ားကေဝဖန္မႈမ်ားရွိေနခ်ိန္တြင္ အေမရိကန္ေလယာဥ္တင္သေဘၤာမ်ားေရာက္လာျခင္းျဖစ္သည္။ ကို႐ိုနာဗိုင္းရပ္စ္မွ အစ ျပဳၿပီး ေဟာင္ေကာင္ႏွင့္ကုန္သြယ္ေရးအထိ ဆက္ဆံေရးပ်က္ယြင္းေနသည့္အေမရိကန္ႏွင့္တ႐ုတ္။

ႏွစ္ႏိုင္ငံစလုံးက မဟာဗ်ဴဟာေျမာက္ေရလမ္းေၾကာင္းတြင္ တင္းမာမႈမ်ားျဖစ္ေစရန္ဖန္တီးေနေၾကာင္း အျပန္အလွန္စြပ္စြဲထားသည္။USS Nimitz ႏွင့္ USS Ronald Reagan သေဘၤာ ၂ စင္း ေတာင္တ႐ုတ္ပင္လယ္သို႔ေရာက္ေနျခင္းမွာ လြတ္လပ္ပြင့္လင္းေသာ အင္ဒိုပစိဖိတ္ ေဒသကို ေထာက္ခံရမ္ျဖစ္သည္ဟု အေမရိကန္ေရတပ္ထုတ္ျပန္ခ်က္တြင္ပါဝင္သည္။

ကီလိုမီတာ ၉၀၀ ခန႔္က်ယ္ဝန္းၿပီး တ႐ုတ္ႏိုင္ငံက ၉၀ ရာခိုင္ႏႈန္းပိုင္ဆိုင္ေၾကာင္းေျပာေသာ္လည္း အိမ္နီးခ်င္းအာဆီယံႏိုင္ငံမ်ားကကန႔္ ကြက္ေနသည့္ပင္လယ္၏ မည္သည့္ေနရာတြင္ သေဘၤာမ်ားရွိေနေၾကာင္း အေမရိကန္ေရတပ္က ထုတ္မေျပာေခ်။ ေဒသတြင္းလုံၿခဳံေရး နဲ႔တည္ၿငိမ္ေရးကို ကြၽန္ေတာ္တို႔အေလးထားတယ္ဆိုတာ ကြၽန္ေတာ္တို႔ရဲ႕တြဲဖက္ေတြနဲ႔မိတ္ဖက္ေတြကိုျပခ်င္တာ ရည္႐ြယ္ခ်က္ပါ။”

ေရတပ္ဗိုလ္ခ်ဳပ္ေဂ်ာ့ဂ်္ ဝစ္ေကာ့ဖ္က အထက္ပါအတိုင္း ေျပာေၾကာင္း The Wall Street ဂ်ာနယ္ကေဖာ္ျပသည္။ တင္းမာမႈေတြေလွ်ာ့ ခ်ဖို႔နဲ႔ ဆက္တည္ၿငိမ္ေနဖို႔ အားထုတ္မႈေတြကိုေျပာင္းျပန္သက္ေရာက္ေစတယ္။” ဟု ယခုတစ္ပတ္အတြင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က တ ႐ုတ္စစ္ေရးေလ့က်င့္မႈကိုေဝဖန္ထားသျဖင့္ ယခုသေဘၤာ ၂ စင္း ေလ့က်င့္ေနသည္မွာ ပင္တဂြန္၏တုံ႔ျပန္မႈမဟုတ္ေၾကာင္းလည္း USS Ronald Reagan ဦးေဆာင္သည့္တိုက္ခိုက္ေရးအုပ္စု၏တပ္မႉးျဖစ္သည့္ဝစ္ေကာ့ဖ္ကေျပာသည္။

Source – Reuters

UNICODE

တရုတ်စစ်ရေးလေ့ကျင့်နေသော တောင်တရုတ်ပင်လယ်သို့ အမေရိကန်လေယာဉ်တင်သင်္ဘောများ ရုတ်တရက်ရောက်ရှိလာ

စစ်ရေးလေ့ကျင့်မှုများအပေါ် အမေရိကန်ဝေဖန်မှုကို တရုတ်က သောကြာနေ့တွင်ပယ်ချခဲ့ပြီး တင်းမာမှုမြင့်တက်ခြင်းမှာ အမေရိကန် ကြောင့်ဟု အကြံပြုသည်။တောင်တရုတ်ပင်လယ်အပါအဝင် အနောက်ပစိဖိတ်ဒေသတွင် အမေရိကမ်လေယာဉ်တင်သင်္ဘောများ ယခင် ကတည်းက လေ့ကျင့်မှုလုပ်ခဲ့ကြောင်း အမေရိကန်ရေတပ်ကပြောထားသည်။

မကြာသေးခင်ကအချက်အလက်များအရ ဒေသတွင်း အမေရိကန်လေယာဉ်တင်သင်္ဘော ၃ စင်းရှိသည်။ ဗီယက်နမ်သာမက တရုတ်က လည်းပိုင်ဆိုင်သည်ဟုပြောထားသော ပါရာဆယ်ကျွန်းအနီးတွင် တရုတ်စစ်ရေးလေ့ကျင့်မှုများလုပ်နေခြင်းဖြစ်သည်။စနေနေ့တွင် ပိုင်နက် အငြင်းပွားတောင်တရုတ်ပင်လယ်၌ အမေရိကန်လေယာဉ်တင်သင်္ဘော ၂ စင်း လေ့ကျင့်မှုလုပ်နေကြောင်း အမေရိကန်ကပြောသည်။

ယခုလ ၁ ရက်မှ ၅ ရက်အထိ တရုတ်က အငြင်းပွားရေပိုင်နက်တွင် စစ်ရေးလေ့ကျင့်မှုများလုပ်နေပြီး ပင်တဂွန်စစ်ဌာနချုပ်နှင့် ထိုဒေသမှ အိမ်နီးချင်းနိုင်ငံများကဝေဖန်မှုများရှိနေချိန်တွင် အမေရိကန်လေယာဉ်တင်သင်္ဘောများရောက်လာခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်မှ အစ ပြုပြီး ဟောင်ကောင်နှင့်ကုန်သွယ်ရေးအထိ ဆက်ဆံရေးပျက်ယွင်းနေသည့်အမေရိကန်နှင့်တရုတ်။

နှစ်နိုင်ငံစလုံးက မဟာဗျူဟာမြောက်ရေလမ်းကြောင်းတွင် တင်းမာမှုများဖြစ်စေရန်ဖန်တီးနေကြောင်း အပြန်အလှန်စွပ်စွဲထားသည်။USS Nimitz နှင့် USS Ronald Reagan သင်္ဘော ၂ စင်း တောင်တရုတ်ပင်လယ်သို့ရောက်နေခြင်းမှာ လွတ်လပ်ပွင့်လင်းသော အင်ဒိုပစိဖိတ် ဒေသကို ထောက်ခံရမ်ဖြစ်သည်ဟု အမေရိကန်ရေတပ်ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ကီလိုမီတာ ၉၀၀ ခန့်ကျယ်ဝန်းပြီး တရုတ်နိုင်ငံက ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်းပြောသော်လည်း အိမ်နီးချင်းအာဆီယံနိုင်ငံများကကန့် ကွက်နေသည့်ပင်လယ်၏ မည်သည့်နေရာတွင် သင်္ဘောများရှိနေကြောင်း အမေရိကန်ရေတပ်က ထုတ်မပြောချေ။ ဒေသတွင်းလုံခြုံရေး နဲ့တည်ငြိမ်ရေးကို ကျွန်တော်တို့အလေးထားတယ်ဆိုတာ ကျွန်တော်တို့ရဲ့တွဲဖက်တွေနဲ့မိတ်ဖက်တွေကိုပြချင်တာ ရည်ရွယ်ချက်ပါ။”

ရေတပ်ဗိုလ်ချုပ်ဂျော့ဂျ် ဝစ်ကော့ဖ်က အထက်ပါအတိုင်း ပြောကြောင်း The Wall Street ဂျာနယ်ကဖော်ပြသည်။ တင်းမာမှုတွေလျှော့ ချဖို့နဲ့ ဆက်တည်ငြိမ်နေဖို့ အားထုတ်မှုတွေကိုပြောင်းပြန်သက်ရောက်စေတယ်။” ဟု ယခုတစ်ပတ်အတွင်း ပင်တဂွန်စစ်ဌာနချုပ်က တ ရုတ်စစ်ရေးလေ့ကျင့်မှုကိုဝေဖန်ထားသဖြင့် ယခုသင်္ဘော ၂ စင်း လေ့ကျင့်နေသည်မှာ ပင်တဂွန်၏တုံ့ပြန်မှုမဟုတ်ကြောင်းလည်း USS Ronald Reagan ဦးဆောင်သည့်တိုက်ခိုက်ရေးအုပ်စု၏တပ်မှူးဖြစ်သည့်ဝစ်ကော့ဖ်ကပြောသည်။

Source – Reuters

Add a Comment

Your email address will not be published. Required fields are marked *