ဒုတပ္ရင္းမႉး(၁)ဦးနဲ႔ တပ္ၾကပ္(၁)ဦးဆီမွ စိတ္ႂကြေဆးအမ်ားအျပားဖမ္းဆီးရမိမႈ အမႈဖြင့္ထားေသာ္လည္း တပ္မေတာ္မွေခၚယူသြား

သတင္းအရ မူးယစ္တပ္ဖြဲ႕နဲ႔ ေစာင့္ေနတဲ့အခ်ိန္ ကားဝင္လာလို႔ စစ္လိုက္ေတာ့ ေနာက္ခန္း ထဲမွာ စိတ္ႂကြေဆးျပားေတြေတြ႕ရွိခဲ့တာပါ။ အဲ့ ဒီဗိုလ္မႉးကိုေတာ့ ဗ်ဴဟာက တန္းေခၚသြားတယ္၊ သူတို႔ဆီမွာ စစ္မယ္နဲ႔တယ္” လို႔ ေျပာပါတယ္။မူးယစ္ေဆးဝါးေတြနဲ႔ ဖမ္းဆီးရမိတဲ့သူ ၂ ဦးကို တာခ်ီလိတ္ၿမိဳ႕ ရဲစခန္းမွာ အမႈဖြင့္ထားၿပီး တပ္မေတာ္စစ္စည္းကမ္းထိန္းသိမ္းေရး ဥပေဒနဲ႔ အေရးယူဖို႔မ်ားတယ္လို႔ ဆိုပါတယ္။

တာခ်ီလိတ္ၿမိဳ႕မွာ ဇူလိုင္ ၅ ရက္ေန႔ ေန႔လယ္ပိုင္းက ဗိုလ္မႉးအဆင့္ရွိ ဒုတပ္ရင္းမႉးတစ္ဦးနဲ႔ တပ္ၾကပ္တစ္ဦးဆီကေန စိတ္ႂကြေဆးျပား ၂ သိန္းေက်ာ္ ဖမ္းဆီးရမိတယ္လို႔ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက သိရပါတယ္။ မိုင္းေယာင္းၿမိဳ႕ ခမရ(၃၃၄) စစ္ေၾကာင္း (၂) ဒုတပ္ရင္းမႉးတစ္ဦး နဲ႔ တပ္ၾကပ္တစ္ဦးဆီက ဖမ္းဆီးရမိခဲ့တာျဖစ္ၿပီး တပ္သားတစ္ဦးလည္း ပါတယ္လို႔ သိရပါတယ္။

တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား အမွတ္(၂)အနီး ေတာင္ဇလပ္လမ္းသြယ္အၾကား ရတနာဟိုတယ္အေရွ႕မွာ သတင္းရလို႔ မူးယစ္တပ္ ဖြဲ႕က ေစာင့္ဆိုင္းေနခ်ိန္ Hilux စိမ္းပုတ္ေရာင္ တစီးကို ရပ္တန႔္ရွာေဖြရာမွာ ကားေနာက္ခန္းထဲက စိတ္ႂကြေဆးျပား ၂ သိန္းေက်ာ္ေတြ႕ ရွိခဲ့တာလို႔ သိရပါတယ္။

မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့ ဗိုလ္မႉးနဲ႔ပတ္သတ္ၿပီး တာခ်ီလိတ္ စစ္ဗ်ဴဟာ(အေျခခ်) က ေန႔တြင္းခ်င္းေခၚေဆာင္သြားတယ္လို႔ ရဲ တပ္ဖြဲ႕က တာဝန္ရွိသူတဦးက ေျပာပါတယ္။

REF: ဒီဗြီဘီ

UNICODE

ဒုတပ်ရင်းမှူး(၁)ဦးနဲ့ တပ်ကြပ်(၁)ဦးဆီမှ စိတ်ကြွဆေးအများအပြားဖမ်းဆီးရမိမှု အမှုဖွင့်ထားသော်လည်း တပ်မတော်မှခေါ်ယူသွား

သတင်းအရ မူးယစ်တပ်ဖွဲ့နဲ့ စောင့်နေတဲ့အချိန် ကားဝင်လာလို့ စစ်လိုက်တော့ နောက်ခန်း ထဲမှာ စိတ်ကြွဆေးပြားတွေတွေ့ရှိခဲ့တာပါ။ အဲ့ ဒီဗိုလ်မှူးကိုတော့ ဗျူဟာက တန်းခေါ်သွားတယ်၊ သူတို့ဆီမှာ စစ်မယ်နဲ့တယ်” လို့ ပြောပါတယ်။မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတဲ့သူ ၂ ဦးကို တာချီလိတ်မြို့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး တပ်မတော်စစ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူဖို့များတယ်လို့ ဆိုပါတယ်။

တာချီလိတ်မြို့မှာ ဇူလိုင် ၅ ရက်နေ့ နေ့လယ်ပိုင်းက ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးဆီကနေ စိတ်ကြွဆေးပြား ၂ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။ မိုင်းယောင်းမြို့ ခမရ(၃၃၄) စစ်ကြောင်း (၂) ဒုတပ်ရင်းမှူးတစ်ဦး နဲ့ တပ်ကြပ်တစ်ဦးဆီက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တပ်သားတစ်ဦးလည်း ပါတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား အမှတ်(၂)အနီး တောင်ဇလပ်လမ်းသွယ်အကြား ရတနာဟိုတယ်အရှေ့မှာ သတင်းရလို့ မူးယစ်တပ် ဖွဲ့က စောင့်ဆိုင်းနေချိန် Hilux စိမ်းပုတ်ရောင် တစီးကို ရပ်တန့်ရှာဖွေရာမှာ ကားနောက်ခန်းထဲက စိတ်ကြွဆေးပြား ၂ သိန်းကျော်တွေ့ ရှိခဲ့တာလို့ သိရပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ဗိုလ်မှူးနဲ့ပတ်သတ်ပြီး တာချီလိတ် စစ်ဗျူဟာ(အခြေချ) က နေ့တွင်းချင်းခေါ်ဆောင်သွားတယ်လို့ ရဲ တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

REF:    ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *