ဖားကန႔္ မွာ ဥပေဒ ကို လက္တစ္လုံး ျခားလုပ္ၿပီး သတၱဳ ဘယ္လိုေတြ တူးေဖာ္ၾက သလဲဆိုတာ သိဲၾကလား?

အဲဒီလို လက္တလုံးျခားလုပ္တဲ့ အက်ိဳးဆက္က အခုလို လူေတြအမ်ားႀကီး တစ္ၿပိဳင္ တည္းေသဆုံး ရတဲ့အထိျဖစ္လာ တာပါ ။ ဒါဟာ ပထမအႀကိမ္ မဟုတ္ပါဘူး။ ဒီအတိုင္းခြင့္ျပဳထားရင္ ေနာင္လည္း ထပ္ေသေနအုံးမွာပါ။ ဥပေဒအထက္က လက္တစ္လုံးျခားလုပ္ တဲ့ ျငင္ဆိုးစနစ္ဆိုးတစ္ခုေၾကာင့္ အခုလိုအမ်ားႀကီး တၿပိဳင္ တည္းေသၾက ရတာပါ ။အဲဒီစနစ္ဆိုး ကို မဖ်က္ပဲခြင့္ျပဳထား သမွ် သတၱဳတြင္း ေဘးအႏၲရာယ္ ကင္းရွင္းေရးလို႔ေခၚ တဲ့ Mine Safety ကို အေကာင္အထည္ေဖၚလို႔ ရမွာ မဟုတ္ပါဘူး ။

မွားယြင္ေနတဲ့ စနစ္ကိုအရင္ျပင္ရ ပါမယ္ ။ အျဖစ္မွန္ကို သိရွိႏိုင္ၾက ပါေစ။ သိရွိၿပီးရင္လည္းျပင္ရဲတဲ့ သတၱိရွိၾက ပါေစ။ ဖားကန႔္ မွာ ဥေပ ဒကို လက္ တစ္လုံးျခား လုပ္ၿပီး သတၱဳ တူးေဖာ္ၾက ပုံ…က ဒီလိုပါ။ ေက်ာက္မ်က္လုပ္ကြ က္တစ္ခု ရဲ႕ ခြင့္ျပဳ ဧရိယာ ဟာ အမ်ားဆုံး(၅) ဧက သာရွိ ပါ တယ္ ။ စက္ႀကီးေတြ ကားႀကီးေတြ သုံးစြဲမရႏို င္တဲ့ အက်ယ္ အဝန္းပါ ။ တမင္ ကန႔္သတ္ထားတာပါ။ အလတ္စားလုပ္ကြက္ အ ဆင့္ပဲ ခြင့္ျပဳ ပါတယ္ ။ ဒါက ဥပေဒမွာ ပါတာပါ ။

အခု (၅)ဧကေတြ ေပါင္းၿပီး တူးခဲ့ၾကတာ ဆယ္စုႏွစ္ ႏွစ္ခု မကေတာ့ ပါဘူး။ ဥပေဒ အထက္ မွာ ဘယ္သူမွ မရွိရ ဆိုၿပီးေျပာခဲ့ၾကတယ္။ ဒါေပမဲ့ ဥပေဒကို မ်က္ကြယ္ျပဳၿပီး (၅)ဧကသာ ခြင့္ျပဳထားတဲ့ လုပ္ကြက္ေတြေပါင္း ျပစ္ၾကတယ္။ စက္ႀကီးေတြ ကားႀကီးေတြ သုံးမ ရ ေအာင္ ေျမအက်ယ္ ( ၅ ) ဧကသာေပးတာ ကို အခုလို လုပ္ လိုက္ေတာ့ စက္ႀကီးကားႀကီးေတြ သုံးလို႔ ရသြား တယ္ ။ စက္ႀကီးကားႀကီး ေတြ ကိုသာ သုံးၿပီး သတၱဳတြင္း တူးေဖၚဖို႔ ဘာဒီဇိုင္း မွ မရွိဘဲ ေက်ာက္ရၿပီးေရာဆိုၿပီး တူးခ်င္သလိုတူးခဲ့ၾက တယ္ ။

သတၱဳတြင္းဒီဇိုင္း ဆိုတာ သတၱဳတူးတာ စနစ္က်ဖို႔တစ္ခုသာမက ပါဘူး ။ သတၱဳတြင္း ေဘးအႏၲရာယ္ကင္းရွင္းေရး နဲ႔ က်န္းမာေရး ကိစၥ ေတြပါ ပါပါတယ္။ေက်ာက္မ်က္ ဧရိယာေတြ မွာ အႀကီးစားမေပး ဘဲ အလတ္စား အဆင့္ နဲ (၅) ဧက အက်ယ္သာေပး တာပါ ။ ဒါကို လက္ တစ္လုံးၾကားလုပ္ၿပီး အႀကီးစားတူး ခဲ့ၾကရာက ေဘးအႏၲရာယ္ရွိတဲ့ ေျမစာပုံေတြ လုပ္ကြက္ေတြ၊ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစမဲ့စြန႔္ ျပစ္မႈေတြ ေပၚလာ ရတာ ျဖစ္ပါတယ္ ။

ထြန္းထြန္း(သတၱဳတြင္း)

REF: LET PAN

UNICODE

ဖားကန့် မှာ ဥပဒေ ကို လက်တစ်လုံး ခြားလုပ်ပြီး သတ္တု ဘယ်လိုတွေ တူးဖော်ကြ သလဲဆိုတာ သိဲကြလား?

အဲဒီလို လက်တလုံးခြားလုပ်တဲ့ အကျိုးဆက်က အခုလို လူတွေအများကြီး တစ်ပြိုင် တည်းသေဆုံး ရတဲ့အထိဖြစ်လာ တာပါ ။ ဒါဟာ ပထမအကြိမ် မဟုတ်ပါဘူး။ ဒီအတိုင်းခွင့်ပြုထားရင် နောင်လည်း ထပ်သေနေအုံးမှာပါ။ ဥပဒေအထက်က လက်တစ်လုံးခြားလုပ် တဲ့ ငြင်ဆိုးစနစ်ဆိုးတစ်ခုကြောင့် အခုလိုအများကြီး တပြိုင် တည်းသေကြ ရတာပါ ။အဲဒီစနစ်ဆိုး ကို မဖျက်ပဲခွင့်ပြုထား သမျှ သတ္တုတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးလို့ခေါ် တဲ့ Mine Safety ကို အကောင်အထည်ဖေါ်လို့ ရမှာ မဟုတ်ပါဘူး ။

မှားယွင်နေတဲ့ စနစ်ကိုအရင်ပြင်ရ ပါမယ် ။ အဖြစ်မှန်ကို သိရှိနိုင်ကြ ပါစေ။ သိရှိပြီးရင်လည်းပြင်ရဲတဲ့ သတ္တိရှိကြ ပါစေ။ ဖားကန့် မှာ ဥပေ ဒကို လက် တစ်လုံးခြား လုပ်ပြီး သတ္တု တူးဖော်ကြ ပုံ…က ဒီလိုပါ။ ကျောက်မျက်လုပ်ကွ က်တစ်ခု ရဲ့ ခွင့်ပြု ဧရိယာ ဟာ အများဆုံး(၅) ဧက သာရှိ ပါ တယ် ။ စက်ကြီးတွေ ကားကြီးတွေ သုံးစွဲမရနို င်တဲ့ အကျယ် အဝန်းပါ ။ တမင် ကန့်သတ်ထားတာပါ။ အလတ်စားလုပ်ကွက် အ ဆင့်ပဲ ခွင့်ပြု ပါတယ် ။ ဒါက ဥပဒေမှာ ပါတာပါ ။

အခု (၅)ဧကတွေ ပေါင်းပြီး တူးခဲ့ကြတာ ဆယ်စုနှစ် နှစ်ခု မကတော့ ပါဘူး။ ဥပဒေ အထက် မှာ ဘယ်သူမှ မရှိရ ဆိုပြီးပြောခဲ့ကြတယ်။ ဒါပေမဲ့ ဥပဒေကို မျက်ကွယ်ပြုပြီး (၅)ဧကသာ ခွင့်ပြုထားတဲ့ လုပ်ကွက်တွေပေါင်း ပြစ်ကြတယ်။ စက်ကြီးတွေ ကားကြီးတွေ သုံးမ ရ အောင် မြေအကျယ် ( ၅ ) ဧကသာပေးတာ ကို အခုလို လုပ် လိုက်တော့ စက်ကြီးကားကြီးတွေ သုံးလို့ ရသွား တယ် ။ စက်ကြီးကားကြီး တွေ ကိုသာ သုံးပြီး သတ္တုတွင်း တူးဖေါ်ဖို့ ဘာဒီဇိုင်း မှ မရှိဘဲ ကျောက်ရပြီးရောဆိုပြီး တူးချင်သလိုတူးခဲ့ကြ တယ် ။

သတ္တုတွင်းဒီဇိုင်း ဆိုတာ သတ္တုတူးတာ စနစ်ကျဖို့တစ်ခုသာမက ပါဘူး ။ သတ္တုတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး နဲ့ ကျန်းမာရေး ကိစ္စ တွေပါ ပါပါတယ်။ကျောက်မျက် ဧရိယာတွေ မှာ အကြီးစားမပေး ဘဲ အလတ်စား အဆင့် နဲ (၅) ဧက အကျယ်သာပေး တာပါ ။ ဒါကို လက် တစ်လုံးကြားလုပ်ပြီး အကြီးစားတူး ခဲ့ကြရာက ဘေးအန္တရာယ်ရှိတဲ့ မြေစာပုံတွေ လုပ်ကွက်တွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့စွန့် ပြစ်မှုတွေ ပေါ်လာ ရတာ ဖြစ်ပါတယ် ။

ထွန်းထွန်း(သတ္တုတွင်း)

REF: LET PAN

Add a Comment

Your email address will not be published. Required fields are marked *