





UNICODE

အတိုက် အခိုက်တွေများေ နပြီး ဝင်ငွေနဲ့ထွက်ငွေ မျှတ မှု မရှိဖြစ်နေခြင်း တို့အတွ က် အစွမ်းထက် အထူးယတြာ

အထူးယတြာ လုပ်မည့်နေ့ အိမ်ခြံဝင်းထဲ အမှိုက်များမရှိစေရပါ။ တနင်္လာနေ့ စ လုပ်ရပါမည်။နံနက်ပိုင်းလုပ်ရပါမည်။ ပထမဦးစွာ ကျောက် ချဉ်တုံးတစ်တုံးကို ကျောက်ပျဉ်မှာ ဆနွင်းမှုန့်နည်းနည်းရောပြီးသွေးယူထားပါ။ ဘုရားသောက်တော်ရေထဲရောပြီး အိမ်ခြံဝင်းတံခါး ပြတင်း ပေါက် နေရာအနှံ့အောင်သပြေညွန့်နှင့်ဖြန်းပေးပါ။

အိမ် ခြံအဝင်တံခါး၏ဘေးအစွန်နှစ်ဖက်အောက်တွင် မန်ကျည်းစေ့တစ်စေ့စာရှိတဲ့ကျောက်ချဉ်တုံးတစ်တုံးဆီချထားပေးပါ…။ နောက်ထပ် တစ်တုံး ပိုက်ဆံအိတ် အံဆွဲ မီးခံသေတ္တာနေရာများမှာထည့်ထားပြီးဆောင်ထားပေးပါ ခင်ဗျား ။ ဤအကာအကွယ်နည်းကို လုပ်ထားခြင်း ဖြင့် မိတ်ဆွေများ၏ ရန်တွေကင်းရှင်းသွားပြီး လာဘ်တွေပွင့်လာပါလိမ့်မည်…။

ကိုမင်းနိုင်နှင့်တကွသင်ဆရာမြင်ဆရာကြားဆရာအားလုံး ခြေရင်းဦးခိုက်လျက်…အခုတင်ပေးလိုက် သည့် အကာအကွယ်လေး ယတြာ လေးဟာ မိမိကိုရန်မူ.. ပြသနာအမျိုးမျိုးရှာပြီး အတိုက်အခိုက်တွေလုပ်နေခြင်းများ…ကံတွေလာဘ်တွေပိတ်နေခြင်းများ…မိတ်ဆွေ အဖြစ် မှရန်သူအဖြစ်ပြောင်းလဲနေခြင်းများ…..နေ့စဉ် ဝင်ငွေနဲ့ထွက်ငွေ မျှတမှု မရှိခြင်း…။

ငွေမစုမိခြင်း….မထင်မှတ်ပဲငွေထွက်ယိုပေါက်များခြင်း….ခဏခဏ ပိုက်ဆံပြတ်တာတွေကြုံနေရသူမျာ းအောက်ပါ ကျောက်ချဉ် ဆနွင်း အကာကွယ်လေးကိုလုပ်ထားပေးပါ ခင်ဗျား…။

ဆရာတင်ထူး09 259021778

Add a Comment

Your email address will not be published. Required fields are marked *