အေမရိကန္မွာျဖစ္ေနတဲ့ COVID-19 ကူးစက္မႈ ၉၉ ရာခိုင္ႏႈန္းဟာ အႏၲရာယ္မရွိ၍ စိုးရိမ္စရာမလိုေၾကာင္း သမၼတထရမ့္ေျပာၿပီ

အေမရိကန္ျပည္ေထာင္စုတစ္ဝန္းတြင္ လက္ရွိအခ်ိန္အထိသိရေသာ အခ်က္အလက္မ်ားအရ COVID-19 ကူးစက္ခံရသူစုစုေပါင္း ၃သန္း နီးပါးရွိကာ၊ ေသဆုံးသူ စုစုေပါင္း ၁၃၂၃၂၇ ဦးရွိၿပီး၊ သက္သာေပ်ာက္ကင္းသူ ၁သန္းေက်ာ္ရွိၿပီျဖစ္သည္။ ႐ိုက္တာ သတင္းဌာန၏ စာရင္း အရ ေသာၾကာေန႔တြင္ ကိုဗစ္ အတည္ျပဳလူနာမ်ားမွာ တစ္ကမာၻလုံးအတိုင္းအတာျဖင့္ ၁၁ သန္းေက်ာ္လြန္ခဲ့ၿပီ ျဖစ္သည္။

ခုႏွစ္လအတြင္း လူေပါင္း သန္းတစ္ဝက္ေက်ာ္ေသဆုံးမႈကို ျဖစ္ေပၚခဲ့သည့္ အဆိုပါေရာဂါပ်ံ႕ႏွံ႔မႈအတြက္ ေနာက္ထပ္မွတ္တမ္းသစ္ တစ္ခု ျဖစ္ေၾကာင္း သိရပါတယ္။အေမရိကန္တြင္ ကူးစက္ေနေသာ COVID-19 ကူးစက္မႈအားလုံး၏ ၉၉ ရာခိုင္ႏႈန္းသည္ လုံးဝ အႏၲရာယ္မရွိ ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားလိုက္ေၾကာင္း သိရသည္။

ယေန႔ေျပာၾကားေသာ အေမရိကန္လြတ္လပ္ေရးေန႔မိန႔္ခြန္းတြင္ ထိုသို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။သို႔ရာတြင္ အေမရိကန္ ျပည္ ေထာင္စုရွိ ျပည္နယ္အေတာ္မ်ားမ်ားတြင္မူ ၂၄နာရီအတြင္း ကူးစက္မႈမ်ား စံခ်ိန္တင္ျဖစ္ပြားေနလွ်က္ရွိၿပီး ဇူလိုင္ ၂ရက္ေန႔ကဆိုလွ်င္ ႏိုင္ငံ တစ္ဝန္း ၂၄ နာရီ အတြင္း ကူးစက္သူအသစ္ ၆ေသာင္း နီးပါး(၅၇၂၃၂)ဦးကို စစ္ေဆးေတြ႕ရွိ ခဲ့ၿပီး စံခ်ိန္တင္ ခဲ့သည္။

REF: THE LIFESTYLE MYANMAR

UNICODE

အမေရိကန်မှာဖြစ်နေတဲ့ COVID-19 ကူးစက်မှု ၉၉ ရာခိုင်နှုန်းဟာ အန္တရာယ်မရှိ၍ စိုးရိမ်စရာမလိုကြောင်း သမ္မတထရမ့်ပြောပြီ

အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် လက်ရှိအချိန်အထိသိရသော အချက်အလက်များအရ COVID-19 ကူးစက်ခံရသူစုစုပေါင်း ၃သန်း နီးပါးရှိကာ၊ သေဆုံးသူ စုစုပေါင်း ၁၃၂၃၂၇ ဦးရှိပြီး၊ သက်သာပျောက်ကင်းသူ ၁သန်းကျော်ရှိပြီဖြစ်သည်။ ရိုက်တာ သတင်းဌာန၏ စာရင်း အရ သောကြာနေ့တွင် ကိုဗစ် အတည်ပြုလူနာများမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၁ သန်းကျော်လွန်ခဲ့ပြီ ဖြစ်သည်။

ခုနှစ်လအတွင်း လူပေါင်း သန်းတစ်ဝက်ကျော်သေဆုံးမှုကို ဖြစ်ပေါ်ခဲ့သည့် အဆိုပါရောဂါပျံ့နှံ့မှုအတွက် နောက်ထပ်မှတ်တမ်းသစ် တစ်ခု ဖြစ်ကြောင်း သိရပါတယ်။အမေရိကန်တွင် ကူးစက်နေသော COVID-19 ကူးစက်မှုအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် လုံးဝ အန္တရာယ်မရှိ ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း သိရသည်။

ယနေ့ပြောကြားသော အမေရိကန်လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။သို့ရာတွင် အမေရိကန် ပြည် ထောင်စုရှိ ပြည်နယ်အတော်များများတွင်မူ ၂၄နာရီအတွင်း ကူးစက်မှုများ စံချိန်တင်ဖြစ်ပွားနေလျှက်ရှိပြီး ဇူလိုင် ၂ရက်နေ့ကဆိုလျှင် နိုင်ငံ တစ်ဝန်း ၂၄ နာရီ အတွင်း ကူးစက်သူအသစ် ၆သောင်း နီးပါး(၅၇၂၃၂)ဦးကို စစ်ဆေးတွေ့ရှိ ခဲ့ပြီး စံချိန်တင် ခဲ့သည်။

REF:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *