(၁၀)တန္း ေအာင္စာရင္းထြက္ရွိႏိုင္ရန္ အမွတ္စာရင္းမ်ား ျပဳစုေနၿပီဟု စာစစ္ၫႊန္ခ်ဳပ္ေျပာဆို

ယခုႏွစ္တကၠသိုလ္ဝင္ စာေမးပြဲ ေျဖဆိုမႈသည္ (၅)ႏွစ္အတြင္း ေျဖဆိုသူအမ်ားဆုံးႏွစ္တစ္ခုျဖစ္ခဲ့ၿပီး ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ျပန္႔ပြားမႈ အေျခအေနမ်ားေၾကာင့္ စာစစ္လုပ္ငန္းမ်ားေနာက္က်ခဲ့ၿပီးေနာက္ ေအာင္စာရင္းကိုလည္း ႏွစ္စဥ္ထြက္ရွိေနက်ျဖစ္သည့္ ဇြန္လတြင္ထြက္ရွိ ႏိုင္ခဲ့ျခင္း မရွိေပ။တကၠသိုလ္ဝင္စာေမးပြဲကို မေျဖဆိုမီအခ်ိန္က တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူ ကိုးသိန္းခုနစ္ ေသာင္းေက်ာ္ ဝင္ေရာက္ေျဖဆိုရန္ စာရင္းေပးသြင္းခဲ့ေသာ္လည္း လာေရာက္ေျဖဆိုရန္ ပ်က္ကြက္သူမွာ ေျခာက္ေသာင္းေက်ာ္ အထိရွိ ေၾကာင္း ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနထံမွ သိရသည္။

တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းထြက္ရွိရန္ လက္ရွိတြင္စစ္ေဆးၿပီးသည့္ အေျဖလႊာမ်ားကို အမွတ္စာရင္း ျပဳစုေနၿပီျဖစ္ေၾကာင္း ျမန္ မာႏိုင္ငံ စာစစ္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫြန္႔က ေျပာၾကားသည္။၂၀၂၀ ျပည့္ႏွစ္ မတ္လတြင္ေျဖဆိုခဲ့သည့္ တကၠသိုလ္ဝင္ စာေမးပြဲ၏ အေျဖလႊာမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈ အေျခအေနမ်ားေၾကာင့္ ဇြန္လမွသာစစ္ေဆးႏိုင္ခဲ့ၿပီး ယခုအခါ အေျဖလႊာ စစ္ေဆးမႈမ်ားၿပီးဆုံးကာ ခုံအမွတ္မ်ားကိုခြာ၍ အမွတ္စာရင္းမ်ားကို စာရင္းျပဳစုေနသည့္ အေျခအေနတြင္သာ ရွိေနေသးေၾကာင္း ၎က ဆိုသည္။ အဆင့္ေတြ အမ်ားႀကီးက်န္ေသးတယ္။

ကြန္ပ်ဴတာထဲ စာရင္းသြင္း၊ အဆင့္သုံးဆင့္နဲ႔ စစ္ေဆးတာေတြ လုပ္ရဦးမယ္။ ေအာင္စာရင္းထြက္ဖို႔ ဝန္ႀကီး႐ုံးကို တင္ရမယ္။ ဝန္ႀကီး႐ုံးက စိစစ္ၿပီးမွ ေအာင္စာရင္းထြက္မွာ။ အနည္းဆုံးေတာ့ ၁၀ ရက္၊ ႏွစ္ပတ္ေလာက္ ၾကာဦးမယ္” ဟု ဦးမ်ိဳးၫြန္႔က ေျပာဆိုသည္။ ယင္းအတြက္ ေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္၏ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းဆိုင္ရာ လုပ္ငန္းမ်ားကို ဇူလိုင္လ ၆ ရက္ေန႔တြင္ စတင္ေဆာင္႐ြက္ႏိုင္မည္ ျဖစ္သည့္အတြက္ အေခ်ာသတ္ေအာင္စာရင္း ထြက္ရွိႏိုင္မည့္အခ်ိန္သည္ လာမည့္ ၾသဂုတ္လထဲတြင္ ထြက္ရွိရန္ ခန္႔မွန္းထားသည္။

REF: THE VOICE

UNICODE

(၁၀)တန်း အောင်စာရင်းထွက်ရှိနိုင်ရန် အမှတ်စာရင်းများ ပြုစုနေပြီဟု စာစစ်ညွှန်ချုပ်ပြောဆို

ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမှုသည် (၅)နှစ်အတွင်း ဖြေဆိုသူအများဆုံးနှစ်တစ်ခုဖြစ်ခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု အခြေအနေများကြောင့် စာစစ်လုပ်ငန်းများနောက်ကျခဲ့ပြီးနောက် အောင်စာရင်းကိုလည်း နှစ်စဉ်ထွက်ရှိနေကျဖြစ်သည့် ဇွန်လတွင်ထွက်ရှိ နိုင်ခဲ့ခြင်း မရှိပေ။တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုမီအချိန်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းခုနစ် သောင်းကျော် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းခဲ့သော်လည်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူမှာ ခြောက်သောင်းကျော် အထိရှိ ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိရန် လက်ရှိတွင်စစ်ဆေးပြီးသည့် အဖြေလွှာများကို အမှတ်စာရင်း ပြုစုနေပြီဖြစ်ကြောင်း မြန် မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။၂၀၂၀ ပြည့်နှစ် မတ်လတွင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲ၏ အဖြေလွှာများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် ဇွန်လမှသာစစ်ဆေးနိုင်ခဲ့ပြီး ယခုအခါ အဖြေလွှာ စစ်ဆေးမှုများပြီးဆုံးကာ ခုံအမှတ်များကိုခွာ၍ အမှတ်စာရင်းများကို စာရင်းပြုစုနေသည့် အခြေအနေတွင်သာ ရှိနေသေးကြောင်း ၎င်းက ဆိုသည်။ အဆင့်တွေ အများကြီးကျန်သေးတယ်။

ကွန်ပျူတာထဲ စာရင်းသွင်း၊ အဆင့်သုံးဆင့်နဲ့ စစ်ဆေးတာတွေ လုပ်ရဦးမယ်။ အောင်စာရင်းထွက်ဖို့ ဝန်ကြီးရုံးကို တင်ရမယ်။ ဝန်ကြီးရုံးက စိစစ်ပြီးမှ အောင်စာရင်းထွက်မှာ။ အနည်းဆုံးတော့ ၁၀ ရက်၊ နှစ်ပတ်လောက် ကြာဦးမယ်” ဟု ဦးမျိုးညွန့်က ပြောဆိုသည်။ ယင်းအတွက် ကြောင့် ၂၀၂၀ ပြည့်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းဆိုင်ရာ လုပ်ငန်းများကို ဇူလိုင်လ ၆ ရက်နေ့တွင် စတင်ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အချောသတ်အောင်စာရင်း ထွက်ရှိနိုင်မည့်အချိန်သည် လာမည့် သြဂုတ်လထဲတွင် ထွက်ရှိရန် ခန့်မှန်းထားသည်။

REF:   THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *