(၆-၇-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီCOVID-19 ေရာဂါႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာမ်ားတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၄)ဦး (Case -255, 259, 262 ႏွင့္ 292) ေတြ႕ရွိရသျဖင့္ ယေန႔အထိ ေရာဂါပိုးကင္းစင္သူ စုစုေပါင္း (၂၄၅) ဦးရွိပါသည္။

၎တို႔အနက္ (၂၂၈) ဦးအား ေဆး႐ုံမွဆင္းခြင့္ ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ ၾကည့္ရႈ လ်က္ရွိပါသည္။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။(၅-၇-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၆-၇-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာ အသစ္ (၂၉) ဦး ရွိပါသည္။

(၆-၇-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၆၅၄)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၂၈၂) ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈ ဆိုင္ရာဌာန (မႏၲေလး) (PHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၁၂၈) ခုႏွင့္

ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁,၀၀၀) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၂၆၂) ခု၊ စုစုေပါင္း (၁,၃၂၆)ခု အား ယ ေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၃)ဦး ေတြ႕ရွိရပါသည္။ (၆-၇-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၃၁၆) ဦးရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

(၆-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီCOVID-19 ရောဂါနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case -255, 259, 262 နှင့် 292) တွေ့ရှိရသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်သူ စုစုပေါင်း (၂၄၅) ဦးရှိပါသည်။

၎င်းတို့အနက် (၂၂၈) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှု လျက်ရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။(၅-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၆-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် (၂၉) ဦး ရှိပါသည်။

(၆-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၄)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၂၈) ခုနှင့်

ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၂) ခု၊ စုစုပေါင်း (၁,၃၂၆)ခု အား ယ နေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃)ဦး တွေ့ရှိရပါသည်။ (၆-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၆) ဦးရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *