UNICODE
ကြက်တူရွေး ရေသောက် ဆင်းပြီ ဖြစ်၍ မကြာမှီ စိုးရိမ် ရေမှတ် ရောက်လာ နိုင်သဖြင့် သတိကြီးစွာ ထားကြပါ
ကြက်တူရွေးရေသောက် ဆင်းတယ်ဆိုတာ မြန်မာပြည် ရဲ့ ဒုတိယ မြစ်ကျဉ်း ရွှေကူနဲ့ ကသာကြား မှာရှိတဲ့…. ကြက်တူရွေးနှုတ်သီးပုံစံ ကျောက်အစွန်းကို ကြည့်ပြီး ဒေသခံတွေ မြစ်ရေ အတက်ကျ ခန့်မှန်းကြတဲ့ နေရာပါ။အခု ကြက်တူရွေး ရေသောက် ဆင်းပြီ…မကြာမှီ ရုတ်တရက် စိုးရိမ် ရေအမှတ် ရောက်လာ နိုင်တယ်..ကြိုတင် ပြင်ဆင်ထားကြပါ…။
ကြက်တူရွေး ရေသောက် ဆင်းပြီ ဆိုတော့ ဧရာဝတီမြစ်ရေ စတက်ပါတယ်…..မြစ်ရေဝင်ဒေသများ သတင်း နားထောင်ပါ…. မကြာမှီ ရုတ်တရက် စိုးရိမ် ရေအမှတ် ရောက်လာနိုင်တယ် / ကြိုတင်ပြင်ဆင်ထားကြပါ….အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း မှာ မုန်တိုင်း အငယ် စားများ ၂၇ ရက် ဇွန်လ က တကြိမ် ဖြစ်ခဲ့ ပြီး ၁၃ ရက် ဇူလိုင် မှာ တကြိမ် ဖြစ်လာကာ….။
မုတ်သုန်ရေငွေ့ ထုတ်လုပ် မှုကို အလွန့် အလွန် များစေပါတယ် …. သမရိုးကျ သတိပေးချက်က ဧရာဝတီ မြစ်ရေကို ကြက်တူရွေး ရေ သောက်ဆင်းပြီဆိုတော့ …. မြစ်ရဲ့ Down stream ရေဝင်ရပ်မှာရှိတဲ့ ပြည်သူများအနေနဲ့ အထူးသတိပြုပြီး လုပ်ဆောင်သင့်သည်များ ကြိုတင် ပြင်ဆင်သင့်ပါပြီ…။
U Htay Tint (06-Jul-2020) / Photo-Maung Maung Oo / @Ashin Sanda Zawti