(2020) ျပည့္ႏွ စ္ ဇူလိုင္ လ တစ္ လစာ အတြက္ ဂဏန္း ေဗဒင္ ေဟာ ကိန္း ေဟာစာတမ္း

(၆ ၊ ၁၅ ၊ ၂၄ ရက္တြင္ ေမြးဖြားသူမ်ား) – ဒီလထဲမွာ ဘာလုပ္လုပ္ အႀကီးအကဲ၊ ဆရာသမားေတြနဲ႔ တိုင္ပင္ၿပီးမွ လုပ္ပါ။ သူတို႔ရဲ႕ အႀကံ ဉာဏ္နဲ႔ဆို လုပ္ငန္း၊ စီးပြားကိစၥေတြမွာ ေအာင္ျမင္မႈ အထိုက္အေလ်ာက္ ရလာလိမ့္မယ္။ ေငြေၾကးကိစၥေတြမွာေတာ့ သတိထားရမယ္။ အေပးအယူ မွား တတ္တယ္။ အေခ်းအငွားေတြ ေရွာင္က်ဥ္ရမယ္။ သူမ်ားကိစၥ ၾကားဝင္မိရင္ ပိုဆိုးမယ္။ လလယ္ပိုင္းမွာ မေတာ္တဆ ထိခိုက္ဒဏ္ရာ ရတတ္တယ္။ အခ်စ္ေရးမွာ အတိတ္ေဟာင္းဆီ ျပန္ပတ္သက္မိတတ္တယ္။

(၇ ၊ ၁၆ ၊ ၂၅ ရက္တြင္ ေမြးဖြားသူမ်ား) – ဇူလိုင္လဟာ ေပ်ာ္႐ႊင္စရာ ေတြ ျပည့္ႏွက္ေနမယ့္ လပါပဲ။ အလုပ္မွာ ျဖစ္ျဖစ္၊ ကိုယ္ေရးကိုယ္တာ ပဲ ျဖစ္ျဖစ္ စိတ္လက္ခ်မ္းသာစြာနဲ႔ လုပ္ကိုင္ႏိုင္မယ္။မိတ္ေဟာင္းေဆြေဟာင္းေတြ နဲ႔ မေတာ္တဆ ျပန္ဆုံ တတ္တယ္။ သူတို႔ဆီက အကူအ ညီေတြ ရမယ္။ ဒါေပမယ့္ ေငြေၾကးကိစၥမွာ ဘယ္သူ႔ကိုမွ မယုံရတဲ့လ ျဖစ္တယ္။ ယုံမိရင္ ပါသြားလိမ့္မယ္။ ဒီလမွာ က်န္းမာေရး အညံ့ရွိ တယ္။ စားေသာက္ေနထိုင္ပုံကို သတိျပဳရမယ္။

(၈ ၊ ၁၇ ၊ ၂၆ ရက္ တြင္ ေမြးဖြားသူမ်ား) – ေျပာမွားဆိုမွား ျဖစ္ တတ္ၿပီး ေဒါသထြက္ စရာေတြ မၾကာခဏ ျဖစ္မယ့္ လပါပဲ။ ကိုယ့္ စိတ္ ကိုယ္မႏိုင္ ျဖစ္ေနလို႔ ဒီလ မွာ ဘာလုပ္လုပ္ အရမ္း သတိထားရလိမ့္မယ္။ ဆုံးျဖတ္ခ်က္ေတြ မွားတတ္တယ္။ အေျပာမတတ္လို႔ ျငင္းရခုံ ရမယ္။ အာ႐ုံေထြျပားၿပီး အမွားေတြ လုပ္တတ္လို႔ ဒီလ အလုပ္သစ္ စတင္တာ၊ ေျပာင္းေ႐ႊ႕တာ မလုပ္သင့္ဘူး။ ရွိရင္းစြဲအလုပ္ကိုပဲ ထိန္းလုပ္ရမယ္။ ေငြေၾကးကိစၥ အက်ပ္အတည္း ျဖစ္တတ္တယ္။

(၉၊ ၁၈ ၊ ၂၇ ရက္တြင္ ေမြးဖြားသူမ်ား) – အရင္က အဆင္မေျပခဲ့ တဲ့ အလုပ္ေတြ ဒီလမွာ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာမယ္။ ပတ္ ဝန္းက်င္သစ္ လူသစ္ေတြနဲ႔ ဆုံၿပီး ဝင္ေငြရလမ္း အသစ္ေတြ ဖန္တီးလာႏိုင္လိမ့္မယ္။ အေႂကြးကိစၥေတြလည္း ေျပလည္ေအာင္ ရွင္းသြား ႏိုင္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ စိတ္ခ်မ္းသာစရာ မ်ားမယ္။ လကုန္ပိုင္းမွာ ပိုသာယာလိမ့္မယ္။က်န္းမာေရးလည္း အညံ့ ႀကီး ႀကီးမားမား မရွိတဲ့ လ ျဖစ္တယ္။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက္ တြင္ ေမြးဖြားသူမ်ား) – ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး နဲ႔ ပတ္သက္တဲ့ အလုပ္မွာ လုပ္ေနသူေတြ ဒီလထဲမွာ ေနရာ၊ အခြင့္ အေရးေတြ ရလာမယ္။ဒါေပမယ့္ ကိုယ္လုပ္သမွ်ကို အသိအမွတ္ျပဳ မခံရလို႔ လုပ္ရတာ အားမပါ သလို ခံစားရမယ္။ လလယ္ပိုင္းမွာ မိသား စုေရး စိတ္ညစ္ စရာ ေပၚမယ္။ လကုန္ပိုင္းမွာေတာ့ အလုပ္နဲ႔ ပတ္သက္တဲ့ အခက္အခဲေတြ အၿပိဳင္အဆိုင္ေတြကို ေက်ာ္ျဖတ္ႏိုင္မယ္။ က်န္း မာေရးျပႆနာ မရွိေပမယ့္လည္း စိတ္ညစ္ရ စိတ္ရႈပ္ရတာေတြေတာ့ မ်ား တတ္တယ္။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက္တြင္ ေမြးဖြားသူမ်ား) – ဒီလထဲမွာ ကိုယ္မသိမကြၽမ္းတဲ့သူေတြဆီက ကူညီပံ့ပိုးမႈေတြကို ရရွိလိမ့္မယ္။ ႏိုင္ငံရပ္ျခားနဲ႔ ဆက္ႏြယ္ လုပ္ကိုင္ေနသူေတြ သတင္းေကာင္း ၾကားရမယ္။ အဆင္ေျပလာမယ္။ ကုန္ေရာင္းကုန္ဝယ္လုပ္သူေတြလည္း လကုန္ပိုင္းမွာ ထူး ျခားတဲ့ ေအာင္ျမင္မႈေတြ ရမယ္။ အိမ္ေထာင္ေရးမွာက မာန္မာနနဲ႔ အတၱေတြေၾကာင့္ စိတ္ဆင္းရဲရမယ္။ ဒီလထဲမွာ ကိုယ့္ရဲ႕ ကိုယ္ပိုင္ စြမ္းရည္ ျဖစ္တဲ့ နက္နက္ရႈိင္းရႈိင္း ေတြးေတာ လုပ္ကိုင္ႏိုင္မႈကို အသုံးခ်ရင္ ပိုေကာင္း မယ္။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက္တြင္ ေမြးဖြားသူမ်ား) – တစ္ႏွစ္တာလုံးမွာ ကံအေကာင္းဆုံးလကို ျဖတ္သန္းရလိမ့္မယ္။ ဇူလိုင္လဟာ အလုပ္ကိစၥ ေရာ အခ်စ္ေရးနဲ႔ အိမ္ေထာင္ေရးမွာပါ စိတ္ခ်မ္းသာမႈ အမ်ားဆုံး ရမယ့္လ ျဖစ္တယ္။ အလုပ္အခက္အခဲေတြ ေျပလည္မယ္။ ဝင္ေငြလမ္း ေၾကာင္း သစ္ေတြ ေပၚလာမယ္။ ဒါေပမယ့္ မိသားစုအတြင္း မေက်လည္စရာေတြ ေပၚတတ္လို႔ မိသားစုမ်ားသူေတြ သတိထားရမယ္။ အ လုပ္၊ ေနရာ ၊ ဌာန အေျပာင္းအလဲ ေပၚတတ္တယ္။ ေျပာင္းျဖစ္ရင္လည္း ေကာင္း လိမ့္မယ္။

(၄၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက္တြင္ ေမြးဖြားသူမ်ား) – အလုပ္အကိုင္ စီးပြားေရး ေျပလည္မယ္။ လက္ရွိထက္ ပိုေကာင္း၊ ပိုအျမတ္ရမယ့္ ေနရာ၊ အခြင့္အေရးေတြ ေပၚမယ္။ အေရာင္းအဝယ္သမားေတြလည္း အက်ိဳးအျမတ္ ပိုရမယ္။ ဝန္ထမ္းဆို ရာထူးတိုး၊ ေနရာေကာင္း ရတာေတြ ျဖစ္မယ္။ ဒါေပမယ့္ ေဈးကစား၊ စြန႔္စားမႈ မ်ားတဲ့ အလုပ္ေတြ အက်ိဳးမေပးဘူး။ ေလာင္းကစားလုပ္မိရင္ ရႈံးမယ္။ ရွိတာ ေျပာင္သြားမယ္။ ႏွလုံးသားေရးမွာ ရင္ခုန္စရာေတြက ပိုမ်ားလာမယ္။ အမ်ားအားျဖင့္ ကံေကာင္းပါ လိမ့္မယ္။

(၅၊ ၁၄ ၊ ၂၃ ရက္တြင္ ေမြးဖြားသူမ်ား) – လလယ္ေလာက္အထိ လုပ္ကိုင္သမွ် တလြဲတေခ်ာ္ေတြ မ်ားေနမယ္။ စာရင္းမွားတာ၊ အႀကိမ္ႀကိမ္ ျပန္လုပ္ရတာေတြ ျဖစ္မယ္။ အထင္အျမင္ အလြဲခံရမယ္။ ဒါေပမယ့္ လလယ္ကစ ေနာက္ပိုင္း အားလုံး ျပန္အဆင္ေျပမယ္။ ဝမ္းဗိုက္နဲ႔ ပတ္သက္ လို႔ က်န္းမာေရး အညံ့ ရွိႏိုင္တယ္။ သတိထားပါ။ ေငြေၾကးကိစၥေတြမွာ ကိုယ္တိုင္ ဆုံးျဖတ္ပါ။ သူတပါးကို ၾကားဝင္ လုပ္ခိုင္းရင္ ဆုံးရႈံးလိမ့္မယ္။ ႏွလုံးသားေရးမွာ အခ်င္း ခ်င္း ပဋိပကၡေတြ မၾကာခဏ ျဖစ္တတ္တယ္။

Credit ဧက (ေဗဒင္သုေတသီ)

UNICODE

(2020) ပြည့်နှ စ် ဇူလိုင် လ တစ် လစာ အတွက် ဂဏန်း ဗေဒင် ဟော ကိန်း ဟောစာတမ်း

(၆ ၊ ၁၅ ၊ ၂၄ ရက်တွင် မွေးဖွားသူများ) – ဒီလထဲမှာ ဘာလုပ်လုပ် အကြီးအကဲ၊ ဆရာသမားတွေနဲ့ တိုင်ပင်ပြီးမှ လုပ်ပါ။ သူတို့ရဲ့ အကြံ ဉာဏ်နဲ့ဆို လုပ်ငန်း၊ စီးပွားကိစ္စတွေမှာ အောင်မြင်မှု အထိုက်အလျောက် ရလာလိမ့်မယ်။ ငွေကြေးကိစ္စတွေမှာတော့ သတိထားရမယ်။ အပေးအယူ မှား တတ်တယ်။ အချေးအငှားတွေ ရှောင်ကျဉ်ရမယ်။ သူများကိစ္စ ကြားဝင်မိရင် ပိုဆိုးမယ်။ လလယ်ပိုင်းမှာ မတော်တဆ ထိခိုက်ဒဏ်ရာ ရတတ်တယ်။ အချစ်ရေးမှာ အတိတ်ဟောင်းဆီ ပြန်ပတ်သက်မိတတ်တယ်။

(၇ ၊ ၁၆ ၊ ၂၅ ရက်တွင် မွေးဖွားသူများ) – ဇူလိုင်လဟာ ပျော်ရွှင်စရာ တွေ ပြည့်နှက်နေမယ့် လပါပဲ။ အလုပ်မှာ ဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ ပဲ ဖြစ်ဖြစ် စိတ်လက်ချမ်းသာစွာနဲ့ လုပ်ကိုင်နိုင်မယ်။မိတ်ဟောင်းဆွေဟောင်းတွေ နဲ့ မတော်တဆ ပြန်ဆုံ တတ်တယ်။ သူတို့ဆီက အကူအ ညီတွေ ရမယ်။ ဒါပေမယ့် ငွေကြေးကိစ္စမှာ ဘယ်သူ့ကိုမှ မယုံရတဲ့လ ဖြစ်တယ်။ ယုံမိရင် ပါသွားလိမ့်မယ်။ ဒီလမှာ ကျန်းမာရေး အညံ့ရှိ တယ်။ စားသောက်နေထိုင်ပုံကို သတိပြုရမယ်။

(၈ ၊ ၁၇ ၊ ၂၆ ရက် တွင် မွေးဖွားသူများ) – ပြောမှားဆိုမှား ဖြစ် တတ်ပြီး ဒေါသထွက် စရာတွေ မကြာခဏ ဖြစ်မယ့် လပါပဲ။ ကိုယ့် စိတ် ကိုယ်မနိုင် ဖြစ်နေလို့ ဒီလ မှာ ဘာလုပ်လုပ် အရမ်း သတိထားရလိမ့်မယ်။ ဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ အပြောမတတ်လို့ ငြင်းရခုံ ရမယ်။ အာရုံထွေပြားပြီး အမှားတွေ လုပ်တတ်လို့ ဒီလ အလုပ်သစ် စတင်တာ၊ ပြောင်းရွှေ့တာ မလုပ်သင့်ဘူး။ ရှိရင်းစွဲအလုပ်ကိုပဲ ထိန်းလုပ်ရမယ်။ ငွေကြေးကိစ္စ အကျပ်အတည်း ဖြစ်တတ်တယ်။

(၉၊ ၁၈ ၊ ၂၇ ရက်တွင် မွေးဖွားသူများ) – အရင်က အဆင်မပြေခဲ့ တဲ့ အလုပ်တွေ ဒီလမှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်။ ပတ် ဝန်းကျင်သစ် လူသစ်တွေနဲ့ ဆုံပြီး ဝင်ငွေရလမ်း အသစ်တွေ ဖန်တီးလာနိုင်လိမ့်မယ်။ အကြွေးကိစ္စတွေလည်း ပြေလည်အောင် ရှင်းသွား နိုင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာစရာ များမယ်။ လကုန်ပိုင်းမှာ ပိုသာယာလိမ့်မယ်။ကျန်းမာရေးလည်း အညံ့ ကြီး ကြီးမားမား မရှိတဲ့ လ ဖြစ်တယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက် တွင် မွေးဖွားသူများ) – နိုင်ငံရေး၊ အုပ်ချုပ်ရေး နဲ့ ပတ်သက်တဲ့ အလုပ်မှာ လုပ်နေသူတွေ ဒီလထဲမှာ နေရာ၊ အခွင့် အရေးတွေ ရလာမယ်။ဒါပေမယ့် ကိုယ်လုပ်သမျှကို အသိအမှတ်ပြု မခံရလို့ လုပ်ရတာ အားမပါ သလို ခံစားရမယ်။ လလယ်ပိုင်းမှာ မိသား စုရေး စိတ်ညစ် စရာ ပေါ်မယ်။ လကုန်ပိုင်းမှာတော့ အလုပ်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ အပြိုင်အဆိုင်တွေကို ကျော်ဖြတ်နိုင်မယ်။ ကျန်း မာရေးပြဿနာ မရှိပေမယ့်လည်း စိတ်ညစ်ရ စိတ်ရှုပ်ရတာတွေတော့ များ တတ်တယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်တွင် မွေးဖွားသူများ) – ဒီလထဲမှာ ကိုယ်မသိမကျွမ်းတဲ့သူတွေဆီက ကူညီပံ့ပိုးမှုတွေကို ရရှိလိမ့်မယ်။ နိုင်ငံရပ်ခြားနဲ့ ဆက်နွယ် လုပ်ကိုင်နေသူတွေ သတင်းကောင်း ကြားရမယ်။ အဆင်ပြေလာမယ်။ ကုန်ရောင်းကုန်ဝယ်လုပ်သူတွေလည်း လကုန်ပိုင်းမှာ ထူး ခြားတဲ့ အောင်မြင်မှုတွေ ရမယ်။ အိမ်ထောင်ရေးမှာက မာန်မာနနဲ့ အတ္တတွေကြောင့် စိတ်ဆင်းရဲရမယ်။ ဒီလထဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် စွမ်းရည် ဖြစ်တဲ့ နက်နက်ရှိုင်းရှိုင်း တွေးတော လုပ်ကိုင်နိုင်မှုကို အသုံးချရင် ပိုကောင်း မယ်။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်တွင် မွေးဖွားသူများ) – တစ်နှစ်တာလုံးမှာ ကံအကောင်းဆုံးလကို ဖြတ်သန်းရလိမ့်မယ်။ ဇူလိုင်လဟာ အလုပ်ကိစ္စ ရော အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာပါ စိတ်ချမ်းသာမှု အများဆုံး ရမယ့်လ ဖြစ်တယ်။ အလုပ်အခက်အခဲတွေ ပြေလည်မယ်။ ဝင်ငွေလမ်း ကြောင်း သစ်တွေ ပေါ်လာမယ်။ ဒါပေမယ့် မိသားစုအတွင်း မကျေလည်စရာတွေ ပေါ်တတ်လို့ မိသားစုများသူတွေ သတိထားရမယ်။ အ လုပ်၊ နေရာ ၊ ဌာန အပြောင်းအလဲ ပေါ်တတ်တယ်။ ပြောင်းဖြစ်ရင်လည်း ကောင်း လိမ့်မယ်။

(၄၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်တွင် မွေးဖွားသူများ) – အလုပ်အကိုင် စီးပွားရေး ပြေလည်မယ်။ လက်ရှိထက် ပိုကောင်း၊ ပိုအမြတ်ရမယ့် နေရာ၊ အခွင့်အရေးတွေ ပေါ်မယ်။ အရောင်းအဝယ်သမားတွေလည်း အကျိုးအမြတ် ပိုရမယ်။ ဝန်ထမ်းဆို ရာထူးတိုး၊ နေရာကောင်း ရတာတွေ ဖြစ်မယ်။ ဒါပေမယ့် ဈေးကစား၊ စွန့်စားမှု များတဲ့ အလုပ်တွေ အကျိုးမပေးဘူး။ လောင်းကစားလုပ်မိရင် ရှုံးမယ်။ ရှိတာ ပြောင်သွားမယ်။ နှလုံးသားရေးမှာ ရင်ခုန်စရာတွေက ပိုများလာမယ်။ အများအားဖြင့် ကံကောင်းပါ လိမ့်မယ်။

(၅၊ ၁၄ ၊ ၂၃ ရက်တွင် မွေးဖွားသူများ) – လလယ်လောက်အထိ လုပ်ကိုင်သမျှ တလွဲတချော်တွေ များနေမယ်။ စာရင်းမှားတာ၊ အကြိမ်ကြိမ် ပြန်လုပ်ရတာတွေ ဖြစ်မယ်။ အထင်အမြင် အလွဲခံရမယ်။ ဒါပေမယ့် လလယ်ကစ နောက်ပိုင်း အားလုံး ပြန်အဆင်ပြေမယ်။ ဝမ်းဗိုက်နဲ့ ပတ်သက် လို့ ကျန်းမာရေး အညံ့ ရှိနိုင်တယ်။ သတိထားပါ။ ငွေကြေးကိစ္စတွေမှာ ကိုယ်တိုင် ဆုံးဖြတ်ပါ။ သူတပါးကို ကြားဝင် လုပ်ခိုင်းရင် ဆုံးရှုံးလိမ့်မယ်။ နှလုံးသားရေးမှာ အချင်း ချင်း ပဋိပက္ခတွေ မကြာခဏ ဖြစ်တတ်တယ်။

Credit ဧက (ဗေဒင်သုတေသီ)

Add a Comment

Your email address will not be published. Required fields are marked *