တ႐ုတ္ ႂကြားလုံး ထုတ္ေသာ ဒုံးက်ည္ မ်ားကို ေၾကာက္႐ြံ႕ထိန႔္လန႔္စရာ မလိုဟု အေမရိကန္ ေျပာၿပီ

အေမရိကန္သည္ အျငင္းပြား ေတာင္တ႐ုတ္ ပင္လယ္ျပင္ တြင္ မတည္မၿငိမ္မႈမ်ားျဖစ္ေစ ရန္ လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဌာန ကလည္း စြပ္စြဲထား ခဲ့သည္ ။အေမရိကန္ေရတပ္၏ ေလယာဥ္တင္ သေဘၤာမ်ားျဖစ္သည့္ Nimitz ႏွင့္ Ronald Reagen တို႔ ဦးေဆာင္ေသာ တိုက္ခိုက္ေရးတပ္ဖြဲ႕စုသည္ အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္ေန လ်က္ ရွိ သည္။ ယခုမတိုင္မီ အေမရိကန္ေရတပ္က အဆိုပါ ပင္လယ္ျပင္ တြင္ ေလယာဥ္တင္ သေဘၤာႏွစ္စင္းျဖင့္ လည္ပတ္ လုပ္ေဆာင္မႈ ကို။

ၿပီးခဲ့ သည့္ ေျခာက္ႏွစ္ၾကာနီးပါးက ေနာက္ဆုံးလုပ္ေဆာင္ ထားခဲ့ျခင္း ျဖစ္သည္ ။ပူးေပါင္း လုပ္ေဆာင္မႈမ်ား အတြင္း ေလေၾကာင္းရန္ ကာကြယ္မႈ ဆိုင္ရာ ေလ့က်င့္မႈမ်ား၊ နည္းဗ်ဴဟာ အကြက္ဆင္မႈဆိုင္ရာ ေလ့က်င့္မႈမ်ား၊ တကယ့္စစ္ေျမျပင္ပုံစံအတိုင္း တာေဝး ပင္လယ္ ေရေၾကာင္း တိုက္ခိုက္မႈ ေလ့က်င့္မႈ မ်ားႏွင့္ ေဝဟင္ႏွင့္ ပင္လယ္ျပင္ ညႇိႏႈိင္းေပါင္းစပ္ ေလ့က်င့္မႈမ်ား ပါဝင္ၿပီး တိုက္ခိုက္ေရး ပိုင္း အသင့္ ျဖစ္မႈႏွင့္ ပင္လယ္ေရေၾကာင္းဆိုင္ရာ သာလြန္မႈကို ထိန္းထားႏိုင္ ရန္ ရည္႐ြယ္ေၾကာင္း အေမရိကန္ေရတပ္ က ထုတ္ျပန္ သည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၄ ရက္တြင္ လည္း လူဝီစီးယားနား မွ B-52 Stratofortress ဗုံးႀကဲေလယာဥ္ တစ္စင္းလည္း ေပါင္းစပ္ စစ္ေရးေလ့ က်င့္မႈမ်ား အတြက္ ေလယာဥ္တင္သေဘၤာမ်ားႏွင့္ လာေရာက္ ခ်ိတ္ဆက္ပူးေပါင္း ခဲ့ေၾကာင္း သိရသည္။အ ေမရိကန္ ေရတပ္ သည္ အျငင္း ပြား ေတာင္တ႐ုတ္ ပင္လယ္ျပင္ သို႔ ေလယာဥ္တင္ သေဘၤာ ႏွစ္စင္းပါ တိုက္ခိုက္ေရး တပ္ဖြဲ႕အုပ္စုမ်ား ကို ေစလႊတ္ထားခ်ိန္ တ႐ုတ္ ၏ ဒုံးက်ည္ရန္အေပၚ ပူပင္တုန္လႈပ္ေနျခင္း မရွိေၾကာင္း ထုတ္ေဖာ္ သြား ခဲ့သည္ ။

ေတာင္တ႐ုတ္ ပင္လယ္ျပင္အတြင္း အေမရိကန္ေရတပ္ ၏ ေလယာဥ္ တင္သေဘၤာမ်ား ေရာက္ရွိေနျခင္း အေပၚ တ႐ုတ္က သေဘာမေတြ႕ ဘဲ ျဖစ္ေနခဲ့ခ်ိန္ ေလယာဥ္ တင္သေဘၤာမ်ား ကို သေဘၤာဖ်က္ဒုံး လက္နက္မ်ားျဖင့္ ပစ္မွတ္ထား တိုက္ခိုက္ႏိုင္စြမ္းႏွင့္ ပတ္သက္ ၍လည္း တ႐ုတ္ မီဒီယာက ႂကြားလုံး ထုတ္ခဲ့သည္ ။ယင္းေနာက္ တ႐ုတ္၏ လက္နက္မ်ားက ၿခိမ္းေျခာက္မႈတစ္ခု မဟုတ္ေၾကာင္း ႏွင့္ ေတာင္တ ႐ုတ္ပင္လယ္ျပင္ကေန ေလယာဥ္ တင္ သေဘၤာမ်ား ျပန္လည္ ထြက္ခြာရန္ အစီအစဥ္မရွိေၾကာင္း အေမရိကန္က တုံ႔ျပန္ သြားခဲ့သည္။

REF: mizzima burmese

UNICODE

တရုတ် ကြွားလုံး ထုတ်သော ဒုံးကျည် များကို ကြောက်ရွံ့ထိန့်လန့်စရာ မလိုဟု အမေရိကန် ပြောပြီ

အမေရိကန်သည် အငြင်းပွား တောင်တရုတ် ပင်လယ်ပြင် တွင် မတည်မငြိမ်မှုများဖြစ်စေ ရန် လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ကလည်း စွပ်စွဲထား ခဲ့သည် ။အမေရိကန်ရေတပ်၏ လေယာဉ်တင် သင်္ဘောများဖြစ်သည့် Nimitz နှင့် Ronald Reagen တို့ ဦးဆောင်သော တိုက်ခိုက်ရေးတပ်ဖွဲ့စုသည် အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေ လျက် ရှိ သည်။  ယခုမတိုင်မီ အမေရိကန်ရေတပ်က အဆိုပါ ပင်လယ်ပြင် တွင် လေယာဉ်တင် သင်္ဘောနှစ်စင်းဖြင့် လည်ပတ် လုပ်ဆောင်မှု ကို။

ပြီးခဲ့ သည့် ခြောက်နှစ်ကြာနီးပါးက နောက်ဆုံးလုပ်ဆောင် ထားခဲ့ခြင်း ဖြစ်သည် ။ပူးပေါင်း လုပ်ဆောင်မှုများ အတွင်း လေကြောင်းရန် ကာကွယ်မှု ဆိုင်ရာ လေ့ကျင့်မှုများ၊ နည်းဗျူဟာ အကွက်ဆင်မှုဆိုင်ရာ လေ့ကျင့်မှုများ၊ တကယ့်စစ်မြေပြင်ပုံစံအတိုင်း တာဝေး ပင်လယ် ရေကြောင်း တိုက်ခိုက်မှု လေ့ကျင့်မှု များနှင့် ဝေဟင်နှင့် ပင်လယ်ပြင် ညှိနှိုင်းပေါင်းစပ် လေ့ကျင့်မှုများ ပါဝင်ပြီး တိုက်ခိုက်ရေး ပိုင်း အသင့် ဖြစ်မှုနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ သာလွန်မှုကို ထိန်းထားနိုင် ရန် ရည်ရွယ်ကြောင်း အမေရိကန်ရေတပ် က ထုတ်ပြန် သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် လည်း လူဝီစီးယားနား မှ B-52 Stratofortress ဗုံးကြဲလေယာဉ် တစ်စင်းလည်း ပေါင်းစပ် စစ်ရေးလေ့ ကျင့်မှုများ အတွက် လေယာဉ်တင်သင်္ဘောများနှင့် လာရောက် ချိတ်ဆက်ပူးပေါင်း ခဲ့ကြောင်း သိရသည်။အ မေရိကန် ရေတပ် သည် အငြင်း ပွား တောင်တရုတ် ပင်လယ်ပြင် သို့ လေယာဉ်တင် သင်္ဘော နှစ်စင်းပါ တိုက်ခိုက်ရေး တပ်ဖွဲ့အုပ်စုများ ကို စေလွှတ်ထားချိန် တရုတ် ၏ ဒုံးကျည်ရန်အပေါ် ပူပင်တုန်လှုပ်နေခြင်း မရှိကြောင်း ထုတ်ဖော် သွား ခဲ့သည် ။

တောင်တရုတ် ပင်လယ်ပြင်အတွင်း အမေရိကန်ရေတပ် ၏ လေယာဉ် တင်သင်္ဘောများ ရောက်ရှိနေခြင်း အပေါ် တရုတ်က သဘောမတွေ့ ဘဲ ဖြစ်နေခဲ့ချိန် လေယာဉ် တင်သင်္ဘောများ ကို သင်္ဘောဖျက်ဒုံး လက်နက်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းနှင့် ပတ်သက် ၍လည်း တရုတ် မီဒီယာက ကြွားလုံး ထုတ်ခဲ့သည် ။ယင်းနောက် တရုတ်၏ လက်နက်များက ခြိမ်းခြောက်မှုတစ်ခု မဟုတ်ကြောင်း နှင့် တောင်တ ရုတ်ပင်လယ်ပြင်ကနေ လေယာဉ် တင် သင်္ဘောများ ပြန်လည် ထွက်ခွာရန် အစီအစဉ်မရှိကြောင်း အမေရိကန်က တုံ့ပြန် သွားခဲ့သည်။

REF:  mizzima burmese

Add a Comment

Your email address will not be published. Required fields are marked *