ဗန္းေမာ္ၿမိဳ႕တြင္ အဝါေရာင္ အစက္အေျပာက္ က်ိဳင္းေကာင္မ်ား က်ေရာက္ေနျခင္းႏွင့္ ပတ္သက္၍စစ္ေဆးေတြ႕ရွိခ်က္

စိုက္ပ်ိဳးေရးဦးစီးဌာန အေနျဖင့္ ျပည္နယ္ သီးႏွံကာကြယ္ေရးဌာနခြဲမွတစ္ဆင့္ ႐ုံးခ်ဳပ္သီးႏွံကာကြယ္ေရးဌာန၏ အတည္ျပဳခ်က္အရ အဝါေရာင္ အစက္ေပ်ာက္ႏွံေကာင္(Yellow Spotted Grasshopper) အမ်ိဳးအစားျဖစ္ေၾကာင္း၊ ေကာင္ေရ(၂ဝဝ)ခန႔္ က်ေရာက္ေနေၾကာင္းႏွင့္ ဖ်က္ဆီးမႈအေျခအေနျဖင့္လည္း စီးပြားေရး ထိခိုက္သည္အထိ က်ေရာက္မႈမရွိေၾကာင္း ဗန္းေမာ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ၿမိဳ႕နယ္ ဦးစီးမႉး ဦးေက်ာ္စိုးေအာင္ထံမွ သိရသည္။

သီးႏွံကာကြယ္ႏွိမ္နင္းမႈ အေနျဖင့္ ဂ်ဳံမႈန႔္ျဖဴေပးျခင္း၊ ၾကက္သြန္ျဖဴ ေဆးရည္ပက္ဖ်န္းျခင္းႏွင့္ ဆက္စပ္သည့္ စပါးခင္း မ်ားတြင္လည္း ၾကက္သြန္ျဖဴေဆးရည္ပက္ဖ်န္းျခင္း၊ စပါးခင္းသို႔ က်ေရာက္လာပါက သက္ဆိုင္ရာဌာနမ်ားသို႔ အျမန္အေၾကာင္းၾကရန္ ေဒသခံ ေတာင္ သူမ်ားႏွင့္ အႀကံျပဳေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕နယ္ မအူပင္ ေက်း႐ြာတြင္ ကြင္းအမွတ္(၁၅၅/က) အေရွ႕ကြင္း၊ ဦးပိုင္အမွတ္ ၇/၁၊ ေတာင္သူ ဦးေလာစံ၏ ငွက္ေပ်ာပင္မ်ား ႏွင့္ ဘိစပ္ အပင္မ်ား၌ က်ိဳင္းေကာင္မ်ား က်ေရာက္ေနေၾကာသျဖင့္ တာဝန္ရွိ သူမ်ားတို႔က ယမန္ေန႔ နံနက္ ၉ နာရီတြင္ ကြင္းဆင္း ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္သင္း၊ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားသည္ သြားေရာက္ကြင္းဆင္း ၾကည့္ရႈ ခဲ့ရာတြင္ အဆိုပါ က်ိဳင္းေကာင္မ်ားသည္ ယခင္ႏွစ္ ကလည္း ေဒသအတြင္း က်ေရာက္ခဲ့သည္ကို ေတြ႕ရွိဖူးခဲ့ေၾကာင္းႏွင့္ က်ိဳင္းေကာင္အ ဆင့္ အေနျဖင့္ (အဆင့္-၂၊ ၃၊ ၄၊ ၅၊ ၆)မ်ား ေတြ႕ရွိခဲ့သည္။

Credit WE Media

Source – MOI

UNICODE

ဗန်းမော်မြို့တွင် အဝါရောင် အစက်အပြောက် ကျိုင်းကောင်များ ကျရောက်နေခြင်းနှင့် ပတ်သက်၍စစ်ဆေးတွေ့ရှိချက်

စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပြည်နယ် သီးနှံကာကွယ်ရေးဌာနခွဲမှတစ်ဆင့် ရုံးချုပ်သီးနှံကာကွယ်ရေးဌာန၏ အတည်ပြုချက်အရ အဝါရောင် အစက်ပျောက်နှံကောင်(Yellow Spotted Grasshopper) အမျိုးအစားဖြစ်ကြောင်း၊ ကောင်ရေ(၂ဝဝ)ခန့် ကျရောက်နေကြောင်းနှင့် ဖျက်ဆီးမှုအခြေအနေဖြင့်လည်း စီးပွားရေး ထိခိုက်သည်အထိ ကျရောက်မှုမရှိကြောင်း ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်စိုးအောင်ထံမှ သိရသည်။

သီးနှံကာကွယ်နှိမ်နင်းမှု အနေဖြင့် ဂျုံမှုန့်ဖြူပေးခြင်း၊ ကြက်သွန်ဖြူ ဆေးရည်ပက်ဖျန်းခြင်းနှင့် ဆက်စပ်သည့် စပါးခင်း များတွင်လည်း ကြက်သွန်ဖြူဆေးရည်ပက်ဖျန်းခြင်း၊ စပါးခင်းသို့ ကျရောက်လာပါက သက်ဆိုင်ရာဌာနများသို့ အမြန်အကြောင်းကြရန် ဒေသခံ တောင် သူများနှင့် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မအူပင် ကျေးရွာတွင် ကွင်းအမှတ်(၁၅၅/က) အရှေ့ကွင်း၊ ဦးပိုင်အမှတ် ၇/၁၊ တောင်သူ ဦးလောစံ၏ ငှက်ပျောပင်များ နှင့် ဘိစပ် အပင်များ၌ ကျိုင်းကောင်များ ကျရောက်နေကြောသဖြင့် တာဝန်ရှိ သူများတို့က ယမန်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သွားရောက်ကွင်းဆင်း ကြည့်ရှု ခဲ့ရာတွင် အဆိုပါ ကျိုင်းကောင်များသည် ယခင်နှစ် ကလည်း ဒေသအတွင်း ကျရောက်ခဲ့သည်ကို တွေ့ရှိဖူးခဲ့ကြောင်းနှင့် ကျိုင်းကောင်အ ဆင့် အနေဖြင့် (အဆင့်-၂၊ ၃၊ ၄၊ ၅၊ ၆)များ တွေ့ရှိခဲ့သည်။

Credit WE Media

Source – MOI

Add a Comment

Your email address will not be published. Required fields are marked *