ဗိုလ္ခ်ဳပ္မႉးႀကီး(ၿငိမ္း)ဦးသန္းေ႐ႊအပါအဝင္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ား၏ ေဗဒင္အစီအမံမ်ားဖယ္ရွားရွင္းလင္းရန္ သာသနာေရးက ၫႊန္ၾကားထား

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ ႐ြာေကာက္ရပ္ကြက္၊ ပန္းခင္း ၃ နယ္ေျမ၊ စိႏၲာမုနိေက်ာင္းအတြင္းရွိ ႐ုပ္ပြားေတာ္မ်ားသည္ ျမန္မာႏိုင္ငံတြင္ ႐ိုးရာအစဥ္အလာအရ ထုဆစ္ပုံေဖာ္ကာ ၾကည္ညိဳလ်က္ရွိၾကေသာ မုျဒာ ၅၅ မ်ိဳးတြင္ ပါဝင္ျခင္းမရွိဘဲ ဆံေတာ္ေနရာတြင္ ၾကာပန္းပုံျပဳ လုပ္ထားျခင္း၊ လက္ေမာင္းေတာ္၊ ခ်က္ေတာ္၊ ဒူးေတာ္၊ ေက်ာဘက္ႏွင့္ ဦးေခါင္းေတာ္ ေနာက္ဘက္တို႔တြင္ ခ႐ုပတ္ထည့္သြင္းထားျခင္း၊ ညာဘက္လက္ေတာ္သည္ ေရွ႕သို႔ခ်ထားၿပီး ဘယ္ဘက္လက္ေတာ္သည္ ေနာက္ဘက္သို႔ ျဖန႔္ခ်ထားျခင္း စသည္တို႔သည္ ဥဒၵိႆကေစတီ ေတာ္အျဖစ္ ထားရွိရန္ ေလ်ာ္ကန္သင့္ျမတ္မႈမရွိေၾကာင္း ေတြ႕ရသည္ဟု သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ေျပာဆိုသည္။

ယင္း႐ုပ္ပြားေတာ္မ်ားသည္ ေထရဝါဒဗုဒၶဘာသာႏွင့္ ကိုက္ညီမႈမရွိျခင္း၊ ေလာကီအက်ိဳးစီးပြားအတြက္ ေဗဒင္ယၾတာအစီအမံမ်ားႏွင့္ ေပါင္းစပ္ျပဳလုပ္ ထားျခင္း၊ အျခားဘာသာအယူဝါဒမ်ား လႊမ္းမိုးေရာယွက္ေနျခင္း၊ ၾကည္ညိဳဖြယ္မေဆာင္ျခင္း၊ ျမင္ရသူတို႔၏ ၾကည္ညိဳ စိတ္ကို ထိခိုက္ေစျခင္းတို႔ေၾကာင့္ ျမတ္စြာဘုရားရွင္ ၄၅ ဝါကာလပတ္လုံး ေဝေနယ်သတၱဝါတို႔အား တရားေရေအးအၿမိဳက္ေဆးကို တိုက္ ေကြၽးေတာ္မူခဲ့ေသာ ေအးခ်မ္းသည့္ ပုံရိပ္တို႔ႏွင့္ ဆန႔္က်င္ေနသည္ကို ေတြ႕ရွိရသည္ဟု ဆိုသည္။ စိႏၲာမုနိေက်ာင္းဆရာေတာ္ ဦးစႏၵိမာသာ ရ(၈၁ ႏွစ္၊ ၃၃ ဝါ)သည္ ေတာထြက္ရဟန္းတစ္ပါးျဖစ္ၿပီး ပိဋကတ္စာေပတတ္ကြၽမ္းမႈမရွိေၾကာင္း ေတြ႕ရသည္။

ထိုဆရာေတာ္သည္ အ လႉရွင္မ်ား၏ ကိုယ္က်ိဳးစီးပြားအတြက္ စီးပြားဥစၥာအာဏာမ်ား ရရွိေစရန္ ေလာကီအစီအမံမ်ားေပါင္းစပ္၍ ႐ုပ္ပြား ေတာ္မ်ားကို ျပဳလုပ္ေစ ျခင္းျဖစ္သည္ဟု ဆိုသည္။ေလာကီအက်ိဳးစီးပြားအတြက္ ေဗဒင္ယၾတာအစီအမံမ်ားႏွင့္ ေပါင္းစပ္ျပဳလုပ္ထား သည့္ ႐ုပ္တုမ်ားကို ဖယ္ရွား ရွင္းလင္းရန္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ၫႊန္ၾကားခဲ့သည္။ စိႏၲာမုနိေက်ာင္းအတြင္းရွိ ၾကည္ ညိဳဖြယ္မေဆာင္သည့္ ႐ုပ္ပြားေတာ္မ်ားအား ဖယ္ရွားရန္ ေနျပည္ေတာ္သံဃနာယကအဖြဲ႕က ယင္းေက်ာင္းတိုက္ဆရာေတာ္ ဦးစႏၵိမာသာ ရအား ဇူလိုင္ ၁ ရက္ေန႔တြင္ ဝန္ခံကတိျပဳလက္မွတ္ေရးထိုးေစေၾကာင္း သိရသည္။

ဇူလိုင္ ၆ ရက္ေန႔၊ ညေန ၄ နာရီ အခ်ိန္ေနာက္ဆုံးထား ဖယ္ရွားရွင္းလင္းရန္ ဩဝါဒေပးခဲ့ေၾကာင္း ယင္းဝန္ႀကီးဌာန၏ ဇူလိုင္ ၇ ရက္ေန႔က ထုတ္ျပန္တြင္ ပါရွိသည္။ ယင္း႐ုပ္တုမ်ားကို လႉးဒါန္းထားသူမ်ားထဲတြင္ နအဖေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း ဦးသန္းေ႐ႊ၊ ဗိုလ္ ခ်ဳပ္ႀကီးေဟာင္း သူရဦးေ႐ႊမန္းအပါအဝင္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ား၊ အစိုးရအရာရွိႀကီးေဟာင္းမ်ား ပါဝင္သည္။ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ ထဲတြင္ News Watch မွ သြားေရာက္ေလ့လာခဲ့စဥ္က ယင္း႐ုပ္တုအေရအတြက္မွာ ၁၀၀ ေက်ာ္အထိ ေတြ႕ခဲ့ရၿပီး ဆက္လက္ထုလုပ္ႏိုင္ရန္ ျပင္ဆင္မႈမ်ားျပဳလုပ္လ်က္ရွိေနသည္ကိုလည္း ေတြ႕ရွိခဲ့ရသည္။

လက္ရွိတြင္ ႐ုပ္တုအေရအတြက္မွာ မည္မွ်အထိ ရွိေနသည္ကို မသိရေပ။ ဦးစႏၵိမာသာရက”ဘုရားဖူးလာတဲ့သူေတြက ဆုေတာင္း ျပည့္ တယ္လို႔ ယုံၾကည္တဲ့အတြက္ ဘုရားဖူးေတြရဲ႕ ေတာင္းဆိုခ်က္အရ ဉာဏ္ေတာ္အလိုက္ တဆူကို ေလးသိန္းကေန ေျခာက္သိန္းသတ္မွတ္ ၿပီး ထုလုပ္ေစတာ ျဖစ္ပါတယ္”ဟု မိန႔္ၾကားခဲ့သည္။ဦးစႏၵိမာသာရသည္ စိႏၲာမုနိမင္းဝံေတာင္ဘုရား ပရိဝုဏ္အ တြင္းရွိ ဓာတ္ေတာ္ေစ တီေတာ္ပတ္လည္တြင္ ဉာဏ္ေတာ္လက္မ ၃၀ ရွိ ႐ုပ္ပြားေတာ္ ၁၂ ဆူ၊ သိဒၶိရွင္မိုးေကာင္းေစတီေတာ္ပတ္လည္တြင္ ၄ ဆူ၊ ေညာင္ပင္ပတ္ လည္တြင္ ၄ ဆူ၊ (၃၁) ဘုံဘုရားပတ္လည္တြင္ ၄ ဆူ၊ စုစုေပါင္း ဉာဏ္ေတာ္လက္မ ၃၀ ရွိ ႐ုပ္ပြားေတာ္ ၅၁ ဆူႏွင့္ ေဘာ္ႀကိဳဘုရားပတ္ လည္တြင္ ဉာဏ္ေတာ္ ၁၂ လက္မရွိ ႐ုပ္ပြားေတာ္ ၁၆ ဆူ ျပဳလုပ္ထားေၾကာင္း ေတြ႕ရွိရသည္ဟု ဆိုသည္။

REF: NEWS WATCH

UNICODE

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများ၏ ဗေဒင်အစီအမံများဖယ်ရှားရှင်းလင်းရန် သာသနာရေးက ညွှန်ကြားထား

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ နယ်မြေ၊ စိန္တာမုနိကျောင်းအတွင်းရှိ ရုပ်ပွားတော်များသည် မြန်မာနိုင်ငံတွင် ရိုးရာအစဉ်အလာအရ ထုဆစ်ပုံဖော်ကာ ကြည်ညိုလျက်ရှိကြသော မုဒြာ ၅၅ မျိုးတွင် ပါဝင်ခြင်းမရှိဘဲ ဆံတော်နေရာတွင် ကြာပန်းပုံပြု လုပ်ထားခြင်း၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နှင့် ဦးခေါင်းတော် နောက်ဘက်တို့တွင် ခရုပတ်ထည့်သွင်းထားခြင်း၊ ညာဘက်လက်တော်သည် ရှေ့သို့ချထားပြီး ဘယ်ဘက်လက်တော်သည် နောက်ဘက်သို့ ဖြန့်ချထားခြင်း စသည်တို့သည် ဥဒ္ဒိဿကစေတီ တော်အဖြစ် ထားရှိရန် လျော်ကန်သင့်မြတ်မှုမရှိကြောင်း တွေ့ရသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောဆိုသည်။

ယင်းရုပ်ပွားတော်များသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် ကိုက်ညီမှုမရှိခြင်း၊ လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာအစီအမံများနှင့် ပေါင်းစပ်ပြုလုပ် ထားခြင်း၊ အခြားဘာသာအယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း၊ ကြည်ညိုဖွယ်မဆောင်ခြင်း၊ မြင်ရသူတို့၏ ကြည်ညို စိတ်ကို ထိခိုက်စေခြင်းတို့ကြောင့် မြတ်စွာဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား တရားရေအေးအမြိုက်ဆေးကို တိုက် ကျွေးတော်မူခဲ့သော အေးချမ်းသည့် ပုံရိပ်တို့နှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာ ရ(၈၁ နှစ်၊ ၃၃ ဝါ)သည် တောထွက်ရဟန်းတစ်ပါးဖြစ်ပြီး ပိဋကတ်စာပေတတ်ကျွမ်းမှုမရှိကြောင်း တွေ့ရသည်။

ထိုဆရာတော်သည် အ လှူရှင်များ၏ ကိုယ်ကျိုးစီးပွားအတွက် စီးပွားဥစ္စာအာဏာများ ရရှိစေရန် လောကီအစီအမံများပေါင်းစပ်၍ ရုပ်ပွား တော်များကို ပြုလုပ်စေ ခြင်းဖြစ်သည်ဟု ဆိုသည်။လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာအစီအမံများနှင့် ပေါင်းစပ်ပြုလုပ်ထား သည့် ရုပ်တုများကို ဖယ်ရှား ရှင်းလင်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။ စိန္တာမုနိကျောင်းအတွင်းရှိ ကြည် ညိုဖွယ်မဆောင်သည့် ရုပ်ပွားတော်များအား ဖယ်ရှားရန် နေပြည်တော်သံဃနာယကအဖွဲ့က ယင်းကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာသာ ရအား ဇူလိုင် ၁ ရက်နေ့တွင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေကြောင်း သိရသည်။

ဇူလိုင် ၆ ရက်နေ့၊ ညနေ ၄ နာရီ အချိန်နောက်ဆုံးထား ဖယ်ရှားရှင်းလင်းရန် ဩဝါဒပေးခဲ့ကြောင်း ယင်းဝန်ကြီးဌာန၏ ဇူလိုင် ၇ ရက်နေ့က ထုတ်ပြန်တွင် ပါရှိသည်။ ယင်းရုပ်တုများကို လှူးဒါန်းထားသူများထဲတွင် နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဗိုလ် ချုပ်ကြီးဟောင်း သူရဦးရွှေမန်းအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ အစိုးရအရာရှိကြီးဟောင်းများ ပါဝင်သည်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ထဲတွင် News Watch မှ သွားရောက်လေ့လာခဲ့စဉ်က ယင်းရုပ်တုအရေအတွက်မှာ ၁၀၀ ကျော်အထိ တွေ့ခဲ့ရပြီး ဆက်လက်ထုလုပ်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

လက်ရှိတွင် ရုပ်တုအရေအတွက်မှာ မည်မျှအထိ ရှိနေသည်ကို မသိရပေ။ ဦးစန္ဒိမာသာရက”ဘုရားဖူးလာတဲ့သူတွေက ဆုတောင်း ပြည့် တယ်လို့ ယုံကြည်တဲ့အတွက် ဘုရားဖူးတွေရဲ့ တောင်းဆိုချက်အရ ဉာဏ်တော်အလိုက် တဆူကို လေးသိန်းကနေ ခြောက်သိန်းသတ်မှတ် ပြီး ထုလုပ်စေတာ ဖြစ်ပါတယ်”ဟု မိန့်ကြားခဲ့သည်။ဦးစန္ဒိမာသာရသည် စိန္တာမုနိမင်းဝံတောင်ဘုရား ပရိဝုဏ်အ တွင်းရှိ ဓာတ်တော်စေ တီတော်ပတ်လည်တွင် ဉာဏ်တော်လက်မ ၃၀ ရှိ ရုပ်ပွားတော် ၁၂ ဆူ၊ သိဒ္ဓိရှင်မိုးကောင်းစေတီတော်ပတ်လည်တွင် ၄ ဆူ၊ ညောင်ပင်ပတ် လည်တွင် ၄ ဆူ၊ (၃၁) ဘုံဘုရားပတ်လည်တွင် ၄ ဆူ၊ စုစုပေါင်း ဉာဏ်တော်လက်မ ၃၀ ရှိ ရုပ်ပွားတော် ၅၁ ဆူနှင့် ဘော်ကြိုဘုရားပတ် လည်တွင် ဉာဏ်တော် ၁၂ လက်မရှိ ရုပ်ပွားတော် ၁၆ ဆူ ပြုလုပ်ထားကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

REF:   NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *