မိခင္အား ႐ိုက္ႏွက္ေနသူကို ညီျဖစ္သူကခ်ဳပ္ေပးၿပီး တူျဖစ္သူက ႐ိုက္သတ္မႈ ျဖစ္ပြား

ေသဆုံးသူက သူ႔ကို ညီ ျဖစ္သူက လက္ေနာက္ျပန္ခ်ဳပ္ ေႏွာင္ထားခ်ိန္ လႊတ္ေပးဖို႔ ေတာင္းပန္တယ္။ အဲဒီအခ်ိန္မွာ တူျဖစ္သူ ေရာက္လာ ၿပီး သံတူး ႐ြင္းနဲ႔ ေသဆုံးသူ ဦးေခါင္းကို သုံးခ်က္ဆင့္႐ိုက္ခဲ့တာ’’ ဟု ရဲအရာရွိက ေျပာသည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴး လြန္သူ စိုးလြင္ ႏွင့္ မ်ိဳးမင္းဦးကို ေက်ာက္တန္းၿမိဳ႕နယ္ သီလဝါ နယ္ေျမရဲစခန္းက ရာဇသတ္ ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားသည္။

မိခင္အရင္းျဖစ္သူကို ႐ိုက္ႏွက္သည့္ အမ်ိဳးသားတစ္ဦး အသတ္ခံရမႈ ေက်ာက္တန္းၿမိဳ႕ နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲ တပ္ဖြဲ႕က ထုတ္ျပန္ သည္။ဇူလိုင္ ၄ ရက္ ညေနက ေက်ာက္တန္းၿမိဳ႕နယ္ ေ႐ႊျပည္ သာ(၂)ရပ္ကြက္ရွိ ဦးကံသာ လယ္တဲအနီး ကန္ေပါင္ ေပၚတြင္ အဆိုပါရပ္ ကြက္ေန အသက္ (၄၆) ႏွစ္အ႐ြယ္ ဦးဒါးဂ်ားက မိခင္အား ႐ိုက္ႏွက္ေန သည္ကို ၎၏ ညီျဖစ္သူႏွင့္ တူေတာ္စပ္ သူတို႔ ေတြ႕ရွိခဲ့သည္။

ဦးဒါးဂ်ား၏ ညီျဖစ္သူ ဦးစိုးလြင္က ေနာက္ျပန္ခ်ဳပ္ထားရာ လႊတ္ေပး ရန္ ေအာ္ဟစ္ေနစဥ္ ၎တို႔၏ တူေတာ္ စပ္သူ အသက္(၂၀)ႏွစ္ အ ႐ြယ္ မ်ိဳးမင္းဦးက ဝင္ေရာက္ ကာ သံတူး႐ြင္းျဖင့္ ဦးဒါးဂ်ားအား ႐ိုက္ႏွက္ခဲ့သည္။ဦးဒါးဂ်ားမွာ ဦးေခါင္းေပါက္ ၿပဲဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ ေနရာ တြင္ ေသဆုံးခဲ့ၿပီး က်ဴးလြန္(၂)ဦးကို ဖမ္းဆီးစစ္ေဆးေနေၾကာင္း ေက်ာက္တန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ေျပာသည္။

REF: 7DAY DAILY

UNICODE

မိခင်အား ရိုက်နှက်နေသူကို ညီဖြစ်သူကချုပ်ပေးပြီး တူဖြစ်သူက ရိုက်သတ်မှု ဖြစ်ပွား

သေဆုံးသူက သူ့ကို ညီ ဖြစ်သူက လက်နောက်ပြန်ချုပ် နှောင်ထားချိန် လွှတ်ပေးဖို့ တောင်းပန်တယ်။ အဲဒီအချိန်မှာ တူဖြစ်သူ ရောက်လာ ပြီး သံတူး ရွင်းနဲ့ သေဆုံးသူ ဦးခေါင်းကို သုံးချက်ဆင့်ရိုက်ခဲ့တာ’’ ဟု ရဲအရာရှိက ပြောသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူး လွန်သူ စိုးလွင် နှင့် မျိုးမင်းဦးကို ကျောက်တန်းမြို့နယ် သီလဝါ နယ်မြေရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။

မိခင်အရင်းဖြစ်သူကို ရိုက်နှက်သည့် အမျိုးသားတစ်ဦး အသတ်ခံရမှု ကျောက်တန်းမြို့ နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲ တပ်ဖွဲ့က ထုတ်ပြန် သည်။ဇူလိုင် ၄ ရက် ညနေက ကျောက်တန်းမြို့နယ် ရွှေပြည် သာ(၂)ရပ်ကွက်ရှိ ဦးကံသာ လယ်တဲအနီး ကန်ပေါင် ပေါ်တွင် အဆိုပါရပ် ကွက်နေ အသက် (၄၆) နှစ်အရွယ် ဦးဒါးဂျားက မိခင်အား ရိုက်နှက်နေ သည်ကို ၎င်း၏ ညီဖြစ်သူနှင့် တူတော်စပ် သူတို့ တွေ့ရှိခဲ့သည်။

ဦးဒါးဂျား၏ ညီဖြစ်သူ  ဦးစိုးလွင်က နောက်ပြန်ချုပ်ထားရာ လွှတ်ပေး ရန် အော်ဟစ်နေစဉ် ၎င်းတို့၏ တူတော် စပ်သူ အသက်(၂၀)နှစ် အ ရွယ် မျိုးမင်းဦးက ဝင်ရောက် ကာ သံတူးရွင်းဖြင့် ဦးဒါးဂျားအား ရိုက်နှက်ခဲ့သည်။ဦးဒါးဂျားမှာ ဦးခေါင်းပေါက် ပြဲဒဏ်ရာများဖြင့် အခင်းဖြစ် နေရာ တွင် သေဆုံးခဲ့ပြီး ကျူးလွန်(၂)ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့မှ ပြောသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *