မုန႔္ေလး ေကြၽးလိုက္႐ုံျဖင့္ ေတာင္တက္ ခရီးကို အသြားအျပန္ တာဝန္ေက်စြာ ပို႔ေဆာင္ ေပးတတ္တဲ့ ဇြဲကပင္ ေတာင္ေျခက အံ့ဖြယ္ ေခြးကေလး

ဇြဲကပင္ေတာင္တက္ ခရီးသြားဧည့္သည္ေတြကို လိုက္ပို႔ေပး တတ္တဲ့ ေကာင္ေလးေတြ ေတာင္ေျခမွာ မုန႔္ေလး ေကြၽးလိုက္႐ုံျဖင့္ ေတာင္ တက္ခရီးကို အသြားအျပန္ ပို႔ေဆာင္ေပးတတ္ပါတယ္။ လိမၼာလိုက္တာ..ေခြးေလးရယ္ အရင္ဘဝက ဆုေတာင္းမွားခဲ့ေလး သလား…. လူျဖစ္ခဲ့တယ္ တူပါတယ္ ေခြးေလးရယ္ ဇြဲကပင္ေတာင္ သြားလို႔ရေသးလား ေမးတဲ့သူေတြ သြားလို႔ရပါတယ္။

တက္လို႔ ရပါတယ္ မပိတ္ပါ ခင္ဗ်ာ။ ဇြဲကပင္ေတာင္ (အေရွ႕ပိုးကရင္: လါင့္ခြဲါက္ၜင္) သည္ ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္ တြင္ တည္ရွိေသာ ေတာင္ျဖစ္သည္။ ကရင္ျပည္နယ္၏ အမွတ္အသားတစ္ခုျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၂၃၇၂ ေပျမင့္ၿပီး ဘားအံၿမိဳ႕၏ ေတာင္ ဘက္ ၇ မိုင္ခန႔္အကြာ ခေလာက္ႏို႔ေက်း႐ြာ အနီးတြင္ တည္ရွိသည္။

ဇြဲကပင္ေတာင္သို႔ တက္ရန္ႏွင့္ ဆင္းရန္ အတြက္ ေနရာ (၂) ခု ေ႐ြးခ်ယ္ႏိုင္ပါသည္။ တစ္ခုမွာ ခေလာက္ႏို႔ ေက်း႐ြာဝင္ေပါက္ျဖစ္ၿပီး ဘား အံၿမိဳ႕မွ ေန၍ (၁၅) မိနစ္ခန႔္ ဆိုင္ကယ္ (သို႔) ကားျဖင့္ သြားေရာက္ႏိုင္ပါသည္။ ေနာက္တစ္ခုမွာ လုံမဏၰီဥယ်ာဥ္ဝသင္ေပါက္ျဖစ္ၿပီး သံလြင္ တံတားႏွင့္ နီးေသာေၾကာင့္ ခရီးသြားမ်ား အမ်ားဆုံး တက္ေရာက္ေသာ ဝင္ေပါက္ျဖစ္သည္။

Photo – Credit Karen_Media

UNICODE

မုန့်လေး ကျွေးလိုက်ရုံဖြင့် တောင်တက် ခရီးကို အသွားအပြန် တာဝန်ကျေစွာ ပို့ဆောင် ပေးတတ်တဲ့ ဇွဲကပင် တောင်ခြေက အံ့ဖွယ် ခွေးကလေး

ဇွဲကပင်တောင်တက် ခရီးသွားဧည့်သည်တွေကို လိုက်ပို့ပေး တတ်တဲ့ ကောင်လေးတွေ တောင်ခြေမှာ မုန့်လေး ကျွေးလိုက်ရုံဖြင့် တောင် တက်ခရီးကို အသွားအပြန် ပို့ဆောင်ပေးတတ်ပါတယ်။ လိမ္မာလိုက်တာ..ခွေးလေးရယ် အရင်ဘဝက ဆုတောင်းမှားခဲ့လေး သလား…. လူဖြစ်ခဲ့တယ် တူပါတယ် ခွေးလေးရယ် ဇွဲကပင်တောင် သွားလို့ရသေးလား မေးတဲ့သူတွေ သွားလို့ရပါတယ်။

တက်လို့ ရပါတယ် မပိတ်ပါ ခင်ဗျာ။ ဇွဲကပင်တောင် (အရှေ့ပိုးကရင်: လါင့်ခွဲါက်ၜင်) သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် တွင် တည်ရှိသော တောင်ဖြစ်သည်။ ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့၏ တောင် ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာ အနီးတွင် တည်ရှိသည်။

ဇွဲကပင်တောင်သို့ တက်ရန်နှင့် ဆင်းရန် အတွက် နေရာ (၂) ခု ရွေးချယ်နိုင်ပါသည်။ တစ်ခုမှာ ခလောက်နို့ ကျေးရွာဝင်ပေါက်ဖြစ်ပြီး ဘား အံမြို့မှ နေ၍ (၁၅) မိနစ်ခန့် ဆိုင်ကယ် (သို့) ကားဖြင့် သွားရောက်နိုင်ပါသည်။ နောက်တစ်ခုမှာ လုံမဏ္ဏီဥယျာဉ်ဝသင်ပေါက်ဖြစ်ပြီး သံလွင် တံတားနှင့် နီးသောကြောင့် ခရီးသွားများ အများဆုံး တက်ရောက်သော ဝင်ပေါက်ဖြစ်သည်။

Photo – Credit Karen_Media

Add a Comment

Your email address will not be published. Required fields are marked *