အက်ဥ္းေထာင္အတြင္း ဝန္ထမ္း(၁)ဦးထံမွ မူးယစ္ေဆးဝါးမ်ား ဖမ္းမိျပန္ၿပီ

အက်ဥ္းေထာင္ အတြင္း မူးယစ္ေဆးဝါးမ်ားဖမ္းမိတာနဲ႔ ပတ္သက္ၿပီး သူတို႔ ၃ ဦးကို ေျမာင္းျမၿမိဳ႕မရဲစခန္းမွာ မူးယစ္ေဆးဝါးႏွင့္စိတ္ ကို ေျပာင္းလဲ ေစတက္ ေသာ ေဆးဝါမ်ားဆိုင္ရာပုဒ္မ ၁၉(က)/၂၁၊ တို႔နဲ႔ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေန တယ္လို႔ ရဲတပ္ဖြဲ႕ဆီက သိရပါတယ္။ ေျမာင္းျမၿမိဳ႕မွာ ၂၀၂၀ ခုႏွစ္အတြင္း မူးယစ္ေဆးဝါး ဖမ္းဆီးရမိလို႔ အေရးယူထားရမႈမွာ ဒီတစ္ႀကိမ္ပါ အပါဆိုရင္ ၁၁ ႀကိမ္ထိရွိၿပီလို႔ ရဲစ ခန္းရဲ႕ မွတ္တမ္းေတြအရ သိရပါတယ္။

ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕ အက်ဥ္းေထာင္မွာ ဇူလိုင္လ ၆ ရက္ေန႔ ညေနပိုင္းက အက်ဥ္းေထာင္ တာဝန္က် အက်ဥ္းဝန္ ၁ ဦးဆီကေန မူးယစ္ေဆးဝါးေတြ ရွာေဖြဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။သတင္းေပးမႈအရ ေျမာင္းျမၿမိဳ႕မရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြက ေျမာင္းျမအက်ဥ္း ေထာင္မွာ အက်ဥ္းဦးစီး တပ္သားအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ အသက္ ၂၀ အ႐ြယ္ရွိ ေအာင္ပိုင္ၿဖိဳးဆီမွာ သြားေရာက္ ရွာေဖြစဥ္ ဖမ္းမိ ခဲ့တာလို႔ ေျမာင္းျမၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူက ေျပာပါတယ္။

က်ေနာ္တို႔ သတင္းအရ သြားရွာေတာ့ ကတၱီပါဖိနပ္ခင္းေအာက္မွာ ဝွက္ပိုးယူေဆာင္လာတဲ့ WYေဆးျပားေတြနဲ႔ အိုက္စ္လို႔ယူဆရတဲ့ ပုံ ေဆာင္ခဲတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ သူနဲ႔ပတ္သက္တဲ့ ကြင္းဆက္တရားခံကိုလည္း တခ်ိန္တယ္း ထပ္မံဖမ္းဆီးရရွိထားပါတယ္။” ေအာင္ပိုင္ၿဖိဳးဆီက စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၂၄၄ ျပားနဲ႔ အိုက္က္စ္လို႔ ယူဆရတဲ့ ဝ.၁ ဂရမ္ရွိ ပုံေဆာင္ခဲ ၁ ခဲနဲ႔အတူ ဖမ္းမိခဲ့တာလို႔ ဆိုပါ တယ္။

ရဲတပ္ဖြဲ႕က အက်ဥ္းေထာင္အတြင္း မူးယစ္ေဆးဝါးေတြ ပို႔ခိုင္းသူကို ဆက္လက္စုံစမ္းရာ အက်ဥ္းေထာင္ဝန္ထမ္းေဟာင္း သန႔္ဇင္ေမာင္က အက်ဥ္းက်ေနတဲ့ အက်ဥ္းသား တင္ကိုကိုထံကို ေငြ ၁ သိန္းေပးၿပီး ပို႔ခိုင္းတာလို႔သိရွိၿပီး ကြင္းဆက္တရားခံေတြကို ဆက္လက္ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

REF: THE LIFESTYLE MYANMAR

UNICODE

အကျဉ်းထောင်အတွင်း ဝန်ထမ်း(၁)ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိပြန်ပြီ

အကျဉ်းထောင် အတွင်း မူးယစ်ဆေးဝါးများဖမ်းမိတာနဲ့ ပတ်သက်ပြီး သူတို့ ၃ ဦးကို မြောင်းမြမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ် ကို ပြောင်းလဲ စေတက် သော ဆေးဝါများဆိုင်ရာပုဒ်မ ၁၉(က)/၂၁၊ တို့နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေ တယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။ မြောင်းမြမြို့မှာ ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိလို့ အရေးယူထားရမှုမှာ ဒီတစ်ကြိမ်ပါ အပါဆိုရင် ၁၁ ကြိမ်ထိရှိပြီလို့ ရဲစ ခန်းရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အကျဉ်းထောင်မှာ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင် တာဝန်ကျ အကျဉ်းဝန် ၁ ဦးဆီကနေ မူးယစ်ဆေးဝါးတွေ ရှာဖွေဖမ်းမိခဲ့တယ်လို့ သိရပါတယ်။သတင်းပေးမှုအရ မြောင်းမြမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက မြောင်းမြအကျဉ်း ထောင်မှာ အကျဉ်းဦးစီး တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၀ အရွယ်ရှိ အောင်ပိုင်ဖြိုးဆီမှာ သွားရောက် ရှာဖွေစဉ် ဖမ်းမိ ခဲ့တာလို့ မြောင်းမြမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောပါတယ်။

ကျနော်တို့ သတင်းအရ သွားရှာတော့ ကတ္တီပါဖိနပ်ခင်းအောက်မှာ ဝှက်ပိုးယူဆောင်လာတဲ့ WYဆေးပြားတွေနဲ့ အိုက်စ်လို့ယူဆရတဲ့ ပုံ ဆောင်ခဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ ကွင်းဆက်တရားခံကိုလည်း တချိန်တယ်း ထပ်မံဖမ်းဆီးရရှိထားပါတယ်။” အောင်ပိုင်ဖြိုးဆီက စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄၄ ပြားနဲ့ အိုက်က်စ်လို့ ယူဆရတဲ့ ဝ.၁ ဂရမ်ရှိ ပုံဆောင်ခဲ ၁ ခဲနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါ တယ်။

ရဲတပ်ဖွဲ့က အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးတွေ ပို့ခိုင်းသူကို ဆက်လက်စုံစမ်းရာ အကျဉ်းထောင်ဝန်ထမ်းဟောင်း သန့်ဇင်မောင်က အကျဉ်းကျနေတဲ့ အကျဉ်းသား တင်ကိုကိုထံကို ငွေ ၁ သိန်းပေးပြီး ပို့ခိုင်းတာလို့သိရှိပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

REF:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *