အိႏၵိယသည္ ကမာၻေပၚတြင္ ကိုဗစ္-၁၉ကူးစက္မႈႏႈန္း တတိယအျမင့္ဆုံးေနရာသို႔ ေရာက္ရွိ
|အိႏၵိယသည္ ကမာၻေပၚတြင္ အေမရိကႏွင့္ ဘရာဇီးၿပီးလွ်င္ တတိယ ေျမာက္ကူးစက္မႈႏႈန္းအမ်ားဆုံးႏိုင္ငံျဖစ္ေသာ္လည္း ေသဆုံးမႈႏႈန္း တြင္ အ႒မ ေျမာက္ေနရာတြင္ပင္ရွိသည္ဟု ဂြၽန္ေဟာ့ ကင္းတကၠသိုလ္က ျပဳလုပ္ေသာစာရင္း ဇယားမ်ားအရသိရသည္။ ယခုအခါ ကမာၻ႔ ႏိုင္ငံအစိုးရ အမ်ားစုသည္ ကို႐ိုနာကူးစက္ ျပန္႔ပြားမႈအား ကိုင္တြယ္ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အစြမ္းကုန္ႀကိဳး ပမ္းလ်က္ရွိသည္။
ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံမွ သိပၸံပညာရွင္ ၂၃၉ ဦးက ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO အေနႏွင့္ ကို႐ိုနာဗိုင္း ရပ္စ္ေလထဲမွတစ္ဆင့္ ကူးစက္ႏိုင္ေျခ မ်ားေနမႈအတြက္ ၫႊန္ၾကားခ်က္တစ္ရပ္ အျမန္ဆုံးထုတ္ျပန္ေပးရန္ တိုက္တြန္းလိုက္သည္။ သိပၸံပညာရွင္မ်ားအဆိုအရ ကို႐ိုနာ ဗိုင္းရပ္စ္ သည္ ေလထဲတြင္ရွင္သန္ႏိုင္ေၾကာင္းႏွင့္ ေသးငယ္ေသာအမႈန္ေလးမ်ားက လူအမ်ားကို ကူးစက္ေစႏိုင္ေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံတြင္ လြန္ခဲ့သည့္ ၂၄ နာရီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ သူ ၂၄,၀၀၀ ဦးရွိခဲ့ၿပီး အိႏၵိယသည္ ႐ုရွား ကိုေက်ာ္လြန္ၿပီး ကမာၻ ေပၚတြင္ တတိယေျမာက္ ကူးစက္မႈႏႈန္းအျမင့္ဆုံးႏိုင္ငံ အဆင့္သို႔ ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း BBC သတင္းဌာနက ေရးသားေဖာ္ျပ သည္ ။ VOA သတင္းအရ အိႏၵိယႏိုင္ငံတြင္ တနလၤာေန႔က ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၃,၀၀၀ ဦးထပ္မံေတြ႕ရွိခဲ့ ေၾကာင္း သိရသည္။
လက္ရွိအေနအထားတြင္ အိႏၵိယ၌ ဗိုင္းရပ္စ္အတည္ျပဳလူနာ ၆၉၉,၄၀၂ ဦး ရွိၿပီး ယင္းေရာဂါေၾကာင့္ ေသဆုံးသူ ၁၉,၇၀၇ ဦးရွိသည္။ ယခု အခါ အိႏၵိယထက္ ကူးစက္မႈ ႏႈန္းပိုမ်ားေသာ ႏိုင္ငံမွာ အေမရိကန္ ျပည္ေထာင္စုႏွင့္ ဘရာဇီးတို႔သာျဖစ္ သည္။
REF: THE VOICE
UNICODE
အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ကူးစက်မှုနှုန်း တတိယအမြင့်ဆုံးနေရာသို့ ရောက်ရှိ
အိန္ဒိယသည် ကမ္ဘာပေါ်တွင် အမေရိကနှင့် ဘရာဇီးပြီးလျှင် တတိယ မြောက်ကူးစက်မှုနှုန်းအများဆုံးနိုင်ငံဖြစ်သော်လည်း သေဆုံးမှုနှုန်း တွင် အဋ္ဌမ မြောက်နေရာတွင်ပင်ရှိသည်ဟု ဂျွန်ဟော့ ကင်းတက္ကသိုလ်က ပြုလုပ်သောစာရင်း ဇယားများအရသိရသည်။ ယခုအခါ ကမ္ဘာ့ နိုင်ငံအစိုးရ အများစုသည် ကိုရိုနာကူးစက် ပြန့်ပွားမှုအား ကိုင်တွယ် ထိန်းချုပ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုး ပမ်းလျက်ရှိသည်။
နိုင်ငံပေါင်း ၃၂ နိုင်ငံမှ သိပ္ပံပညာရှင် ၂၃၉ ဦးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနှင့် ကိုရိုနာဗိုင်း ရပ်စ်လေထဲမှတစ်ဆင့် ကူးစက်နိုင်ခြေ များနေမှုအတွက် ညွှန်ကြားချက်တစ်ရပ် အမြန်ဆုံးထုတ်ပြန်ပေးရန် တိုက်တွန်းလိုက်သည်။ သိပ္ပံပညာရှင်များအဆိုအရ ကိုရိုနာ ဗိုင်းရပ်စ် သည် လေထဲတွင်ရှင်သန်နိုင်ကြောင်းနှင့် သေးငယ်သောအမှုန်လေးများက လူအများကို ကူးစက်စေနိုင်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူ ၂၄,၀၀၀ ဦးရှိခဲ့ပြီး အိန္ဒိယသည် ရုရှား ကိုကျော်လွန်ပြီး ကမ္ဘာ ပေါ်တွင် တတိယမြောက် ကူးစက်မှုနှုန်းအမြင့်ဆုံးနိုင်ငံ အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြ သည် ။ VOA သတင်းအရ အိန္ဒိယနိုင်ငံတွင် တနင်္လာနေ့က ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃,၀၀၀ ဦးထပ်မံတွေ့ရှိခဲ့ ကြောင်း သိရသည်။
လက်ရှိအနေအထားတွင် အိန္ဒိယ၌ ဗိုင်းရပ်စ်အတည်ပြုလူနာ ၆၉၉,၄၀၂ ဦး ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၁၉,၇၀၇ ဦးရှိသည်။ ယခု အခါ အိန္ဒိယထက် ကူးစက်မှု နှုန်းပိုများသော နိုင်ငံမှာ အမေရိကန် ပြည်ထောင်စုနှင့် ဘရာဇီးတို့သာဖြစ် သည်။
REF: THE VOICE