ျမန္မာႏိုင္ငံအတြင္း ေဒၚလာေစ်း လက္ရွိထက္က်ဆင္းပါက ကုန္ထုတ္လုပ္ငန္းေတြ ထိခိုက္ႏိုင္

အေမရိကန္ေဒၚလာေစ်း ၁၃၀၀ ေအာက္ေရာက္သြားရင္ေတာ့ နည္းနည္းေလးေတာ့ ဒုကၡေတြ႕ႏိုင္တာေပါ့ေနာ္၊ အဓိက COVID လည္းျဖစ္ ေနတယ္၊ အခု အလုပ္သမားေတြကလည္း လုပ္ခလစာ တိုးေတာင္း ေနတယ္၊ order ( ကုန္အမွာ) ေတြက လည္း မၿငိမ္ဘူး၊ ရတဲ့ order ကလည္း ပို႔ဖို႔က နည္းနည္းခက္ေနတယ္။ အဲဒီေတာ့ က်ေနာ္တို႔ ဆီမွာက အစအဆုံး ဘာမွမရွိႏိုင္ဘူးေလ၊ ပိတ္ကအစ။ ဆိုးဆိုး႐ြား႐ြားႀကီး ျဖစ္လွခ်ည္လို႔ မေျပာေသးပါဘူး၊ တာစူေနၿပီေပါ့။ တည္ၿငိမ္ေနတဲ့ဟာေလး ျဖစ္ရင္ ပိုေကာင္းတာေပါ့။

တခ်ိဳ႕ကိစၥက ထိန္းလို႔မရဘူးေလ ဒါေပမယ့္ ႏိုင္ငံေတာ္မွာ ေငြရွိတဲ့အခါက်ေတာ့ လုပ္လို႔ရတာေတြ အမ်ားႀကီးရွိတာေပါ့။ ဆိုးဆိုး႐ြား႐ြား မျဖစ္ခင္ အေျခအေနမွန္ကို သိဖို႔ေတာ့ လိုတာေပါ့။” ျမန္မာကုန္သြယ္ေရးဝန္ႀကီးဌာန အခ်က္အရဆိုရင္ ၂၀၁၉ ကေန ၂၀၂၀ ဧၿပီလအထိ ပုံမွန္နဲ႔ နယ္စပ္ကုန္သြယ္ေရး ပို႔ကုန္နဲ႔သြင္းကုန္ ႏွစ္ခုေပါင္းမွာ ျမန္မာႏိုင္ငံက အေမရိကန္ေဒၚလာ ၂၂၆၅၁. ၄၂၇ သန္းဖိုး ကုန္သြယ္ထားၿပီး သြင္းကုန္ကေတာ့ အနည္းငယ္ ပိုမ်ားေနတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္က အေမရိကန္ ေဒၚလာနဲ႔ ျမန္မာေငြလဲႏႈန္း က်ဆင္းလာေနတဲ့အတြက္ ကုန္ထုတ္လုပ္ငန္းေတြမွာ ထိခိုက္လာမွာ စိုးရိမ္မႈ ေတြ ထြက္ေပၚလာေန ပါတယ္။ျမန္မာႏိုင္ငံ ဗဟိုဘဏ္ရဲ႕ ဒီေန႔ ေဒၚလာနဲ႔က်ပ္ေငြ လဲလွယ္ႏႈန္း ရည္ၫႊန္း တန္ဖိုးဟာ ၁၃၇၁.၁ က်ပ္ျဖစ္ၿပီး ျပင္ပ ဘဏ္ေတြမွာေတာ့ တေဒၚလာကို ၁၃၆၀ က်ပ္ေလာက္သာ ေဈးေပါက္ပါတယ္။ ဗဟိုဘဏ္က ၾကား ဝင္ထိန္းေနတဲ့ ၾကားက ေဒၚလာ ေဈး တျဖည္းျဖည္းက်လာတဲ့ အေပၚမွာေတာ့ ျပည္တြင္း ကုန္ထုတ္လုပ္ငန္းရွင္ေတြ စိုးရိမ္ေနၾကပါတယ္။

ကုန္သြယ္ေရးဝန္ႀကီးဌာန သင္တန္းေက်ာင္းတာဝန္ခံ ဦးသိန္းျမင့္ေဝကေတာ့ ေငြလဲႏႈန္း က်ပ္ေငြ ၁၂၀၀ ေအာက္အထိ က်ဆင္းမသြားဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။ အခုလက္ရွိကေတာ့ ဗဟိုဘဏ္က ဝင္ေရာက္ထိန္းေၾကာင္းေနတာပဲေပါ့၊ ဒါကေတာ့ သိသာထင္ရွားတဲ့ အခ်က္ကေလးေပါ့။ အဲဒီလို ဝင္ေရာက္ ထိန္းေၾကာင္းေပးလို႔လည္း က်သင့္က်ထိုက္တာထက္ ပိုမက်ဘူးလို႔လည္း ျမင္တာေပါ့ေနာ္၊ ပထမ တခ်က္ကေတာ့။ ဒုတိယက အဲလို ၁၂၀၀ ( က်ပ္) ေအာက္ ေရာက္သြားမယ္ဆို သိပ္မႀကိဳက္ဘူးေပါ့ ။

က်ေနာ္တို႔ အျမင္ကေတာ့။ ဒီ ၁၄၀၀ ပတ္ဝန္းက်င္ေလာက္ကေတာ့ reasonable exchange rate ျဖစ္မယ္လို႔ေတာ့ ျမင္တာေပါ့။” ျပည္ တြင္း ကုန္ထုတ္လုပ္ငန္းေတြ အထူးသျဖင့္ အထည္ခ်ဳပ္လုပ္ငန္းေတြဟာ ပို႔ကုန္အတြက္ အေမရိကန္ေဒၚလာနဲ႔ရၿပီး ဝန္ထမ္းေတြကို လစာ ရွင္းတဲ့အခါမွာ က်ပ္ေငြလဲလွယ္ရသလို ၊ လစာတိုးေပးညႇိႏႈိင္းတာေတြလည္းရွိလို႔ ေဒၚလာေဈး ဆက္က်မယ္ဆိုရင္ေတာ့ ကုန္ထုတ္လုပ္ငန္း ေတြအတြက္ အဆင္ေျပမွာ မဟုတ္ဘူးလို႔ ေ႐ႊလင္ပန္းစက္မႈဇုံ ဥကၠ႒ ဦးေအးေသာင္းက ေျပာပါတယ္။

ေဒၚလာေဈးက်လို႔ ပို႔ကုန္လုပ္ငန္းရွင္ေတြ စိုးရိမ္ေနတဲ့ တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံရဲ႕ ကုန္ထုတ္လုပ္မႈ အၫႊန္းကိန္းဟာ ေမလထဲမွာ ၃၈.၉ ရွိေနရာကေန ၄၈.၇ အထိ တိုးလာေၾကာင္း လန္ဒန္အေျခစိုက္ စီးပြားေရးအကဲျဖတ္အဖြဲ႕ IHS Markit ရဲ႕ ဇူလိုင္ ၂ရက္က ထုတ္ျပန္ ခ်က္မွာ ေဖာ္ျပထားပါတယ္။

Credit- ဒီဗြီဘီ

UNICODE

မြန်မာနိုင်ငံအတွင်း ဒေါ်လာဈေး လက်ရှိထက်ကျဆင်းပါက ကုန်ထုတ်လုပ်ငန်းတွေ ထိခိုက်နိုင်

အမေရိကန်ဒေါ်လာစျေး ၁၃၀၀ အောက်ရောက်သွားရင်တော့ နည်းနည်းလေးတော့ ဒုက္ခတွေ့နိုင်တာပေါ့နော်၊ အဓိက COVID လည်းဖြစ် နေတယ်၊ အခု အလုပ်သမားတွေကလည်း လုပ်ခလစာ တိုးတောင်း နေတယ်၊ order ( ကုန်အမှာ) တွေက လည်း မငြိမ်ဘူး၊ ရတဲ့ order ကလည်း ပို့ဖို့က နည်းနည်းခက်နေတယ်။ အဲဒီတော့ ကျနော်တို့ ဆီမှာက အစအဆုံး ဘာမှမရှိနိုင်ဘူးလေ၊ ပိတ်ကအစ။ ဆိုးဆိုးရွားရွားကြီး ဖြစ်လှချည်လို့ မပြောသေးပါဘူး၊ တာစူနေပြီပေါ့။ တည်ငြိမ်နေတဲ့ဟာလေး ဖြစ်ရင် ပိုကောင်းတာပေါ့။

တချို့ကိစ္စက ထိန်းလို့မရဘူးလေ ဒါပေမယ့် နိုင်ငံတော်မှာ ငွေရှိတဲ့အခါကျတော့ လုပ်လို့ရတာတွေ အများကြီးရှိတာပေါ့။ ဆိုးဆိုးရွားရွား မဖြစ်ခင် အခြေအနေမှန်ကို သိဖို့တော့ လိုတာပေါ့။” မြန်မာကုန်သွယ်ရေးဝန်ကြီးဌာန အချက်အရဆိုရင် ၂၀၁၉ ကနေ ၂၀၂၀ ဧပြီလအထိ ပုံမှန်နဲ့ နယ်စပ်ကုန်သွယ်ရေး ပို့ကုန်နဲ့သွင်းကုန် နှစ်ခုပေါင်းမှာ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၂၂၆၅၁. ၄၂၇ သန်းဖိုး ကုန်သွယ်ထားပြီး သွင်းကုန်ကတော့ အနည်းငယ် ပိုများနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်က အမေရိကန် ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်း ကျဆင်းလာနေတဲ့အတွက် ကုန်ထုတ်လုပ်ငန်းတွေမှာ ထိခိုက်လာမှာ စိုးရိမ်မှု တွေ ထွက်ပေါ်လာနေ ပါတယ်။မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒီနေ့ ဒေါ်လာနဲ့ကျပ်ငွေ လဲလှယ်နှုန်း ရည်ညွှန်း တန်ဖိုးဟာ ၁၃၇၁.၁ ကျပ်ဖြစ်ပြီး ပြင်ပ ဘဏ်တွေမှာတော့ တဒေါ်လာကို ၁၃၆၀ ကျပ်လောက်သာ ဈေးပေါက်ပါတယ်။ ဗဟိုဘဏ်က ကြား ဝင်ထိန်းနေတဲ့ ကြားက ဒေါ်လာ ဈေး တဖြည်းဖြည်းကျလာတဲ့ အပေါ်မှာတော့ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာန သင်တန်းကျောင်းတာဝန်ခံ ဦးသိန်းမြင့်ဝေကတော့ ငွေလဲနှုန်း ကျပ်ငွေ ၁၂၀၀ အောက်အထိ ကျဆင်းမသွားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ အခုလက်ရှိကတော့ ဗဟိုဘဏ်က ဝင်ရောက်ထိန်းကြောင်းနေတာပဲပေါ့၊ ဒါကတော့ သိသာထင်ရှားတဲ့ အချက်ကလေးပေါ့။ အဲဒီလို ဝင်ရောက် ထိန်းကြောင်းပေးလို့လည်း ကျသင့်ကျထိုက်တာထက် ပိုမကျဘူးလို့လည်း မြင်တာပေါ့နော်၊ ပထမ တချက်ကတော့။ ဒုတိယက အဲလို ၁၂၀၀ ( ကျပ်) အောက် ရောက်သွားမယ်ဆို သိပ်မကြိုက်ဘူးပေါ့ ။

ကျနော်တို့ အမြင်ကတော့။ ဒီ ၁၄၀၀ ပတ်ဝန်းကျင်လောက်ကတော့ reasonable exchange rate ဖြစ်မယ်လို့တော့ မြင်တာပေါ့။” ပြည် တွင်း ကုန်ထုတ်လုပ်ငန်းတွေ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွေဟာ ပို့ကုန်အတွက် အမေရိကန်ဒေါ်လာနဲ့ရပြီး ဝန်ထမ်းတွေကို လစာ ရှင်းတဲ့အခါမှာ ကျပ်ငွေလဲလှယ်ရသလို ၊ လစာတိုးပေးညှိနှိုင်းတာတွေလည်းရှိလို့ ဒေါ်လာဈေး ဆက်ကျမယ်ဆိုရင်တော့ ကုန်ထုတ်လုပ်ငန်း တွေအတွက် အဆင်ပြေမှာ မဟုတ်ဘူးလို့ ရွှေလင်ပန်းစက်မှုဇုံ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။

ဒေါ်လာဈေးကျလို့ ပို့ကုန်လုပ်ငန်းရှင်တွေ စိုးရိမ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု အညွှန်းကိန်းဟာ မေလထဲမှာ ၃၈.၉ ရှိနေရာကနေ ၄၈.၇ အထိ တိုးလာကြောင်း လန်ဒန်အခြေစိုက် စီးပွားရေးအကဲဖြတ်အဖွဲ့ IHS Markit ရဲ့ ဇူလိုင် ၂ရက်က ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

Credit- ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *