(7) JULYမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ‌ေျပာခဲ့ဖူးတဲ့ ရဲရဲေတာက္ မိန႔္ခြန္း အျပည့္အစုံ

ျပည္သူလူထုရဲ႕ မွန္ကန္တဲ့အင္အား၊ ညီၫႊတ္မႈအင္အားကို ဘယ္သူမွ ေရရွည္လြန္ဆန္ႏိုင္မွာ မဟုတ္ပါဘူး။ နဝတ လည္း လြန္ဆန္ႏိုင္မွာ မဟုတ္ပါဘူး။ တပ္မေတာ္လည္း လြန္ဆန္ႏိုင္မွာ မဟုတ္ပါဘူး။ နဝတတို႔၊ တပ္မေတာ္တို႔ဆိုတာလည္း ျပည္သူလူထုက ေကြၽးေမြးထားတဲ့ အဖြဲ႕အစည္းေတြျဖစ္ပါတယ္။ ဒီေတာ့ ျပည္သူလူထုအေပၚမွာ အင္မတန္မွ ေက်းဇူးရွိပါတယ္။ ေက်းဇူးရွင္ကို ေက်းဇူးမသိတတ္လို႔ ရွိရင္ ေတာ့ ဒုကၡေရာက္စၿမဲပဲ။ ဒီေတာ့ က်မတို႔ရဲ႕ ေက်ာင္းသားလူငယ္မ်ားအေနနဲ႔ စိတ္ဓာတ္မက်ပါနဲ႔။ ၿခိမ္းေျခာက္တာေၾကာင့္ မေၾကာက္ပါနဲ႔။ ဒါေပမဲ့ သတၱိဆိုတာေတာ့ ရွိပါ။ က်မကို ဆရာေတာ္ႀကီးတပါးကေနၿပီးေတာ့ မိန႔္လိုက္သလိုေပါ့ေလ။

အရင္တုန္းက ေဖေဖ့ကိုလည္း မိန႔္ခဲ့ပါတယ္ဆိုၿပီး က်မကို ထပ္ၿပီးေတာ့ မိန႔္လိုက္ပါတယ္။ ေျခာက္တိုင္းလည္း မေၾကာက္ပါနဲ႔၊ မေၾကာက္ ဘဲလည္း မေနပါနဲ႔ေပါ့ေလ။ ေျခာက္တိုင္းလည္း မေၾကာက္ပါနဲ႔၊ မေၾကာက္ဘဲလည္း မေနပါနဲ႔ဆိုတာဟာ သတိထားရမယ္။ အကာအကြယ္ ယူရမယ္။ ဒီလိုၿခိမ္းေျခာက္ေနတယ္ဆိုတာ နားလည္ရမယ္။ ဘယ္လိုသေဘာနဲ႔ ၿခိမ္းေျခာက္ေနသလဲဆိုတာ က်မတို႔ နားလည္ရမယ္။ က် မတို႔ရဲ႕ အေကာင္းဆုံးအကာအကြယ္ကေတာ့ ညီၫႊတ္မႈအင္အားပဲ၊ စည္းကမ္းပဲ။ က်မတို႔ ညီညီၫႊတ္ၫႊတ္ စည္းကမ္းရွိရွိနဲ႔ လုပ္သြားမယ္ ဆိုလို႔ရွိရင္ က်မတို႔ကို ရန္ရွာဖို႔ အင္မတန္မွ ခဲယဥ္းပါလိမ့္မယ္။

အခုလို ေက်ာင္းသားလူငယ္မ်ားဟာ စည္းကမ္းရွိရွိ အခမ္းအနာႀကီး က်င္းပသြားႏိုင္တယ္ဆိုတာဟာ အင္မတန္မွ အား တက္စရာျဖစ္ပါ တယ္။ မနက္တုန္းကလည္း ပါတီေပါင္းမ်ားစြာဟာ (၇) ရက္ေန႔ ဇူလိုင္လ အခမ္းအနားမ်ားကိုလည္း က်င္းပသြားပါတယ္။ ဒီလိုညီၫႊတ္မႈ အင္အားဟာ တေန႔ထက္တေန႔ တက္လာတယ္ဆိုတာ ျမင္ေတြ႕ရပါတယ္။ ဒီလိုတက္လာတဲ့ ညီၫႊတ္မႈအင္အားနဲ႔ပဲ က်မတို႔ ေအာင္ပန္းကို ဆင္ႏိုင္ပါတယ္။ ကိုယ္လိုခ်င္တဲ့ပန္းတိုင္ကို ေရာက္သြားမွာပါ။တေျဖးေျဖး မဟုတ္ဘဲနဲ႔ ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ ေရာက္ ေရး အတြက္ က်မတို႔ ပိုၿပီးေတာ့ ႀကိဳးစားရမယ္။ ဒီေနာက္ တလ၊ ႏွစ္လအတြင္းမွာ အခမ္းအနားအမ်ိဳးမ်ိဳး က်င္းပရမယ္ဆိုတာ ေျပာခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္ကေနၿပီးေတာ့ (၇) ရက္ေန႔ ဇူလိုင္လ၊ (၁၉) ရက္ေန႔ ဇူလိုင္လဆိုၿပီးေတာ့ ႀကိမ္းေမာင္း ေန တယ္လို႔ ေျပာသြားပါတယ္။ က်မ ႀကိမ္းေမာင္းေနတာ မဟုတ္ပါဘူး။ သတိေပးေနတာပါ။ ျပည္သူလူထုကို၊ ဒီအခမ္းအနားေတြရွိတယ္။ ဒီ အျဖစ္အပ်က္အားလုံးဟာ က်မတို႔ႏိုင္ငံမွာ ႏိုင္ငံေရးျပႆနာမ်ားကို လက္နက္နည္းနဲ႔ ေျဖရွင္းခဲ့လို႔ျဖစ္တယ္။ ေနာင္ထပ္ၿပီးေတာ့ လက္ နက္နည္းနဲ႔ ႏိုင္ငံေရး ျပႆနာမ်ား မေျဖရွင္းႏိုင္ေအာင္လို႔ က်မတို႔ ႀကိဳးပမ္းသြားရမယ္။ စည္းကမ္းရွိရွိ၊ ေအးေအးခ်မ္းခ်မ္းနဲ႔ ႀကိဳးပမ္းသြား ရမယ္။ ဒါပဲ က်မ ထပ္တလဲလဲ ေျပာသြားတာပါ။ က်မ စပီကာမေကာင္းလို႔ ေအာ္မိလို႔ ႀကိမ္းေမာင္းေနတယ္ ထင္သလားေတာ့ မသိဘူး။

က်မတို႔ ဇူလိုင္လ (၇) ရက္ေန႔ဟာ သမဂၢ ၿပိဳကြဲတဲ့ေန႔ လည္း ျဖစ္ပါတယ္။ ေက်ာင္းသား လူငယ္မ်ား က်ဆုံးတဲ့ ေန႔လည္း ျဖစ္ပါတယ္။ ဒီေတာ့ ဒီေန႔ဟာ ပညာေရးနဲ႔ လည္း သက္ဆိုင္တယ္။ ႏိုင္ငံေရးနဲ႔ လည္း သက္ဆိုင္ပါတယ္။အဲဒီေတာ့ ဒီေန႔နဲ႔ပတ္သက္လို႔ ႏိုင္ငံေရးကိစၥ မ်ား၊ ပညာေရးကိစၥမ်ား ေျပာတဲ့အခါ အတိတ္၊ ပစၥဳပၸန္နဲ႔ အနာဂတ္ဟာ ဆက္စပ္ေန တယ္ဆိုတာ က်မတို႔ သတိ ထားဖို႔လိုပါတယ္။ ဒီေတာ့ အတိတ္က ျဖစ္ခဲ့တဲ့ ႏိုင္ငံေရးျပႆနာမ်ားကို ေလ့လာတဲ့အခါမွာ အခုပစၥဳပၸန္မွာ ဘယ္လိုျဖစ္ေနတယ္ဆိုတာ က်မတို႔ ၾကည့္ရမယ္။ ေက်ာင္းသားသမဂၢကို ဘာျဖစ္လို႔ ၿဖိဳခြဲသြားသ လဲဆိုတာ က်မတို႔ ျပန္ၿပီးေတာ့ ၾကည့္ရမွာပဲ။

ဘယ္လိုနည္းေတြနဲ႔ ၿဖိဳခြဲသြားသလဲဆိုတာ က်မတို႔ ျပန္ၿပီးေတာ့ ၾကည့္ရပါလိမ့္မယ္။၁၉၆၂ ေက်ာင္းသားမ်ားကို ပစ္သတ္ျခင္း၊ ေက်ာင္း သားသ မဂၢကို ၿဖိဳခြဲျ ခင္းမျဖစ္ခင္မွာ ေက်ာင္းသား မ်ားဟာ အဲ့ဒီတုန္းက စစ္အာဏာပိုင္မ်ားနဲ႔ ေဆြးေႏြးပါ၊ ညႇိႏႈိင္းပါဆိုၿပီးေတာ့ ေတာင္း ဆိုခဲ့တယ္။ ဒါကိုလည္း ျငင္းခဲ့တယ္။ ဒီစစ္အာဏာ ပိုင္မ်ားဟာ ေက်ာင္းသား မ်ားနဲ႔ ေက်ာင္း သားသမဂၢအေရးကို ေျဖရွင္းတဲ့ေနရာမွာ Aid to Civil Power လုပ္သင့္လုပ္ထိုက္တဲ့ စည္းမ်ဥ္းမ်ားကို မလိုက္နာဘဲ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တယ္။ အဲဒီေတာ့ ေျဖရွင္းတဲ့နည္း၊ ညႇိႏႈိင္းတိုင္ပင္တဲ့နည္းကို ျငင္းဆန္ခဲ့တဲ့ Aid to civil Power ဆိုတဲ့ တပ္မေတာ္တခုအေနနဲ႔ ထိန္းသင့္ထိန္းထိုက္တဲ့ စည္းမ်ဥ္းေတြကို ။

မထိန္းခဲ့တာကေတာ့ ဦးေနဝင္းပဲ။ အဲ့ဒီဟာကို အားလုံးရင္ဆိုင္ရမယ္။ က်မ ဒီလိုေျပာေနရျခင္း အေၾကာင္းဟာ ဦးေနဝ င္းကို သက္သက္ ပုဂၢိဳလ္ေရး အရ တိုက္ခိုက္ခ်င္လို႔ မဟုတ္ဘူး။ အခု ပစၥဳပၸန္ျဖစ္ေနတဲ့ ကိစၥေတြနဲ႔ ဆက္ႏြယ္ေနလို႔ပါ။ တေန႔တုန္းက ဗိုလ္ခ်ဳပ္ႀကီး ေစာ ေမာင္ဟာ မိန႔္ခြန္းေျပာသြားပါတယ္။ အဲဒီမိန႔္ခြန္းထဲမွာ Aid to Civil Power ဆိုတာ သူအယုံအၾကည္မရွိဘူး ဆိုတာကိုလည္း ေျပာသြား ပါတယ္။ အဲဒီေတာ့ အဒီသေဘာထားေတြဟာ ဦးေနဝင္း သေဘာထားေတြနဲ႔ တထပ္ထဲပါပဲ။ ဦးေနဝင္းရဲ႕ သေဘာထားေတြနဲ႔ တထပ္ထဲ မို႔လို႔ အခုထိတိုင္ေအာင္ ဦးေနဝင္းရဲ႕ ဩဇာအာဏာဟာ ျမန္မာႏိုင္ငံေပၚမွာ လႊမ္းမိုးေနတယ္ဆိုတာ အင္မတန္မွ ထင္ရွားပါတယ္။

က်မတို႔ ႏိုင္ငံေရးျပႆနာေတြကို မွန္မွန္ကန္ကန္ မရင္ဆိုင္ႏိုင္လို႔ရွိရင္ေတာ့ ဘယ္နည္းနဲ႔မွ ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔လို႔ က်မ ဒီကိစၥေတြကို ေဖာ္ျပတာပါ။ အခုအခ်ိန္မွာ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္ဟာ ဘယ္လိုပဲ ဦးေနဝင္းဟာ အၿငိမ္းစားသြားၿပီလို႔ေျပာေျပာ၊ ဦး ေနဝင္းလုပ္တဲ့အတိုင္း ဆက္ၿပီး လုပ္မယ္ဆိုလို႔ရွိရင္ ဦးေနဝင္းရဲ႕ အာဏာေအာက္မွာရွိတယ္လို႔ပဲ က်မတို႔ သတ္မွတ္ရမွာပဲ။ ျပည္သူလူထုနဲ႔ ေက်ာင္းသားလူငယ္မ်ားကို လက္နက္နည္းနဲ႔ ဆက္ၿပီးေတာ့ ေခ်မႈန္းဦးမယ္၊ ထိခိုက္ဦးမယ္ဆိုလို႔ရွိရင္ေတာ့လည္း ဦးေနဝင္းရဲ႕ အမိန႔္အရ လုပ္တယ္လို႔ပဲ က်မတို႔ သတ္မွတ္ရမွာပဲ။ ဒီေတာ့ နဝတ အစိုးရအေနနဲ႔ တကယ္ပဲ ဦးေနဝင္းရဲ႕ ဩဇာအာဏာ။

ေအာက္ကေနၿပီးေတာ့ လြတ္ကင္းတယ္ဆိုတာ ျပခ်င္လို႔ရွိရင္ ဦးေနဝင္းနည္းေတြကို ဆက္ၿပီးေတာ့ မသုံးပါနဲ႔ေတာ့။ သမဂၢကို ၿဖိဳခြဲတဲ့ ဦး ေနဝင္း၊ ေက်ာင္းသားမ်ားကို သတ္ျဖတ္ခဲ့တဲ့ ဦးေနဝင္းရဲ႕ နည္းေတြကို လုံးလုံးဆက္ၿပီးေတာ့ မသုံးပါနဲ႔ေတာ့ ဆိုၿပီးေတာ့ က်မတို႔ ဒီကေန႔ ဆက္ၿပီးေတာ့ ေတာင္းဆိုရမွာပဲ။ဒါႏိုင္ငံေရးအရ ျဖစ္ပါတယ္။ ႏိုင္ငံေရးအရ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းတယ္ဆိုတာ ညႇိႏႈိင္းေဆြးေႏြး တိုင္ပင္တဲ့နည္းပါ။ အရင္တုန္းက ႏိုင္ငံျခားကိုလိုနီအစိုးရမ်ားေတာင္မွ ဒီနည္းကို သုံးခဲ့ပါတယ္။ ဒါေၾကာင့္မို႔လို႔ က်မတို႔ အခ်င္းခ်င္း ဒီနည္းကို ပိုၿပီးေတာ့ သုံးသင့္ပါတယ္။ အခ်င္းခ်င္း ညႇိႏႈိင္းရမယ္၊ ေဆြးေႏြးရမယ္၊ တိုင္ပင္ရမယ္။

အမ်ားေကာင္းက်ိဳးအတြက္ ေဆြးေႏြးရမွာ၊ ညႇိႏႈိင္းရမွာ၊ တိုင္ပင္ရမွာျဖစ္ပါတယ္။ ညႇိႏႈိင္း၊ ေဆြးေႏြး၊ တိုင္ပင္တယ္ဆိုတာ စကားရည္လုပြဲ မဟုတ္ပါဘူး။ အရႈံးအႏိုင္ရွာတဲ့ပြဲ မဟုတ္ပါဘူး။ ျပည္သူလူထုအတြက္ အေကာင္းဆုံးအေျဖရွာတဲ့ပြဲ ျဖစ္ပါတယ္။ ဒါကို က်မတို႔အားလုံး ဦးတည္ရမယ္။ေက်ာင္းသားလူငယ္မ်ားဟာ လြတ္လပ္ေရးမရခင္ကတည္းက ႏိုင္ငံေရးမွာ ပါဝင္ခဲ့တယ္၊ ပါလည္း ပါဝင္သင့္တယ္။ က်မ တို႔အားလုံးမွာ တာဝန္ရွိပါတယ္။ ေက်ာင္းသားမ်ားဟာ ႏိုင္ငံေရးတာဝန္မ်ားလည္း ရွိတယ္။ ပညာေရးတာဝန္မ်ားလည္း ရွိတယ္။ ပညာ ေရးတာဝန္ဆိုေတာ့ ေက်ာင္းသားမ်ားဟာ ပညာရွာဖို႔ပဲ။ ဒါေပမဲ့ တန္ဖိုးရွိတဲ့ပညာဆိုတာ ဘာလဲ။

က်မအျမင္ေတာ့ တန္ဖိုးရွိတဲ့ပညာဆိုတာ အမ်ားေကာင္းက်ိဳးအတြက္ သုံးႏိုင္တဲ့ ပညာသာျဖစ္ရမယ္။ အမ်ားေကာင္က်ိဳးအတြက္ မသုံး ႏိုင္တဲ့ ပညာဟာ တန္ဖိုးမရွိႏိုင္ဘူး။ ဒါေၾကာင့္ က်မတို႔ ေက်ာင္းသားလူငယ္မ်ားဟာ အမ်ားေကာင္းက်ိဳးအတြက္ သုံးႏိုင္တဲ့ ပညာမ်ိဳးကို ရွာရမယ္။ဒီလိုရွာတဲ့ေနရာမွာ ပညာမာန္တက္ဖို႔ မဟုတ္ပါဘူး။ ေက်ာင္းသားသမဂၢ ၿဖိဳခြဲေရးကိစၥနဲ႔ပတ္သက္လို႔ မနက္တုန္းက အခမ္းအ နားမွာ ပါဝင္ခဲ့တဲ့ အရင္တုန္းက ေက်ာင္းသားေဟာင္း ဦးတင္ေမာင္ဝင္းဟာ ေျပာသြားပါတယ္။ အဲ့ဒီအခ်ိန္အခါတုန္းက အျပင္မွာ တပ္ေတြ ကရွိတယ္၊ တပ္မေတာ္သားမ်ားဟာ ရွိတယ္၊ အတြင္းမွာ ေက်ာင္းသားမ်ားဟာ ရွိတယ္၊

အဲသလို တပ္မေတာ္သားမ်ားက ေက်ာင္းသားမ်ားကို ေသနတ္ေတြနဲ႔ ခ်ိန္ထားတဲ့အခါက်ေတာ့ ေက်ာင္းသားမ်ားဟာ ေဒါသျဖစ္ၿပီးေတာ့ ေအာ္လိုက္ၾကတယ္တဲ့။ မင္းတို႔ သုံးေယာက္ေပါင္းလို႔မွ (၇) တန္းေအာင္ရဲ႕လားလို႔ ေျပာလိုက္ၾကတယ္တဲ့။ (ဩဘာသံမ်ား) က်မနဲ႔ နား လည္မႈလြဲၿပီလို႔ ထင္ပါတယ္။ က်မ မေျပာသင့္ဘူးလို႔ ေျပာမလို႔၊ ဒီလိုဟာ မေျပာသင့္ပါဘူး။ ဒီလို (ေျပာတာဟာ) ပညာမာန္ပါတယ္လို႔ က်မ ထင္ပါတယ္။ရဲေဘာ္မ်ား၊ တပ္မေတာ္သားဟာလည္း က်မတို႔ရဲ႕ ႏိုင္ငံသူ၊ ႏိုင္ငံသားအခ်င္းခ်င္းပဲ။ ဒီလိုတပ္မေတာ္ထဲကို ဝင္းသြားရတဲ့ တပ္ မေတာ္သားမ်ားဟ ဘယ္လိုအေျခအေနက လာလဲဆိုတာ က်မတို႔ ျပန္ၿပီးေတာ့ စဥ္းစားရမယ္။

ေတာ္ေတာ္မ်ားမ်ားဟာ ဆင္းရဲႏြမ္းပါးတဲ့ မိသားစုထဲက လာတာပါ။ က်မတို႔တိုင္းျပည္ ဆင္းရဲေနလို႔ အဲ့ဒီလို ဆင္းရဲႏြမ္းပါးတဲ့ မိသားစုေတြ ရွိေနတာပဲ။ အဲ့ဒီေတာ့ ပညာဆိုတာနဲ႔ပတ္သက္လို႔ တခါထဲ ေျပာသြားမယ္။ ဒီတပ္မေတာ္သားမ်ားဟာ ဟုတ္တယ္၊ သုံးေယာက္ေပါင္းလို႔ (၇) တန္းေအာင္ခ်င္မွလည္း ေအာင္မယ္။ ဒါေပမဲ့ ဒါေၾကာင့္မို႔လို႔ က်မတို႔ဟာ ႏွိမ္ဖို႔မလိုပါဘူး။အေရးအခင္းတုန္းက ျပည္သူလူထုေအာ္သြား တဲ့ ေႂကြးေၾကာ္သံ တခုရွိတယ္။ ဗိုလ္ခ်ဳပ္ေပးတဲ့ စစ္ပညာ၊ ေက်ာင္းသားျပည္သူ သတ္ဖို႔ မဟုတ္ဘူးတဲ့။ အဲဒီေတာ့ တပ္မေတာ္သားမ်ားကို စစ္ပညာေပးထားတယ္။ စစ္ပညာဆိုတာ ဘာလဲ။ ျပည္သူလူထုကို ကာကြယ္ဖို႔၊ ျပည္သူလူထုအက်ိဳး ထမ္းေဆာင္တဲ့ပညာပဲ။

အဲ့ဒီလို ျပည္သူလူထုအက်ိဳး ထမ္းေဆာင္တဲ့ ပညာမရွိလို႔သာ မပ္မေတာ္သားမ်ားကို ပညာမရွိဘူးလို႔ က်မတို႔ ေျပာရမွာပဲ။ (၇) တန္းမ ေအာင္လို႔ မဟုတ္ဘူး။ ဆယ္တန္းမေအာင္လို႔ မဟုတ္ဘူး။ တကၠသိုလ္မေရာက္လို႔ မဟုတ္ဘူး။ မွန္မွန္ကန္ကန္ ျပည္သူလူထုအက်ိဳး ထမ္း ေဆာင္ဖို႔ ေပးထားတဲ့ပညာကို အလြဲသုံးစား လုပ္လို႔သာျဖစ္တယ္။ဒီေတာ့ ပညာဆိုတာဟာ တကၠသိုလ္ ေက်ာင္းသားမ်ားသာ ပိုင္ဆိုင္တာ မဟုတ္ပါဘူး။ တပ္မေတာ္သားမ်ားလည္း ပိုင္ဆိုင္ႏိုင္တယ္။ မွန္ကန္တဲ့ စစ္ပညာကို ပိုင္ဆိုင္ႏိုင္တယ္။ ဒါေပမဲ့ က်မတို႔ (၂၆) ႏွစ္အတြင္းမွာ ေက်ာင္းသားေတြကိုလည္း မွန္ကန္တဲ့ ေတြးေခၚတတ္တဲ့ပညာကို မေပးထားဘူး။

တပ္မေတာ္သားေတြကိုလည္း မွန္ကန္တဲ့စစ္ပညာကို မေပးထားဘူး။ အဲ့ဒီလိုမေပးတာလည္း ဦးေနဝင္းပဲ။ တရားခံကိုေတာ့ က်မတို႔အား လုံးသိရမယ္။ ဦးေနဝင္း ဘာျဖစ္လို႔ ဒီတိုင္းျပည္ကို ဒီေလာက္ၾကာၾကာ အုပ္စိုးသြားလဲ။ က်မတို႔အားလုံးေၾကာင့္ပဲ။ ျပည္သူလူထုက ဘာ ျဖစ္လို႔ လူတေယာက္ရဲ႕ ဩဇာအာဏာ၊ မွန္မွန္မလုပ္ႏိုင္တဲ့ လူတေယာက္ရဲ႕ ဩဇာအာဏာ၊ တန္ဖိုးရွိတဲ့ ပညာကို နားမလည္တဲ့ လူတ ေယာက္ရဲ႕ ဩဇာအာဏာကို ဒီတိုင္းျပည္ေပၚမွာ ဒီေလာက္ၾကာၾကာ လႊမ္းမိုးခြင့္ေပးသြားသလဲ။ ဒါက်မတို႔ အားလုံးမွာ တာဝန္ရွိပါတယ္။ အခု ဒီမွာရွိတဲ့ ေက်ာင္းသားလူငယ္မ်ားကေတာ့ တာဝန္အကင္းလြတ္ဆုံးပဲ။

ဘာျဖစ္လို႔လည္းဆိုေတာ့ အခုေတာင္မွ (၂၆) ႏွစ္အ႐ြယ္မရွိတဲ့ လူငယ္ေတြ အမ်ားႀကီးပါပဲ။ ငယ္ငယ္ေလးေတြမို႔လို႔ မလုပ္ႏိုင္ဘူးလို႔ ေျပာ ႏိုင္ပါတယ္။ ဒါေပမဲ့လည္း အားလုံးကေတာ့ တာဝန္ရွိတာပဲ။ ဘယ္လိုမွ က်မတို႔ဟာ ဒီတာဝန္ ေအာက္က ႐ုန္းကန္ၿပီးေတာ့ ထြက္လို႔မ ျဖစ္ပါဘူး။ႏိုင္ငံတႏိုင္ငံရဲ႕ ကံၾကမၼာကို ဖန္တီးတာဟာ ႏိုင္ငံသူ၊ ႏိုင္ငံသား အေပါင္းျဖစ္တယ္။ ဒီေတာ့ က်မတို႔အားလုံးဟာ တာဝန္ရွိခဲ့ၿပီ။ အရင္တုန္းက အျဖစ္အပ်က္ေတြအတြက္ တာဝန္ရွိခဲ့ၿပီ။ မွားတဲ့ႏိုင္ငံေရးလမ္းစဥ္ေတြ၊ မွားတဲ့ ပညာေရးလမ္းစဥ္ေတြနဲ႔ က်မတို႔ တိုင္းျပည္ ဟာ ႏႊဲခဲ့ရၿပီ။ ေနာင္က်လို႔ရွိရင္ မွန္ကန္တဲ့ႏိုင္ငံေရးလမ္းစဥ္နဲ႔ မွန္ကန္တဲ့ပညာေရးလမ္းစဥ္ေတြသာ ဒီတိုင္းျပည္မွာ ရွိဖို႔လိုပါတယ္။

ဒီေတာ့ က်မတို႔ရဲ႕ ေက်ာင္းသားလူငယ္မ်ားဟာ အခုအခ်ိန္မွာ ေက်ာင္းေတြပိတ္ေနတယ္။ ပညာေရးနဲ႔ ကင္းကြာေနတယ္ဆိုတာ ေက်ာင္း ပညာေရးနဲ႔ ကင္းကြာေနတယ္။ ေလာကထဲမွာ ပညာရွာေနတယ္။ ေလာကႀကီးထဲမွာ ပညာရွာေနတဲ့အခါ ႏိုင္ငံေရးအသိုင္းအဝိုင္းထဲမွာ ပညာရွာတဲ့အခါမွာလည္း တန္ဖိုးရွိတဲ့ ပညာရွာဖို႔ လိုပါတယ္။ အမ်ားအက်ိဳးအတြက္ဆိုတဲ့ ပညာ ရွာၾကပါတယ္။ အမ်ားအက်ိဳးအတြက္ ဆိုတဲ့ ပညာဟာ ေက်ာင္းတခါမွ မေနဖူးတဲ့ လူေတာင္မွ ရွာႏိုင္ပါတယ္။ ဒီလိုပညာေတြ က်မတို႔ႏိုင္ငံသူ၊ ႏိုင္ငံသားေတြမွာ အားလုံးရွိလို႔ရွိရင္ ဒီတိုင္းျပည္က ႏိုင္ငံေရးစနစ္ကလည္း မွန္ကန္မယ္။ လူမႈေရးစနစ္မလည္း မွန္ကန္မယ္။

လူမႈေရးစနစ္၊ ႏိုင္ငံေရးစနစ္၊ ပညာေရးစနစ္၊ စီးပြားေရးစနစ္ဆိုတာ အားလုံး ဆက္ႏြယ္ေနပါတယ္။ ဒါလည္း အားလုံးသိၿပီးသားပဲ။ ဒီေတာ့ မွန္ကန္တဲ့ပညာ ရွာေရးဆိုတာ မွန္ကန္တဲ့ ႏိုင္ငံေရးလုပ္ေရးလည္း ျဖစ္ပါတယ္။ တခါထဲနဲ႔ ေက်ာင္းသားမ်ားဟာ ႏိုင္ငံေရးေရာ၊ ပညာေရး ေရာ ေအာင္ေအာင္ျမင္ျမင္ လုပ္သြားႏိုင္ပါတယ္။ ဒီအခ်ိန္မွာ ေက်ာင္းမ်ားပိတ္ေနတာေတာင္မွ ေအာင္ေအာင္ျမင္ျမင္ လုပ္သြားႏိုင္ပါတယ္ ။အခုဆိုလို႔ရွိရင္ ခုႏွစ္ ဇူလိုင္လ (၇ ဇူလိုင္) သတိရတဲ့အခါမွာ အင္မတန္မွ ဝမ္းနည္းတယ္။ တို႔ရဲ႕တိုင္းျပည္မွာ အင္မတန္မွ ႐ိုင္း႐ိုင္းစိုင္းစိုင္း ျပဳမူသြားၾကတယ္။ ယဥ္ေက်းတဲ့ တိုင္းျပည္တခုမွာ မျဖစ္သင့္၊ မျဖစ္ထိုက္တဲ့ ျဖစ္ရပ္ေတြဟာ ျဖစ္သြားၾကတယ္။

ယဥ္ေက်းတဲ့တိုင္းျပည္ တခု ျပန္ၿပီးေတာ့ျဖစ္ေအာင္ က်မတို႔ ႀကိဳးစားရမယ္။ ဒီလိုယဥ္ေက်းတဲ့ တိုင္းျပည္တခုျဖစ္ဖို႔ဆိုတာကလည္း ေက်ာင္းသားလူငယ္မ်ားရဲ႕ လက္ထဲမွာ ရွိပါတယ္။ ေစာေစာက ဝိဓူရဦးခ်စ္ေမာင္ ေျပာသြားတဲ့အတိုင္းပဲ အနာဂတ္ဆိုတာကလည္း လူငယ္ ေတြရဲ႕ လက္ထဲမွာ အမ်ားဆုံးပဲရွိပါတယ္။ ဒီအနာဂတ္ကို ခ်ီတက္သြားတဲ့အခ်ိန္မွာ မွန္မွန္ကန္ကန္ ခ်ီတက္သြားၾကပါ။ က်မတို႔တိုင္းျပည္ရဲ႕ ေရွ႕ေရးကို အၿမဲပဲၾကည့္ပါ။ ဒါေၾကာင့္ က်မတို႔ တမင္သက္သက္ တပ္မေတာ္သားမ်ားရဲ႕ ပညာေရးကို ထည့္ၿပီးေတာ့ ေျပာတာပါ။ တပ္မ ေတာ္နဲ႔ ျပည္သူ အစဥ္အၿမဲကြဲေနလို႔ေတာ့ မျဖစ္ပါဘူး။ တပ္မေတာ္သားမ်ားဟာ ဆင္းရဲတဲ့ အသိုင္းအဝိုင္းမ်ားက လာတယ္ဆိုတာ။

က်မတို႔ သတိထားရမယ္။ ဒါေၾကာင့္မို႔လို႔ က်မတို႔မွာ ၾကင္နာစိတ္ေတြ ရွိရမယ္။ ဒီတပ္မေတာ္သားမ်ားဟာ က်မတို႔ တကၠသိုလ္ေက်ာင္း သားေတြလို ပညာသင္ရတဲ့ အခြင့္အေရးေတြ မရွိခဲ့ဘူး။ တပ္မေတာ္ထဲမွာ ဦးေနဝင္းတို႔လို ပုဂၢိဳလ္မ်ိဳးေပးလိုက္တဲ့ စစ္ပညာေတြ၊ မမွန္မ ကန္တဲ့ စစ္ပညာေတြသာ ရွိခဲ့တယ္။ ဒီေတာ့ ဒီလိုမမွန္မကန္တဲ့ စစ္ပညာေတြအစား မွန္ကန္တဲ့အမ်ိဳးသားေရးစိတ္ဓာတ္ေတြ က်မတို႔ ျပန္ၿပီးေတာ့ သြင္းေပးရမယ္။ ဒါ အားလုံးမွာ တာဝန္ရွိပါတယ္။ႏိုင္ငံတႏိုင္ငံဟာ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္ဖို႔၊ တည္တံ့ခိုင္ၿမဲ၊ ဂုဏ္ သကၡာရွိတဲ့ တပ္မေတာ္ ရွိဖို႔ လိုပါတယ္။ အခုအခ်ိန္မွာေတာ့ အထူးသျဖင့္ စိတ္ဝမ္းကြဲေနတာကေတာ့ ေက်ာင္းသားေတြနဲ႔ တပ္မေတာ္။

ၾကားထဲမွာပဲ။ ဘာျဖစ္လို႔လည္းဆိုေတာ့ တပ္မေတာ္လက္ထဲမွာ အခံရဆုံးက ေက်ာင္းသားေတြပဲ။ စစ္ဆိုလို႔ ေရေတာင္စစ္မေသာက္ဖူးလို႔ က်မကို ေျပာပါတယ္။ ေရ စစ္မေသာက္လို႔ရွိရင္ေတာ့ ပိုးဝင္႐ုံပဲရွိတယ္။ အဲဒီေတာ့ က်မတို႔ ဒီလိုစိတ္ေတြ ထားလို႔မျဖစ္ဘူး။ ေက်ာင္းသား မ်ားဟာ ပညာသင္တဲ့လူေတြပဲ။ ဒါေၾကာင့္မို႔လို႔ ပိုၿပီးေတာ့ သေဘာထားႀကီးရမယ္။ ပိုၿပီးေတာ့ အျမင္က်ယ္ရမယ္။ သေဘာထားႀကီးႀကီး အျမင္က်ယ္က်ယ္နဲ႔ ခြင့္လႊတ္ႏိုင္တဲ့ စိတ္ဓာတ္ေတြရွိရမယ္။ ပညာမရွိတဲ့လူနဲ႔ ႐ုန္းေနလို႔၊ နဘမ္းသတ္ေနလို႔လည္း မသင့္ေတာ္ပါဘူး။ ဒီေတာ့ ကိုယ္နဲ႔ တန္းတူညီတူျဖစ္ေအာင္ ပညာေပးၿပီးမွ နဘမ္းသတ္တာမွ နဘမ္းသတ္ရက်ိဳး နပ္ပါတယ္။ ဒါေၾကာင့္ ႀကိဳးစားၾကပါ။

စစ္ပညာမ်ား ျပန္ၿပိးေတာ့ သင္ေပးႏိုင္ရမယ္၊ စစ္ပညာဆိုတာ ျပည္သူ႔အတြက္၊ ျပည္သူ႔ကို ကာကြယ္ဖို႔၊ ျပည္သူကိုသတ္ဖို႔ မဟုတ္ဘူးဆို တာ က်မတို႔ ျပန္ၿပီးေတာ့ သင္ေပးရမယ္။ အခုအခ်ိန္မွာ က်မတို႔ သတိထားရပါလိမ့္မယ္။ မေန႔တေန႔တုန္းက ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္ ေျပာသြားတဲ့ မိန႔္ခြန္းထဲမွာ ျပည္သူလူထုကို ၿခိမ္းေျခာက္တဲ့ အရိပ္ေယာင္ေတြ ပါတယ္လို႔ က်မ ျမင္ပါတယ္။ ဒီလို ၿခိမ္းေျခာက္တဲ့ အရိပ္ ေယာင္ဆိုတာ က်မ လုံးလုံးမႏွစ္သက္ပါဘူး။ ဒီလို အာဏာကို ကိုင္ၿပီးေတာ့၊ လက္နက္ကို ကိုင္ၿပီးေတာ့ ျပည္သူလူထုကို ၿခိမ္းေျခာက္ တယ္ဆိုတာ အင္မတန္မွ မသင့္ေတာ္ပါဘူး။ နည္းအမ်ိဳးမ်ိဳးနဲ႔ မဟုတ္မမွန္ကန္တာေတြ ေျပာၿပီးေတာ့ ဒီမိုကေရစီေရးကို ထိုးႏွက္ေနတယ္။

ဒါေတြက ဆိုးလွပါၿပီ။ က်မတို႔ႏိုင္ငံမွာ အာဏာစက္ ဆက္ၿပီးေတာ့ သုံးသြားမယ္ဆိုလို႔ရွိရင္ေတာ့ ဘယ္လိုမွ အဖတ္ဆယ္ႏိုင္မွာ မဟုတ္ဘူး။ ျပည္သူလူထုကလည္း ဘယ္ေတာ့မွ ခြင့္လႊတ္ႏိုင္မွာ မဟုတ္ပါဘူး။အာဏာစက္သုံးတဲ့ အေလ့အထႀကီးကိုေတာ့ က်မတို႔ ဒီကေနၿပီးေတာ့ ရပ္ဆိုင္းရေတာ့မယ္။ နဝတ အေနနဲ႔ ႏိုင္ငံအေပၚမွာ ေစတနာရွိရင္၊ နဝတ အေနနဲ႔ ဦးေနဝင္းရဲ႕ အမိန႔္အာဏာကို လြန္ဆန္ရဲတဲ့ သတၱိရွိရင္ အာဏာစက္ဆိုတဲ့ စကားလုံးကို လုံးလုံး ဆက္ၿပီးေတာ့ မသုံးပါနဲ႔ေတာ့။ ျပည္သူလူထုနဲ႔ ဒီမိုကေရစီလိုလားတဲ့ အင္အားစုေတြနဲ႔ ညႇိႏႈိင္း၊ ေဆြးေႏြး၊ တိုင္ပင္ရဲတဲ့ သတၱိကိုသာ ေမြးျမဴပါ။ အဲ့ဒါမွ တကယ့္သတၱိပါ။ ေသနတ္ႀကီးရွိလို႔ ပစ္ရဲတယ္ဆိုတာဟာ သတၱိမဟုတ္ပါဘူး။

ဘာမွ လက္ထဲမွာ မရွိဘဲနဲ႔ အမွန္တရားအရ အေျဖရွာခ်င္တဲ့ သတၱိမ်ိဳးသာ က်မတို႔ လိုခ်င္ပါတယ္။ဒါေၾကာင့္မို႔လို႔ က်မတို႔ ေက်ာင္းသားလူ ငယ္မ်ား၊ ဒီမိုကေရစီလိုလားတဲ့ အင္အားစုမ်ားကလည္း အတိတ္ကျဖစ္ရပ္မ်ားကို စဥ္းစားၿပီးေတာ့ မွန္မွန္ကန္ကန္လုပ္ဖို႔ သႏၷိဌာန္ခ် ၾက ပါ။ က်မ ဒါ ထပ္တလဲလဲေျပာေနတဲ့ကိစၥပါ။ မွန္မွန္ကန္ကန္လုပ္ရင္ က်မတို႔ တေန႔မဟုတ္တေန႔ ေအာင္ျမင္ရမယ္။ ဒီေတာ့ က်မတို႔ ျပည္သူလူထုက ဒါကို စိတ္ထဲမွာထားပါ။ ေနာင္ ဒီတိုင္းျပည္ မွာ ႏိုင္ငံေရး ျပႆနာမ်ားကို လက္နက္နည္းနဲ႔ မေျဖရွင္းေရး၊ မေျဖရွင္းႏိုင္ ေအာင္လို႔ က်မတို႔ ႀကိဳးစားရမယ္။ ဆက္ၿပီး ႀကိဳးစားသြားရမွာပဲ။

ဒီ ႏွစ္လ၊ သုံးလရဲ႕ ျပႆနာမ်ားကို က်မတို႔ ေအာင္ေအာင္ျမင္ျမင္ ေက်ာ္လႊားႏိုင္လို႔ရွိ ရင္ေတာ့ ဒီမိုကေရစီကို ျမန္ျမန္ဆန္ဆန္ ရႏိုင္တယ္ လို႔ က်မ ယုံၾကည္ပါတယ္။ အရင့္အရင္တုန္းက ေက်ာင္းသားလူငယ္မ်ားဟာလည္း ဆက္ၿပီးေတာ့ တိုင္းျပည္ရဲ႕အက်ိဳးကို ထမ္းေဆာင္ သြားႏိုင္မယ္လို႔ က်မ ယုံၾကည္ပါတယ္။ ဒီယုံၾကည္ခ်က္ အတိုင္းပဲ အားလုံး ညီညီၫႊတ္ၫႊတ္၊ သတၱိရွိရွိ၊ သတိရွိရွိနဲ႔ ဆက္လက္ခ်ီတက္သြား ၾကပါလို႔ ေတာင္းပန္ရင္းနဲ႔ က်မ နိဂုံးခ်ဳပ္ပါတယ္။ ။

(ေဒၚေအာင္ဆန္းစုၾကည္ အဂၤလိပ္လို ေရးသားထားေသာ “ေၾကာက္႐ြံ႕ျခင္းမွ လြတ္ကင္းေရး (Freedom from Fear)” စာအုပ္ကို ျမန္မာ ဘာသာျပန္၍ ေဒါက္တာေအာင္ခင္ တည္းျဖတ္ ထုတ္ေဝ ထားသည့္ စာအုပ္မွ ကူးယူေဖာ္ျပသည္။)

REF: LET PAN

UNICODE

(7) JULYမှာ နိုင်ငံတော် အတိုင်ပင်ခံ ‌ပြောခဲ့ဖူးတဲ့ ရဲရဲတောက် မိန့်ခွန်း အပြည့်အစုံ

ပြည်သူလူထုရဲ့ မှန်ကန်တဲ့အင်အား၊ ညီညွှတ်မှုအင်အားကို ဘယ်သူမှ ရေရှည်လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ နဝတ လည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ တပ်မတော်လည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ နဝတတို့၊ တပ်မတော်တို့ဆိုတာလည်း ပြည်သူလူထုက ကျွေးမွေးထားတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒီတော့ ပြည်သူလူထုအပေါ်မှာ အင်မတန်မှ ကျေးဇူးရှိပါတယ်။ ကျေးဇူးရှင်ကို ကျေးဇူးမသိတတ်လို့ ရှိရင် တော့ ဒုက္ခရောက်စမြဲပဲ။ ဒီတော့ ကျမတို့ရဲ့ ကျောင်းသားလူငယ်များအနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ ခြိမ်းခြောက်တာကြောင့် မကြောက်ပါနဲ့။ ဒါပေမဲ့ သတ္တိဆိုတာတော့ ရှိပါ။ ကျမကို ဆရာတော်ကြီးတပါးကနေပြီးတော့ မိန့်လိုက်သလိုပေါ့လေ။

အရင်တုန်းက ဖေဖေ့ကိုလည်း မိန့်ခဲ့ပါတယ်ဆိုပြီး ကျမကို ထပ်ပြီးတော့ မိန့်လိုက်ပါတယ်။ ခြောက်တိုင်းလည်း မကြောက်ပါနဲ့၊ မကြောက် ဘဲလည်း မနေပါနဲ့ပေါ့လေ။ ခြောက်တိုင်းလည်း မကြောက်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့ဆိုတာဟာ သတိထားရမယ်။ အကာအကွယ် ယူရမယ်။ ဒီလိုခြိမ်းခြောက်နေတယ်ဆိုတာ နားလည်ရမယ်။ ဘယ်လိုသဘောနဲ့ ခြိမ်းခြောက်နေသလဲဆိုတာ ကျမတို့ နားလည်ရမယ်။ ကျ မတို့ရဲ့ အကောင်းဆုံးအကာအကွယ်ကတော့ ညီညွှတ်မှုအင်အားပဲ၊ စည်းကမ်းပဲ။ ကျမတို့ ညီညီညွှတ်ညွှတ် စည်းကမ်းရှိရှိနဲ့ လုပ်သွားမယ် ဆိုလို့ရှိရင် ကျမတို့ကို ရန်ရှာဖို့ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။

အခုလို ကျောင်းသားလူငယ်များဟာ စည်းကမ်းရှိရှိ အခမ်းအနာကြီး ကျင်းပသွားနိုင်တယ်ဆိုတာဟာ အင်မတန်မှ အား တက်စရာဖြစ်ပါ တယ်။ မနက်တုန်းကလည်း ပါတီပေါင်းများစွာဟာ (၇) ရက်နေ့ ဇူလိုင်လ အခမ်းအနားများကိုလည်း ကျင်းပသွားပါတယ်။ ဒီလိုညီညွှတ်မှု အင်အားဟာ တနေ့ထက်တနေ့ တက်လာတယ်ဆိုတာ မြင်တွေ့ရပါတယ်။ ဒီလိုတက်လာတဲ့ ညီညွှတ်မှုအင်အားနဲ့ပဲ ကျမတို့ အောင်ပန်းကို ဆင်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်သွားမှာပါ။တဖြေးဖြေး မဟုတ်ဘဲနဲ့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရောက် ရေး အတွက် ကျမတို့ ပိုပြီးတော့ ကြိုးစားရမယ်။ ဒီနောက် တလ၊ နှစ်လအတွင်းမှာ အခမ်းအနားအမျိုးမျိုး ကျင်းပရမယ်ဆိုတာ  ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးစောမောင်ကနေပြီးတော့ (၇) ရက်နေ့ ဇူလိုင်လ၊ (၁၉) ရက်နေ့ ဇူလိုင်လဆိုပြီးတော့ ကြိမ်းမောင်း နေ တယ်လို့ ပြောသွားပါတယ်။ ကျမ ကြိမ်းမောင်းနေတာ မဟုတ်ပါဘူး။ သတိပေးနေတာပါ။ ပြည်သူလူထုကို၊ ဒီအခမ်းအနားတွေရှိတယ်။ ဒီ အဖြစ်အပျက်အားလုံးဟာ ကျမတို့နိုင်ငံမှာ နိုင်ငံရေးပြဿနာများကို လက်နက်နည်းနဲ့ ဖြေရှင်းခဲ့လို့ဖြစ်တယ်။ နောင်ထပ်ပြီးတော့ လက် နက်နည်းနဲ့ နိုင်ငံရေး ပြဿနာများ မဖြေရှင်းနိုင်အောင်လို့ ကျမတို့ ကြိုးပမ်းသွားရမယ်။ စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်းနဲ့ ကြိုးပမ်းသွား ရမယ်။ ဒါပဲ ကျမ ထပ်တလဲလဲ ပြောသွားတာပါ။ ကျမ စပီကာမကောင်းလို့ အော်မိလို့ ကြိမ်းမောင်းနေတယ် ထင်သလားတော့ မသိဘူး။

ကျမတို့ ဇူလိုင်လ (၇) ရက်နေ့ဟာ သမဂ္ဂ ပြိုကွဲတဲ့နေ့ လည်း ဖြစ်ပါတယ်။ ကျောင်းသား လူငယ်များ ကျဆုံးတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒီတော့ ဒီနေ့ဟာ ပညာရေးနဲ့ လည်း သက်ဆိုင်တယ်။ နိုင်ငံရေးနဲ့ လည်း သက်ဆိုင်ပါတယ်။အဲဒီတော့ ဒီနေ့နဲ့ပတ်သက်လို့ နိုင်ငံရေးကိစ္စ များ၊ ပညာရေးကိစ္စများ ပြောတဲ့အခါ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဟာ ဆက်စပ်နေ တယ်ဆိုတာ ကျမတို့ သတိ ထားဖို့လိုပါတယ်။ ဒီတော့ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေးပြဿနာများကို လေ့လာတဲ့အခါမှာ အခုပစ္စုပ္ပန်မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျမတို့ ကြည့်ရမယ်။ ကျောင်းသားသမဂ္ဂကို ဘာဖြစ်လို့ ဖြိုခွဲသွားသ လဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကြည့်ရမှာပဲ။

ဘယ်လိုနည်းတွေနဲ့ ဖြိုခွဲသွားသလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကြည့်ရပါလိမ့်မယ်။၁၉၆၂ ကျောင်းသားများကို ပစ်သတ်ခြင်း၊ ကျောင်း သားသ မဂ္ဂကို ဖြိုခွဲြ ခင်းမဖြစ်ခင်မှာ ကျောင်းသား များဟာ အဲ့ဒီတုန်းက စစ်အာဏာပိုင်များနဲ့ ဆွေးနွေးပါ၊ ညှိနှိုင်းပါဆိုပြီးတော့ တောင်း ဆိုခဲ့တယ်။ ဒါကိုလည်း ငြင်းခဲ့တယ်။ ဒီစစ်အာဏာ ပိုင်များဟာ ကျောင်းသား များနဲ့ ကျောင်း သားသမဂ္ဂအရေးကို ဖြေရှင်းတဲ့နေရာမှာ Aid to Civil Power လုပ်သင့်လုပ်ထိုက်တဲ့ စည်းမျဉ်းများကို မလိုက်နာဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ အဲဒီတော့ ဖြေရှင်းတဲ့နည်း၊ ညှိနှိုင်းတိုင်ပင်တဲ့နည်းကို ငြင်းဆန်ခဲ့တဲ့ Aid to civil Power ဆိုတဲ့ တပ်မတော်တခုအနေနဲ့ ထိန်းသင့်ထိန်းထိုက်တဲ့ စည်းမျဉ်းတွေကို ။

မထိန်းခဲ့တာကတော့ ဦးနေဝင်းပဲ။ အဲ့ဒီဟာကို အားလုံးရင်ဆိုင်ရမယ်။ ကျမ ဒီလိုပြောနေရခြင်း အကြောင်းဟာ ဦးနေဝ င်းကို သက်သက် ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ အခု ပစ္စုပ္ပန်ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ဆက်နွယ်နေလို့ပါ။ တနေ့တုန်းက ဗိုလ်ချုပ်ကြီး စော မောင်ဟာ မိန့်ခွန်းပြောသွားပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ Aid to Civil Power ဆိုတာ သူအယုံအကြည်မရှိဘူး ဆိုတာကိုလည်း ပြောသွား ပါတယ်။ အဲဒီတော့ အဒီသဘောထားတွေဟာ ဦးနေဝင်း သဘောထားတွေနဲ့ တထပ်ထဲပါပဲ။ ဦးနေဝင်းရဲ့ သဘောထားတွေနဲ့ တထပ်ထဲ မို့လို့ အခုထိတိုင်အောင် ဦးနေဝင်းရဲ့ ဩဇာအာဏာဟာ မြန်မာနိုင်ငံပေါ်မှာ လွှမ်းမိုးနေတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။

ကျမတို့ နိုင်ငံရေးပြဿနာတွေကို မှန်မှန်ကန်ကန် မရင်ဆိုင်နိုင်လို့ရှိရင်တော့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျမ ဒီကိစ္စတွေကို ဖော်ပြတာပါ။ အခုအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဘယ်လိုပဲ ဦးနေဝင်းဟာ အငြိမ်းစားသွားပြီလို့ပြောပြော၊ ဦး နေဝင်းလုပ်တဲ့အတိုင်း ဆက်ပြီး လုပ်မယ်ဆိုလို့ရှိရင် ဦးနေဝင်းရဲ့ အာဏာအောက်မှာရှိတယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်များကို လက်နက်နည်းနဲ့ ဆက်ပြီးတော့ ချေမှုန်းဦးမယ်၊ ထိခိုက်ဦးမယ်ဆိုလို့ရှိရင်တော့လည်း ဦးနေဝင်းရဲ့ အမိန့်အရ လုပ်တယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ဒီတော့ နဝတ အစိုးရအနေနဲ့ တကယ်ပဲ ဦးနေဝင်းရဲ့ ဩဇာအာဏာ။

အောက်ကနေပြီးတော့ လွတ်ကင်းတယ်ဆိုတာ ပြချင်လို့ရှိရင် ဦးနေဝင်းနည်းတွေကို ဆက်ပြီးတော့ မသုံးပါနဲ့တော့။ သမဂ္ဂကို ဖြိုခွဲတဲ့ ဦး နေဝင်း၊ ကျောင်းသားများကို သတ်ဖြတ်ခဲ့တဲ့ ဦးနေဝင်းရဲ့ နည်းတွေကို လုံးလုံးဆက်ပြီးတော့ မသုံးပါနဲ့တော့ ဆိုပြီးတော့ ကျမတို့ ဒီကနေ့ ဆက်ပြီးတော့ တောင်းဆိုရမှာပဲ။ဒါနိုင်ငံရေးအရ ဖြစ်ပါတယ်။ နိုင်ငံရေးအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာ ညှိနှိုင်းဆွေးနွေး တိုင်ပင်တဲ့နည်းပါ။ အရင်တုန်းက နိုင်ငံခြားကိုလိုနီအစိုးရများတောင်မှ ဒီနည်းကို သုံးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ အချင်းချင်း ဒီနည်းကို ပိုပြီးတော့ သုံးသင့်ပါတယ်။ အချင်းချင်း ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။

အများကောင်းကျိုးအတွက် ဆွေးနွေးရမှာ၊ ညှိနှိုင်းရမှာ၊ တိုင်ပင်ရမှာဖြစ်ပါတယ်။ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်တယ်ဆိုတာ စကားရည်လုပွဲ မဟုတ်ပါဘူး။ အရှုံးအနိုင်ရှာတဲ့ပွဲ မဟုတ်ပါဘူး။ ပြည်သူလူထုအတွက် အကောင်းဆုံးအဖြေရှာတဲ့ပွဲ ဖြစ်ပါတယ်။ ဒါကို ကျမတို့အားလုံး ဦးတည်ရမယ်။ကျောင်းသားလူငယ်များဟာ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးမှာ ပါဝင်ခဲ့တယ်၊ ပါလည်း ပါဝင်သင့်တယ်။ ကျမ တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျောင်းသားများဟာ နိုင်ငံရေးတာဝန်များလည်း ရှိတယ်။ ပညာရေးတာဝန်များလည်း ရှိတယ်။ ပညာ ရေးတာဝန်ဆိုတော့ ကျောင်းသားများဟာ ပညာရှာဖို့ပဲ။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ပညာဆိုတာ ဘာလဲ။

ကျမအမြင်တော့ တန်ဖိုးရှိတဲ့ပညာဆိုတာ အများကောင်းကျိုးအတွက် သုံးနိုင်တဲ့ ပညာသာဖြစ်ရမယ်။ အများကောင်ကျိုးအတွက် မသုံး နိုင်တဲ့ ပညာဟာ တန်ဖိုးမရှိနိုင်ဘူး။ ဒါကြောင့် ကျမတို့ ကျောင်းသားလူငယ်များဟာ အများကောင်းကျိုးအတွက် သုံးနိုင်တဲ့ ပညာမျိုးကို ရှာရမယ်။ဒီလိုရှာတဲ့နေရာမှာ ပညာမာန်တက်ဖို့ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂ ဖြိုခွဲရေးကိစ္စနဲ့ပတ်သက်လို့ မနက်တုန်းက အခမ်းအ နားမှာ ပါဝင်ခဲ့တဲ့ အရင်တုန်းက ကျောင်းသားဟောင်း ဦးတင်မောင်ဝင်းဟာ ပြောသွားပါတယ်။ အဲ့ဒီအချိန်အခါတုန်းက အပြင်မှာ တပ်တွေ ကရှိတယ်၊ တပ်မတော်သားများဟာ ရှိတယ်၊ အတွင်းမှာ ကျောင်းသားများဟာ ရှိတယ်၊

အဲသလို တပ်မတော်သားများက ကျောင်းသားများကို သေနတ်တွေနဲ့ ချိန်ထားတဲ့အခါကျတော့ ကျောင်းသားများဟာ ဒေါသဖြစ်ပြီးတော့ အော်လိုက်ကြတယ်တဲ့။ မင်းတို့ သုံးယောက်ပေါင်းလို့မှ (၇) တန်းအောင်ရဲ့လားလို့ ပြောလိုက်ကြတယ်တဲ့။ (ဩဘာသံများ) ကျမနဲ့ နား လည်မှုလွဲပြီလို့ ထင်ပါတယ်။ ကျမ မပြောသင့်ဘူးလို့ ပြောမလို့၊ ဒီလိုဟာ မပြောသင့်ပါဘူး။ ဒီလို (ပြောတာဟာ) ပညာမာန်ပါတယ်လို့ ကျမ ထင်ပါတယ်။ရဲဘော်များ၊ တပ်မတော်သားဟာလည်း ကျမတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပဲ။ ဒီလိုတပ်မတော်ထဲကို ဝင်းသွားရတဲ့ တပ် မတော်သားများဟ ဘယ်လိုအခြေအနေက လာလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ စဉ်းစားရမယ်။

တော်တော်များများဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက လာတာပါ။ ကျမတို့တိုင်းပြည် ဆင်းရဲနေလို့ အဲ့ဒီလို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ရှိနေတာပဲ။ အဲ့ဒီတော့ ပညာဆိုတာနဲ့ပတ်သက်လို့ တခါထဲ ပြောသွားမယ်။ ဒီတပ်မတော်သားများဟာ ဟုတ်တယ်၊ သုံးယောက်ပေါင်းလို့ (၇) တန်းအောင်ချင်မှလည်း အောင်မယ်။ ဒါပေမဲ့ ဒါကြောင့်မို့လို့ ကျမတို့ဟာ နှိမ်ဖို့မလိုပါဘူး။အရေးအခင်းတုန်းက ပြည်သူလူထုအော်သွား တဲ့ ကြွေးကြော်သံ တခုရှိတယ်။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ကျောင်းသားပြည်သူ သတ်ဖို့ မဟုတ်ဘူးတဲ့။ အဲဒီတော့ တပ်မတော်သားများကို စစ်ပညာပေးထားတယ်။ စစ်ပညာဆိုတာ ဘာလဲ။ ပြည်သူလူထုကို ကာကွယ်ဖို့၊ ပြည်သူလူထုအကျိုး ထမ်းဆောင်တဲ့ပညာပဲ။

အဲ့ဒီလို ပြည်သူလူထုအကျိုး ထမ်းဆောင်တဲ့ ပညာမရှိလို့သာ မပ်မတော်သားများကို ပညာမရှိဘူးလို့ ကျမတို့ ပြောရမှာပဲ။ (၇) တန်းမ အောင်လို့ မဟုတ်ဘူး။ ဆယ်တန်းမအောင်လို့ မဟုတ်ဘူး။ တက္ကသိုလ်မရောက်လို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ပြည်သူလူထုအကျိုး ထမ်း ဆောင်ဖို့ ပေးထားတဲ့ပညာကို အလွဲသုံးစား လုပ်လို့သာဖြစ်တယ်။ဒီတော့ ပညာဆိုတာဟာ တက္ကသိုလ် ကျောင်းသားများသာ ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ တပ်မတော်သားများလည်း ပိုင်ဆိုင်နိုင်တယ်။ မှန်ကန်တဲ့ စစ်ပညာကို ပိုင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ကျမတို့ (၂၆) နှစ်အတွင်းမှာ ကျောင်းသားတွေကိုလည်း မှန်ကန်တဲ့ တွေးခေါ်တတ်တဲ့ပညာကို မပေးထားဘူး။

တပ်မတော်သားတွေကိုလည်း မှန်ကန်တဲ့စစ်ပညာကို မပေးထားဘူး။ အဲ့ဒီလိုမပေးတာလည်း ဦးနေဝင်းပဲ။ တရားခံကိုတော့ ကျမတို့အား လုံးသိရမယ်။ ဦးနေဝင်း ဘာဖြစ်လို့ ဒီတိုင်းပြည်ကို ဒီလောက်ကြာကြာ အုပ်စိုးသွားလဲ။ ကျမတို့အားလုံးကြောင့်ပဲ။ ပြည်သူလူထုက ဘာ ဖြစ်လို့ လူတယောက်ရဲ့ ဩဇာအာဏာ၊ မှန်မှန်မလုပ်နိုင်တဲ့ လူတယောက်ရဲ့ ဩဇာအာဏာ၊ တန်ဖိုးရှိတဲ့ ပညာကို နားမလည်တဲ့ လူတ ယောက်ရဲ့ ဩဇာအာဏာကို ဒီတိုင်းပြည်ပေါ်မှာ ဒီလောက်ကြာကြာ လွှမ်းမိုးခွင့်ပေးသွားသလဲ။ ဒါကျမတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အခု ဒီမှာရှိတဲ့ ကျောင်းသားလူငယ်များကတော့ တာဝန်အကင်းလွတ်ဆုံးပဲ။

ဘာဖြစ်လို့လည်းဆိုတော့ အခုတောင်မှ (၂၆) နှစ်အရွယ်မရှိတဲ့ လူငယ်တွေ အများကြီးပါပဲ။ ငယ်ငယ်လေးတွေမို့လို့ မလုပ်နိုင်ဘူးလို့ ပြော နိုင်ပါတယ်။ ဒါပေမဲ့လည်း အားလုံးကတော့ တာဝန်ရှိတာပဲ။ ဘယ်လိုမှ ကျမတို့ဟာ ဒီတာဝန် အောက်က ရုန်းကန်ပြီးတော့ ထွက်လို့မ ဖြစ်ပါဘူး။နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးတာဟာ နိုင်ငံသူ၊ နိုင်ငံသား အပေါင်းဖြစ်တယ်။ ဒီတော့ ကျမတို့အားလုံးဟာ တာဝန်ရှိခဲ့ပြီ။ အရင်တုန်းက အဖြစ်အပျက်တွေအတွက် တာဝန်ရှိခဲ့ပြီ။ မှားတဲ့နိုင်ငံရေးလမ်းစဉ်တွေ၊ မှားတဲ့ ပညာရေးလမ်းစဉ်တွေနဲ့ ကျမတို့ တိုင်းပြည် ဟာ နွှဲခဲ့ရပြီ။ နောင်ကျလို့ရှိရင် မှန်ကန်တဲ့နိုင်ငံရေးလမ်းစဉ်နဲ့ မှန်ကန်တဲ့ပညာရေးလမ်းစဉ်တွေသာ ဒီတိုင်းပြည်မှာ ရှိဖို့လိုပါတယ်။

ဒီတော့ ကျမတို့ရဲ့ ကျောင်းသားလူငယ်များဟာ အခုအချိန်မှာ ကျောင်းတွေပိတ်နေတယ်။ ပညာရေးနဲ့ ကင်းကွာနေတယ်ဆိုတာ ကျောင်း ပညာရေးနဲ့ ကင်းကွာနေတယ်။ လောကထဲမှာ ပညာရှာနေတယ်။ လောကကြီးထဲမှာ ပညာရှာနေတဲ့အခါ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ပညာရှာတဲ့အခါမှာလည်း တန်ဖိုးရှိတဲ့ ပညာရှာဖို့ လိုပါတယ်။ အများအကျိုးအတွက်ဆိုတဲ့ ပညာ ရှာကြပါတယ်။ အများအကျိုးအတွက် ဆိုတဲ့ ပညာဟာ ကျောင်းတခါမှ မနေဖူးတဲ့ လူတောင်မှ ရှာနိုင်ပါတယ်။ ဒီလိုပညာတွေ ကျမတို့နိုင်ငံသူ၊ နိုင်ငံသားတွေမှာ အားလုံးရှိလို့ရှိရင် ဒီတိုင်းပြည်က နိုင်ငံရေးစနစ်ကလည်း မှန်ကန်မယ်။ လူမှုရေးစနစ်မလည်း မှန်ကန်မယ်။

လူမှုရေးစနစ်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးစနစ်ဆိုတာ အားလုံး ဆက်နွယ်နေပါတယ်။ ဒါလည်း အားလုံးသိပြီးသားပဲ။ ဒီတော့ မှန်ကန်တဲ့ပညာ ရှာရေးဆိုတာ မှန်ကန်တဲ့ နိုင်ငံရေးလုပ်ရေးလည်း ဖြစ်ပါတယ်။ တခါထဲနဲ့ ကျောင်းသားများဟာ နိုင်ငံရေးရော၊ ပညာရေး ရော အောင်အောင်မြင်မြင် လုပ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကျောင်းများပိတ်နေတာတောင်မှ အောင်အောင်မြင်မြင် လုပ်သွားနိုင်ပါတယ် ။အခုဆိုလို့ရှိရင် ခုနှစ် ဇူလိုင်လ (၇ ဇူလိုင်) သတိရတဲ့အခါမှာ အင်မတန်မှ ဝမ်းနည်းတယ်။ တို့ရဲ့တိုင်းပြည်မှာ အင်မတန်မှ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူသွားကြတယ်။ ယဉ်ကျေးတဲ့ တိုင်းပြည်တခုမှာ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ဖြစ်ရပ်တွေဟာ ဖြစ်သွားကြတယ်။

ယဉ်ကျေးတဲ့တိုင်းပြည် တခု ပြန်ပြီးတော့ဖြစ်အောင် ကျမတို့ ကြိုးစားရမယ်။ ဒီလိုယဉ်ကျေးတဲ့ တိုင်းပြည်တခုဖြစ်ဖို့ဆိုတာကလည်း ကျောင်းသားလူငယ်များရဲ့ လက်ထဲမှာ ရှိပါတယ်။ စောစောက ဝိဓူရဦးချစ်မောင် ပြောသွားတဲ့အတိုင်းပဲ အနာဂတ်ဆိုတာကလည်း လူငယ် တွေရဲ့ လက်ထဲမှာ အများဆုံးပဲရှိပါတယ်။ ဒီအနာဂတ်ကို ချီတက်သွားတဲ့အချိန်မှာ မှန်မှန်ကန်ကန် ချီတက်သွားကြပါ။ ကျမတို့တိုင်းပြည်ရဲ့ ရှေ့ရေးကို အမြဲပဲကြည့်ပါ။ ဒါကြောင့် ကျမတို့ တမင်သက်သက် တပ်မတော်သားများရဲ့ ပညာရေးကို ထည့်ပြီးတော့ ပြောတာပါ။ တပ်မ တော်နဲ့ ပြည်သူ အစဉ်အမြဲကွဲနေလို့တော့ မဖြစ်ပါဘူး။ တပ်မတော်သားများဟာ ဆင်းရဲတဲ့ အသိုင်းအဝိုင်းများက လာတယ်ဆိုတာ။

ကျမတို့ သတိထားရမယ်။ ဒါကြောင့်မို့လို့ ကျမတို့မှာ ကြင်နာစိတ်တွေ ရှိရမယ်။ ဒီတပ်မတော်သားများဟာ ကျမတို့ တက္ကသိုလ်ကျောင်း သားတွေလို ပညာသင်ရတဲ့ အခွင့်အရေးတွေ မရှိခဲ့ဘူး။ တပ်မတော်ထဲမှာ ဦးနေဝင်းတို့လို ပုဂ္ဂိုလ်မျိုးပေးလိုက်တဲ့ စစ်ပညာတွေ၊ မမှန်မ ကန်တဲ့ စစ်ပညာတွေသာ ရှိခဲ့တယ်။ ဒီတော့ ဒီလိုမမှန်မကန်တဲ့ စစ်ပညာတွေအစား မှန်ကန်တဲ့အမျိုးသားရေးစိတ်ဓာတ်တွေ ကျမတို့ ပြန်ပြီးတော့ သွင်းပေးရမယ်။ ဒါ အားလုံးမှာ တာဝန်ရှိပါတယ်။နိုင်ငံတနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ဖို့၊ တည်တံ့ခိုင်မြဲ၊ ဂုဏ် သက္ခာရှိတဲ့ တပ်မတော် ရှိဖို့ လိုပါတယ်။ အခုအချိန်မှာတော့ အထူးသဖြင့် စိတ်ဝမ်းကွဲနေတာကတော့ ကျောင်းသားတွေနဲ့ တပ်မတော်။

ကြားထဲမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော်လက်ထဲမှာ အခံရဆုံးက ကျောင်းသားတွေပဲ။ စစ်ဆိုလို့ ရေတောင်စစ်မသောက်ဖူးလို့ ကျမကို ပြောပါတယ်။ ရေ စစ်မသောက်လို့ရှိရင်တော့ ပိုးဝင်ရုံပဲရှိတယ်။ အဲဒီတော့ ကျမတို့ ဒီလိုစိတ်တွေ ထားလို့မဖြစ်ဘူး။ ကျောင်းသား များဟာ ပညာသင်တဲ့လူတွေပဲ။ ဒါကြောင့်မို့လို့ ပိုပြီးတော့ သဘောထားကြီးရမယ်။ ပိုပြီးတော့ အမြင်ကျယ်ရမယ်။ သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ ခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေရှိရမယ်။ ပညာမရှိတဲ့လူနဲ့ ရုန်းနေလို့၊ နဘမ်းသတ်နေလို့လည်း မသင့်တော်ပါဘူး။ ဒီတော့ ကိုယ်နဲ့ တန်းတူညီတူဖြစ်အောင် ပညာပေးပြီးမှ နဘမ်းသတ်တာမှ နဘမ်းသတ်ရကျိုး နပ်ပါတယ်။ ဒါကြောင့် ကြိုးစားကြပါ။

စစ်ပညာများ ပြန်ပြိးတော့ သင်ပေးနိုင်ရမယ်၊ စစ်ပညာဆိုတာ ပြည်သူ့အတွက်၊ ပြည်သူ့ကို ကာကွယ်ဖို့၊ ပြည်သူကိုသတ်ဖို့ မဟုတ်ဘူးဆို တာ ကျမတို့ ပြန်ပြီးတော့ သင်ပေးရမယ်။ အခုအချိန်မှာ ကျမတို့ သတိထားရပါလိမ့်မယ်။ မနေ့တနေ့တုန်းက ဗိုလ်ချုပ်ကြီးစောမောင် ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုကို ခြိမ်းခြောက်တဲ့ အရိပ်ယောင်တွေ ပါတယ်လို့ ကျမ မြင်ပါတယ်။ ဒီလို ခြိမ်းခြောက်တဲ့ အရိပ် ယောင်ဆိုတာ ကျမ လုံးလုံးမနှစ်သက်ပါဘူး။ ဒီလို အာဏာကို ကိုင်ပြီးတော့၊ လက်နက်ကို ကိုင်ပြီးတော့ ပြည်သူလူထုကို ခြိမ်းခြောက် တယ်ဆိုတာ အင်မတန်မှ မသင့်တော်ပါဘူး။ နည်းအမျိုးမျိုးနဲ့ မဟုတ်မမှန်ကန်တာတွေ ပြောပြီးတော့ ဒီမိုကရေစီရေးကို ထိုးနှက်နေတယ်။

ဒါတွေက ဆိုးလှပါပြီ။ ကျမတို့နိုင်ငံမှာ အာဏာစက် ဆက်ပြီးတော့ သုံးသွားမယ်ဆိုလို့ရှိရင်တော့ ဘယ်လိုမှ အဖတ်ဆယ်နိုင်မှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။အာဏာစက်သုံးတဲ့ အလေ့အထကြီးကိုတော့ ကျမတို့ ဒီကနေပြီးတော့ ရပ်ဆိုင်းရတော့မယ်။ နဝတ အနေနဲ့ နိုင်ငံအပေါ်မှာ စေတနာရှိရင်၊ နဝတ အနေနဲ့ ဦးနေဝင်းရဲ့ အမိန့်အာဏာကို လွန်ဆန်ရဲတဲ့ သတ္တိရှိရင် အာဏာစက်ဆိုတဲ့ စကားလုံးကို လုံးလုံး ဆက်ပြီးတော့ မသုံးပါနဲ့တော့။ ပြည်သူလူထုနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်ရဲတဲ့ သတ္တိကိုသာ မွေးမြူပါ။ အဲ့ဒါမှ တကယ့်သတ္တိပါ။ သေနတ်ကြီးရှိလို့ ပစ်ရဲတယ်ဆိုတာဟာ သတ္တိမဟုတ်ပါဘူး။

ဘာမှ လက်ထဲမှာ မရှိဘဲနဲ့ အမှန်တရားအရ အဖြေရှာချင်တဲ့ သတ္တိမျိုးသာ ကျမတို့ လိုချင်ပါတယ်။ဒါကြောင့်မို့လို့ ကျမတို့ ကျောင်းသားလူ ငယ်များ၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုများကလည်း အတိတ်ကဖြစ်ရပ်များကို စဉ်းစားပြီးတော့ မှန်မှန်ကန်ကန်လုပ်ဖို့ သန္နိဌာန်ချ ကြ ပါ။ ကျမ ဒါ ထပ်တလဲလဲပြောနေတဲ့ကိစ္စပါ။ မှန်မှန်ကန်ကန်လုပ်ရင် ကျမတို့ တနေ့မဟုတ်တနေ့ အောင်မြင်ရမယ်။ ဒီတော့ ကျမတို့ ပြည်သူလူထုက ဒါကို စိတ်ထဲမှာထားပါ။ နောင် ဒီတိုင်းပြည် မှာ နိုင်ငံရေး ပြဿနာများကို လက်နက်နည်းနဲ့ မဖြေရှင်းရေး၊ မဖြေရှင်းနိုင် အောင်လို့ ကျမတို့ ကြိုးစားရမယ်။ ဆက်ပြီး ကြိုးစားသွားရမှာပဲ။

ဒီ နှစ်လ၊ သုံးလရဲ့ ပြဿနာများကို ကျမတို့ အောင်အောင်မြင်မြင် ကျော်လွှားနိုင်လို့ရှိ ရင်တော့ ဒီမိုကရေစီကို မြန်မြန်ဆန်ဆန် ရနိုင်တယ် လို့ ကျမ ယုံကြည်ပါတယ်။ အရင့်အရင်တုန်းက ကျောင်းသားလူငယ်များဟာလည်း ဆက်ပြီးတော့ တိုင်းပြည်ရဲ့အကျိုးကို ထမ်းဆောင် သွားနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒီယုံကြည်ချက် အတိုင်းပဲ အားလုံး ညီညီညွှတ်ညွှတ်၊ သတ္တိရှိရှိ၊ သတိရှိရှိနဲ့ ဆက်လက်ချီတက်သွား ကြပါလို့ တောင်းပန်ရင်းနဲ့ ကျမ နိဂုံးချုပ်ပါတယ်။ ။

(ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးသားထားသော “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from Fear)” စာအုပ်ကို မြန်မာ ဘာသာပြန်၍ ဒေါက်တာအောင်ခင် တည်းဖြတ် ထုတ်ဝေ ထားသည့် စာအုပ်မှ ကူးယူဖော်ပြသည်။)

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *