ကိုဗစ္-19ဟာ ႏွာေခ် ေခ်ာင္းဆိုးျခင္းျဖင့္ သာမကဘဲ ေလထဲက တစ္ဆင့္ ကူးစက္ႏိုင္ေၾကာင္း (WHO)ထုတ္ျပန္

WHO ရဲ႕ ကူးစက္ ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရး ဌာန ရဲ႕ နည္းစနစ္ ပိုင္းဆိုင္ရာ အႀကီးအကဲ ေဒါက္တာ ဘန္နီဒက္တာ အယ္လီဂ ရန္ဇီကေတာ့ “ကို႐ိုနာဗိုင္းရပ္စ္က ေလထဲကေန ကူးစက္ႏိုင္ေျခကို ထည့္သြင္းစဥ္းစားတယ္ဆိုတာ အထူးသျဖင့္ ၿပီးခဲ့တဲ့ ႏွစ္လအတြင္းမွာ ကြၽန္မတို႔ အႀကိမ္အခ်ိဳ႕ ေျပာခဲ့ပါတယ္၊ ဒါေပမဲ့ ေလထဲကေန ကူးစက္တာမ်ိဳး ခိုင္မာတဲ့ ဒါမွမဟုတ္ ရွင္းလင္းတဲ့ အေထာက္အထားေတာင္ မရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ေၾကာင္း New York Times က ကိုးကားေဖာ္ျပ ထားခဲ့ပါတယ္။

ဇူလိုင္ ၇ ရက္ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ေလမွ တစ္ဆင့္ ကူးစက္ႏိုင္တဲ့ အေထာက္အထားရွိခဲ့ေၾကာင္း၊ သို႔ေသာ္ ခိုင္မာတိက်မႈေတာ့ မဟုတ္ခဲ့ဘူးလို႔ ေဒါက္တာ ဘန္နီဒက္တာ အယ္လီဂရန္ဇီကလည္း ေျပာလာခဲ့ေၾကာင္း Reuters သတင္းမွာ ေဖာ္ျပ ထားပါတယ္။“ေလထဲကေန ကူးစက္ႏိုင္တဲ့ ျဖစ္ႏိုင္ေျခက အထူးသျဖင့္ လူအုပ္စုေတြမွာ၊ ပိတ္ထားၿပီး ေလဝင္ေလထြက္ မေကာင္းတဲ့ အ ေျခအေနေတြမွာပါ၊ ကို႐ိုနာဗိုင္းရပ္စ္က ေလမွတစ္ဆင့္ ကူးစက္ႏိုင္တဲ့ အေထာက္အထားက အခ်က္အလက္ စုေဆာင္းဖို႔နဲ႔ အဓိပၸါယ္ဖြင့္ ဆိုဖို႔ လိုအပ္ပါတယ္၊

ဒါေပမဲ့ ကြၽန္မတို႔ ဒါကို ဆက္လက္ ေထာက္ခံၿပီး ဝိုင္းဝန္းကူညီသြားမွာပါ” လို႔ ေဒါက္တာ ဘန္နီဒက္တာ အယ္လီဂရန္ဇီက ဆိုပါတယ္။ ရာ နဲ႔ခ်ီတဲ့ သိပၸံပညာရွင္ေတြက ဗိုင္းရပ္စ္ဟာ ေလမွ တစ္ဆင့္ ကူးစက္ႏိုင္ေၾကာင္းနဲ႔ WHO လမ္းၫႊန္ခ်က္ေတြကို ျပင္ဆင္ရန္ တိုက္တြန္းခဲ့ပါ တယ္။ ကို႐ိုနာဗိုင္းရပ္စ္က ေလမွတစ္ဆင့္ ကူးစက္ႏိုင္တဲ့ အေထာက္အထားရွိလာျခင္းကို ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (World Health Organization – WHO) က ဇူလိုင္ ၇ ရက္ေန႔မွာ လက္ခံအသိအမွတ္ျပဳလိုက္ပါတယ္။

ရာနဲ႔ခ်ီတဲ့ သိပၸံပညာရွင္အုပ္စုတစ္ခုက COVID-19 ကပ္ေရာဂါ ျဖစ္ေစတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ဟာ ေလမွတစ္ဆင့္ ကူးစက္ႏိုင္ေၾကာင္း အ ေထာက္အထားေတြ႕ရေၾကာင္းနဲ႔ WHO ရဲ႕ အႀကံျပဳ လမ္းၫႊန္ခ်က္ေတြကို ျပင္ဆင္ရန္ တိုက္တြန္းခဲ့ပါတယ္။ သိပၸံ ပညာရွင္ေတြ ရဲ႕ အစီ ရင္ခံစာနဲ႔ တိုက္တြန္းမႈရွိလာခဲ့ၿပီးေနာက္ WHO က ကို႐ိုနာဗိုင္းရပ္စ္ ေလမွတစ္ဆင့္ ကူးစက္ႏိုင္ေၾကာင္းကို လက္ခံ ခဲ့တာလည္း ျဖစ္ပါ တယ္။ COVID-19 ေရာဂါရွိေနသူ လူနာတစ္ဦး ေခ်ာင္းဆိုး၊ ႏွာေခ်စဥ္ သို႔မဟုတ္ စကားေျပာစဥ္ ႏွာေခါင္းနဲ႔ ပါးစပ္မွ လြင့္ထြက္လာတဲ့ အရည္အစက္ေလးမ်ားမွတစ္ဆင့္ လူတစ္ဦးမွတစ္ဦးသို႔ အဓိက ကူးစက္ပ်ံ႕ႏွံ႔ေၾကာင္း WHO က အေစာပိုင္းမွာ ထုတ္ျပန္ထားခဲ့ပါတယ္။

ယခုအခါမွာေတာ့ ေလမွတစ္ဆင့္ ကူးစက္မႈျဖစ္ႏိုင္ေျခကိုလည္း COVID-19 ကူးစက္ပ်ံ႕ႏွံ႔တဲ့ နည္းလမ္းတစ္ခုအျဖစ္ ထည့္သြင္းေျပာၾကား ေနၿပီလို႔ COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရး နည္းစနစ္ပိုင္း အႀကီးအကဲ မာရီယာဗန္ကာဟိုဗီက သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါ တယ္။COVID-19 ျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ေလထုထဲရွိ ေသးငယ္တဲ့ အမႈန္အမႊားေလးမ်ားမွတစ္ဆင့္ လူေတြကို ကူးစက္ႏိုင္ ေၾကာင္း အေထာက္အထားကို ႏိုင္ငံ ၃၂ ႏိုင္ငံရွိ သိပၸံပညာရွင္ ၂၃၉ ဦးက WHO ထံ ေပးပို႔ထားတဲ့ အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပခဲ့ၾကပါတယ္။ ထိုအိတ္ဖြင့္ေပးစာကို Clinical Infectious Diseases ေဆးသိပၸံဆိုင္ရာ ဂ်ာနယ္မွာ ဇူလိုင္ ၆ ရက္ေန႔က ေဖာ္ျပခဲ့တယ္လို႔ ဆိုပါတယ္။

ႏွာေခ်ၿပီးေနာက္ ေလထုထဲကို လြင့္ထြက္လာတဲ့ ႀကီးမားတဲ့ အရည္အစက္မ်ားကျဖစ္ေစ သို႔မဟုတ္ အသက္ရႉထုတ္လိုက္ရာမွ ထြက္လာ ၿပီး အခန္းတစ္ခန္းအတြင္း ေလထဲမွာ လြင့္ေမ်ာေနႏိုင္တဲ့ မ်ားစြာပိုမိုေသးငယ္တဲ့ အရည္အစက္ေလးမ်ားကျဖစ္ေစ ကို႐ိုနာဗိုင္းရပ္စ္ကို သယ္ေဆာင္ႏိုင္ တယ္လို႔ သိပၸံပညာရွင္အုပ္စု က ဆိုပါတယ္။

REF: LET PAN

ကိုဗစ်-19ဟာ နှာချေ ချောင်းဆိုးခြင်းဖြင့် သာမကဘဲ လေထဲက တစ်ဆင့် ကူးစက်နိုင်ကြောင်း (WHO)ထုတ်ပြန်

WHO ရဲ့ ကူးစက် ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဌာန ရဲ့ နည်းစနစ် ပိုင်းဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဘန်နီဒက်တာ အယ်လီဂ ရန်ဇီကတော့ “ကိုရိုနာဗိုင်းရပ်စ်က လေထဲကနေ ကူးစက်နိုင်ခြေကို ထည့်သွင်းစဉ်းစားတယ်ဆိုတာ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကျွန်မတို့ အကြိမ်အချို့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ လေထဲကနေ ကူးစက်တာမျိုး ခိုင်မာတဲ့ ဒါမှမဟုတ် ရှင်းလင်းတဲ့ အထောက်အထားတောင် မရှိခဲ့ပါဘူး” လို့ ပြောခဲ့ကြောင်း New York Times က ကိုးကားဖော်ပြ ထားခဲ့ပါတယ်။

ဇူလိုင် ၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေမှ တစ်ဆင့် ကူးစက်နိုင်တဲ့ အထောက်အထားရှိခဲ့ကြောင်း၊ သို့သော် ခိုင်မာတိကျမှုတော့ မဟုတ်ခဲ့ဘူးလို့ ဒေါက်တာ ဘန်နီဒက်တာ အယ်လီဂရန်ဇီကလည်း ပြောလာခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။“လေထဲကနေ ကူးစက်နိုင်တဲ့ ဖြစ်နိုင်ခြေက အထူးသဖြင့် လူအုပ်စုတွေမှာ၊ ပိတ်ထားပြီး လေဝင်လေထွက် မကောင်းတဲ့ အ ခြေအနေတွေမှာပါ၊ ကိုရိုနာဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်တဲ့ အထောက်အထားက အချက်အလက် စုဆောင်းဖို့နဲ့ အဓိပ္ပါယ်ဖွင့် ဆိုဖို့ လိုအပ်ပါတယ်၊

ဒါပေမဲ့ ကျွန်မတို့ ဒါကို ဆက်လက် ထောက်ခံပြီး ဝိုင်းဝန်းကူညီသွားမှာပါ” လို့ ဒေါက်တာ ဘန်နီဒက်တာ အယ်လီဂရန်ဇီက ဆိုပါတယ်။ ရာ နဲ့ချီတဲ့ သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ဟာ လေမှ တစ်ဆင့် ကူးစက်နိုင်ကြောင်းနဲ့ WHO လမ်းညွှန်ချက်တွေကို ပြင်ဆင်ရန် တိုက်တွန်းခဲ့ပါ တယ်။ ကိုရိုနာဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်တဲ့ အထောက်အထားရှိလာခြင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) က ဇူလိုင် ၇ ရက်နေ့မှာ လက်ခံအသိအမှတ်ပြုလိုက်ပါတယ်။

ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်အုပ်စုတစ်ခုက COVID-19 ကပ်ရောဂါ ဖြစ်စေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်း အ ထောက်အထားတွေ့ရကြောင်းနဲ့ WHO ရဲ့ အကြံပြု လမ်းညွှန်ချက်တွေကို ပြင်ဆင်ရန် တိုက်တွန်းခဲ့ပါတယ်။ သိပ္ပံ ပညာရှင်တွေ ရဲ့ အစီ ရင်ခံစာနဲ့ တိုက်တွန်းမှုရှိလာခဲ့ပြီးနောက် WHO က ကိုရိုနာဗိုင်းရပ်စ် လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်းကို လက်ခံ ခဲ့တာလည်း ဖြစ်ပါ တယ်။ COVID-19 ရောဂါရှိနေသူ လူနာတစ်ဦး ချောင်းဆိုး၊ နှာချေစဉ် သို့မဟုတ် စကားပြောစဉ် နှာခေါင်းနဲ့ ပါးစပ်မှ လွင့်ထွက်လာတဲ့ အရည်အစက်လေးများမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ အဓိက ကူးစက်ပျံ့နှံ့ကြောင်း WHO က အစောပိုင်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ယခုအခါမှာတော့ လေမှတစ်ဆင့် ကူးစက်မှုဖြစ်နိုင်ခြေကိုလည်း COVID-19 ကူးစက်ပျံ့နှံ့တဲ့ နည်းလမ်းတစ်ခုအဖြစ် ထည့်သွင်းပြောကြား နေပြီလို့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး နည်းစနစ်ပိုင်း အကြီးအကဲ မာရီယာဗန်ကာဟိုဗီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထုထဲရှိ သေးငယ်တဲ့ အမှုန်အမွှားလေးများမှတစ်ဆင့် လူတွေကို ကူးစက်နိုင် ကြောင်း အထောက်အထားကို နိုင်ငံ ၃၂ နိုင်ငံရှိ သိပ္ပံပညာရှင် ၂၃၉ ဦးက WHO ထံ ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြခဲ့ကြပါတယ်။ ထိုအိတ်ဖွင့်ပေးစာကို Clinical Infectious Diseases ဆေးသိပ္ပံဆိုင်ရာ ဂျာနယ်မှာ ဇူလိုင် ၆ ရက်နေ့က ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

နှာချေပြီးနောက် လေထုထဲကို လွင့်ထွက်လာတဲ့ ကြီးမားတဲ့ အရည်အစက်များကဖြစ်စေ သို့မဟုတ် အသက်ရှူထုတ်လိုက်ရာမှ ထွက်လာ ပြီး အခန်းတစ်ခန်းအတွင်း လေထဲမှာ လွင့်မျောနေနိုင်တဲ့ များစွာပိုမိုသေးငယ်တဲ့ အရည်အစက်လေးများကဖြစ်စေ ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင်နိုင် တယ်လို့ သိပ္ပံပညာရှင်အုပ်စု က ဆိုပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *