ဆန္ (၁) ျပည္ (၁၁၀၀)က်ပ္ ထက္ပို မေရာင္းရန္ ႏွင့္ ဆန္စပါး အသင္းခ်ဳပ္ အရန္ဆန္ ေရာင္းခ်ေပးမည္ဟု ဆို
|COVID-19 ျဖစ္ေနခ်ိန္မွာ ဆန္ေဈးႏႈန္းတည္ၿငိမ္ေစဖို႔၊ ေတာင္သူလယ္သမားေတြ စပါး စေပၚခ်ိန္မွာ ဝင္ေငြ မက်ေစဖို႔နဲ႔ ပို႔ကုန္လုပ္ငန္း ပုံ မွန္ျဖစ္ေစဖို႔ အတြက္ ႏိုင္ငံေတာ္ အရန္ရိကၡာဆန္ေတြကို ဧၿပီလကုန္ကစလို႔ စုေဆာင္းထားတယ္လို႔ ထုတ္ျပန္ေဖာ္ျပထားပါတယ္။ ျပည္ပ ကိုဆန္ နဲ႔ ဆန္ကြဲ တင္ပို႔တဲ့ ကုမၸဏီေတြဆီကေန လုံးရွည္ ဧည့္မထ ၂၅ ရာခိုင္ႏႈန္းဆန္ကို ဝယ္ယူသိုေလွာင္ထားခဲ့တာပါ။
ဝယ္ယူလိုသူေတြအေန နဲ႔ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္နဲ႔ ျမန္မာႏိုင္ငံ ဆန္စပါး ကုန္သည္အသင္း တို႔ကို ဆက္သြယ္ ႏိုင္ပါတယ္။ ဆန္ လက္လီ အေရာင္းဆိုင္ေတြအေန နဲ႔ တျပည္ကို က်ပ္ ၁၁၀၀ ထက္မပိုေစဘဲ ျပန္ေရာင္း ႏိုင္ဖို႔အတြက္ အရန္ ရိကၡာဆန္ေတြကို ေရာင္းခ်ေပး မယ္လို႔ ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္က ဆိုပါတယ္။
၁၀၈ ေပါင္ တအိတ္ကို က်ပ္ ၂၂၈၀၀ ႏႈန္း နဲ႔ ဝယ္ယူဖို႔ အဆိုျပဳ လာတဲ့ လက္လီဆိုင္ေတြကို တႀကိမ္မွာ အိတ္ ၂၀၀ ႏႈန္း ေရာင္းေပးမယ္လို႔ ဒီေန႔ ထုတ္ျပန္လိုက္တာပါ။အဲဒီလက္လီဆိုင္ေတြအေနနဲ႔ ေဒသကိုလိုက္ၿပီး တျပည္ ကို က်ပ္ ၁၀၀၀၊ ၁၀၅၀ နဲ႔ ၁၁၀၀ က်ပ္ထက္ မပိုေစဘဲ ျပန္ေရာင္းေပးရမွာ ျဖစ္ပါတယ္။
စက္မႈဇုန္ေတြက အလုပ္သမား မ်ားတဲ့ စက္႐ုံေတြအေနနဲ႔လည္း ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး ျပန္ေရာင္းတာ ေတြ စနစ္တက်ျဖစ္ ေစဖို႔ အတြက္ သက္ ဆိုင္ရာ စားသုံးသူေရးရာ ဦးစီးဌာနေတြကေန စစ္ေဆး ႀကီးၾကပ္သြားမယ္ လို႔ ဆိုပါတယ္။
REF: DVB
UNICODE
ဆန် (၁) ပြည် (၁၁၀၀)ကျပ် ထက်ပို မရောင်းရန် နှင့် ဆန်စပါး အသင်းချုပ် အရန်ဆန် ရောင်းချပေးမည်ဟု ဆို
COVID-19 ဖြစ်နေချိန်မှာ ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့၊ တောင်သူလယ်သမားတွေ စပါး စပေါ်ချိန်မှာ ဝင်ငွေ မကျစေဖို့နဲ့ ပို့ကုန်လုပ်ငန်း ပုံ မှန်ဖြစ်စေဖို့ အတွက် နိုင်ငံတော် အရန်ရိက္ခာဆန်တွေကို ဧပြီလကုန်ကစလို့ စုဆောင်းထားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။ ပြည်ပ ကိုဆန် နဲ့ ဆန်ကွဲ တင်ပို့တဲ့ ကုမ္ပဏီတွေဆီကနေ လုံးရှည် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်ကို ဝယ်ယူသိုလှောင်ထားခဲ့တာပါ။
ဝယ်ယူလိုသူတွေအနေ နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်အသင်း တို့ကို ဆက်သွယ် နိုင်ပါတယ်။ ဆန် လက်လီ အရောင်းဆိုင်တွေအနေ နဲ့ တပြည်ကို ကျပ် ၁၁၀၀ ထက်မပိုစေဘဲ ပြန်ရောင်း နိုင်ဖို့အတွက် အရန် ရိက္ခာဆန်တွေကို ရောင်းချပေး မယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဆိုပါတယ်။
၁၀၈ ပေါင် တအိတ်ကို ကျပ် ၂၂၈၀၀ နှုန်း နဲ့ ဝယ်ယူဖို့ အဆိုပြု လာတဲ့ လက်လီဆိုင်တွေကို တကြိမ်မှာ အိတ် ၂၀၀ နှုန်း ရောင်းပေးမယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။အဲဒီလက်လီဆိုင်တွေအနေနဲ့ ဒေသကိုလိုက်ပြီး တပြည် ကို ကျပ် ၁၀၀၀၊ ၁၀၅၀ နဲ့ ၁၁၀၀ ကျပ်ထက် မပိုစေဘဲ ပြန်ရောင်းပေးရမှာ ဖြစ်ပါတယ်။
စက်မှုဇုန်တွေက အလုပ်သမား များတဲ့ စက်ရုံတွေအနေနဲ့လည်း ဝယ်ယူနိုင်မှာ ဖြစ်ပြီး ပြန်ရောင်းတာ တွေ စနစ်တကျဖြစ် စေဖို့ အတွက် သက် ဆိုင်ရာ စားသုံးသူရေးရာ ဦးစီးဌာနတွေကနေ စစ်ဆေး ကြီးကြပ်သွားမယ် လို့ ဆိုပါတယ်။
REF: DVB