



Ref – Straitimes

Credit WE Media

UNICODE

တရုတ်နို င်ငံ မှာ ကိုဗစ်-19 အပြင် အန္တရာယ် များသော ပလိ တ် နဲ့ တုတ်ကွေးရောဂါ သစ်ဖြစ်ပွားနေ၍ စိုးရိမ်နေရ

လောလောဆယ် တုတ်ကွေးရောဂါသစ် ကူးစက်မှုကို စင်္ကါပူနိုင်ငံ မှာတွေ့ရပြီး ကူးစက်ခံရသူ ၁၄၅၄ ကျော်ရှိတယ်လို့ဆိုရပါတယ်။ စင်္ကာပူ နိုင်ငံမှာ လေးပတ်အတွင်းတုတ်ကွေးကူးစက်သူ ၁၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ခြောက်ဦးရှိခဲ့ပါတယ်။ စင်္ကာပူဟာ တုတ်ကွေးအပြင် ကိုဗစ် ကိုလည်း ရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၄သောင်း ကျော်ရှိပြီး သေဆုံးသူ ၂၆ ဦးရှိပါတယ်။ တုတ်ကွေး ရောဂါသစ် ကို ရောဂါလက္ခဏာမပြတဲ့လူနာ ၂၅ ရာခိုင်နှုန်း မှာ တွေ့ရတယ်လို့ စင်္ကာပူကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ရော ဂါသစ်ကို ဆယ်ရက်အတွင်း ဆေးစစ်သိရှိနိုင်ပြီး ကိုယ်လက်နာကျင်တာ၊ အဖျားတက်တာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပလိတ်ကူးစက်ရောဂါ အတည် ပြုပြီး နောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါသစ်တစ်မျိုးကို တရုတ်အစိုးရက ထပ်မံအတည်ပြုထုတ်ပြန်လိုက်ပါတယ်။တရုတ်နိုင်ငံအရှေ့ပိုင်း ဂွမ်ဒီပြည်နယ်မှာ ခြင်ကတစ်ဆင့် ကူးစက်တဲ့ သွေးလွန် တုတ်ကွေး ကူး စက်ရောဂါသစ် စတင်ဖြစ်ပွားနေပြီလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။အဆိုပါတုတ်ကွေးရောဂါသစ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပလိတ်ရောဂါအပြီး တွေ့ရှိခဲ့တာဖြစ် ပါတယ်။

ဂွမ်ဒီပြည်နယ်တာဝန်ရှိ သူတွေက တုတ်ကွေးရောဂါသစ် နဲ့ပတ်သက်ပြီး သတိပေးစာတွေကို မီဒီယာနဲ့သတင်းစာတွေမှာ ထုတ်ပြန်ပေး ထားတယ်လို့သိရပါတယ်။ ဇွန်လ ၅ ရက်နေ့ကတည်းက တုတ်ကွေးကူးစက်ခံနေရသူကို ဆေးရုံမှာကုသပေးနေပြီး ရောဂါသက်သာမှု အခြေအနေမရှိသေးဘူး လို့ဆိုပါတယ်။ အဆိုပါ လူနာဟာ ရောဂါပိုးမတွေ့ရခင် မြန်မာ၊ အိန္ဒိယ နဲ့ ပါကစ္စတန်နိုင်ငံတွေကို သွားရောက်ခဲ့ တယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာတော့ ကိုဗစ်အပြင် ပလိတ်နဲ့ တုတ်ကွေးရောဂါသစ် ကို တပြိုင်နက် ထိန်းချုပ် နေရတယ်လို့ WHO က ပြောပါတယ်။

Ref – Straitimes

Credit WE Media

Add a Comment

Your email address will not be published. Required fields are marked *