ဗိုလ္ခ်ဳပ္႐ုပ္ရွင္ထဲက ဂဠဳန္ဦးေ စာ ဇာတ္႐ုပ္အ တြက္ အႏုပညာေၾကးမယူ ဘဲ သ႐ုပ္ေဆာင္ေ ပးမယ့္ ကိုဥကၠာေက်ာ္

ဂဠဳန္ဦးေစာ ကာ႐ိုက္တာမွာ ပါဝင္သ႐ုပ္ေဆာင္ဖိုအတြက္ ဇြန္လ(၆) ရက္ေန႔ကေန ဇြန္လ (၃၀) ရက္ေန႔ ေအာင္ဆန္း႐ုပ္ရွင္Facebook Page ကေန တဆင့္ ေလွ်ာက္လႊာမ်ားကို စတင္ေခၚယူခဲ့တာျဖစ္ပါတယ္။ ေအာင္ဆန္း႐ုပ္ရွင္မွာေတာ့ အႏုပညာေလာကထဲက ဝါရင့္သ႐ုပ္ ေဆာင္ေတြ (၅၀)% ေလာက္နဲ႔ အျပင္က မ်က္ႏွာသစ္သ႐ုပ္ေဆာင္ေတြကလည္း (၅၀)%ပါဝင္တယ္လို႔ လူမင္းက အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ ဖူးပါတယ္။ ဝါရင့္သ႐ုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ လူမင္း၊ ရန္ေအာင္၊ရဲေအာင္၊ မင္းဦး၊ ခန႔္စည္သူ၊ ႏိုင္းႏိုင္းနဲ႔ မိုးေဟကိုတို႔က ပါဝင္သ႐ုပ္ ေဆာင္သြားမွာပါ။အစ ကတည္းက ေမတၱာနဲ႔ သ႐ုပ္ေဆာင္ေပးဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ကိုဥကၠာေက်ာ္ဟာ ဂဠဳန္ဦးေစာ ရဲ႕ ကာ႐ိုက္တာနဲ႔ ပတ္သက္ၿပီး အေသးစိပ္ ေလ့လာျဖစ္တယ္လို႔ ဆိုပါတယ္။ဂဠဳန္ဦးေစာ ကာ႐ိုက္တာနဲ႔ ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကားထဲမွာ ပါဝင္သြားမယ့္ ကိုဥကၠာေက်ာ္ဟာ ဒီဇာတ္ကားမွာ အႏုပညာေၾကးမယူဘဲ ေမတၱာနဲ႔ သ႐ုပ္ေဆာင္သြား မယ္လို႔ လို႔ ဆိုပါတယ္။“အႏုပညာေၾကးနဲ႔ ပတ္သက္လို႔လည္း ကြၽန္ေတာ္ စၿပီး ပို႔စ္တင္ကတည္းက ေမတၱာနဲ႔ လုပ္ေပးမယ္လို႔ ေျပာခဲ့ပါ တယ္။ ဒါကလည္း ကြၽန္ေတာ့္အတြက္ ထူးဆန္းတဲ့ အလႉတစ္ခုလို႔ သေဘာထားၿပီးေတာ့ တစ္ေထာင့္တစ္ေနရာ က လုပ္ေပးျခင္းျဖစ္ပါ တယ္”လို႔ ဇူလိုင္ ၆ ရက္ေန႔ ညေနက ျပဳလုပ္တဲ့ စာနယ္ဇင္းမိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာပါ။

ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကားမွာ ဂဠဳန္ဦးေစာ ကာ႐ိုက္တာနဲ႔ ပါဝင္သ႐ုပ္ေဆာင္မယ့္ ဥကၠာေက်ာ္ဟာ ကာ႐ိုက္တာ ပီျပင္ဖို႔ အေကာင္းဆုံး ႀကိဳးစားမယ္လို႔ေျပာပါတယ္။ ဂဠဳန္ဦးေစာရဲ႕ ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခဲ့တဲ့သူရဲ႕သေဘာထားနဲ႔ပတ္သက္ၿပီး ယခုလို ေျပာျပခဲ့ပါေသးတယ္။“ဂဠဳန္ဦးေစာ ကာ႐ိုက္တာနဲ႔ ပတ္သက္ၿပီး မိသားစုဆီကို Feedback ျပန္လာမွာ မေၾကာက္ပါဘူး။ ကြၽန္ေတာ္တို႔ အိမ္ေထာင္ စၾကကတည္းက အမ်ိဳးစုံ ေဝဖန္ခံခဲ့ရတယ္။ အေထြ အထူးေတာ့ မဟုတ္ပါဘူး။ နည္းနည္းေတာင္ ႐ိုးေနၿပီ။ ဂဠဳန္ဦးေစာ ကာ႐ိုက္တာမွာ ကြၽန္ေတာ့္ရဲ႕ အိုက္တင္ပိုင္းက အရမ္းေကာင္းသြားလို႔ လူေတြ မုန္းခဲ့တယ္ဆိုရင္လည္း ။

ဒါကို ကာ႐ိုက္တာ ပီျပင္လို႔ဆိုၿပီး ဝမ္းသာမိမွာပါ” လို႔ ဆိုပါတယ္။ကိုဥကၠာေက်ာ္ဟာ ဂဠဳန္ဦးေစာ ရဲ႕ ကာ႐ိုက္တာနဲ႔ ပတ္သက္ၿပီး အေသး စိပ္ ေလ့လာျဖစ္တယ္လို႔ ဆိုပါတယ္။ ဂဠဳန္ဦးေစာ ရဲ႕ ေျမး၊ ျမစ္ ေတြကလည္း ကာ႐ိုက္တာအတြက္ ေသေသခ်ာခ်ာ ရွင္းျပေပးခဲ့ၾက ေၾကာင္း သူက ေျပာပါတယ္။ဦးေစာက ဆံပင္ကို အေနာက္ကိုအၿမဲလွန္ဖီးတယ္။ ဒါေၾကာင့္ လိုအပ္မယ္ ထင္ၿပီး ကြၽန္ေတာ့္ ဆံပင္မညႇပ္ခဲ့ပါ ဘူး။ ၿပီးေတာ့ ဦးေစာရဲ႕ အေၾကာင္းကို YouTube ကေနတဆင့္ ရွာၾကည့္တယ္။ ကိုေဇာ္ေဇာ္ပိုင္က ဖုန္းေတြဆက္ၿပီး ငါ့အစ္ကိုဆို တကယ္ ျဖစ္မွာ အားေပးတယ္။ ငါ့အစ္ကိုႀကီး လုပ္ေပါ့။ သူနဲ႔လည္း စကားေတြ ေျပာျဖစ္တယ္၊ အိမ္လည္း သြားလည္ျဖစ္တယ္။

ၿပီးေတာ့ ဦးေစာရဲ႕ ဓာတ္ပုံေတြျပတယ္။ သူ႔ရဲ႕ အေၾကာင္းေတြကို ေျမးျဖစ္တဲ့ ကိုေဇာ္ေဇာ္ပိုင္ရဲ႕ အေမ က ရွင္းျပေပးခဲ့ပါတယ္။ တကယ္လို႔ ဇာတ္ၫႊန္းလည္း ရခဲ့မယ္ ဆိုရင္ ကြၽန္ေတာ္ ႀကိဳၿပီးေတာ့ ေလ့က်င့္ထားလို႔ ရပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။

Credit : Duwun

UNICODE

ဗိုလ်ချုပ်ရုပ်ရှင်ထဲက ဂဠုန်ဦးေ စာ ဇာတ်ရုပ်အ တွက် အနုပညာကြေးမယူ ဘဲ သရုပ်ဆောင်ေ ပးမယ့် ကိုဥက္ကာကျော်

ဂဠုန်ဦးစော ကာရိုက်တာမှာ ပါဝင်သရုပ်ဆောင်ဖိုအတွက် ဇွန်လ(၆) ရက်နေ့ကနေ ဇွန်လ (၃၀) ရက်နေ့ အောင်ဆန်းရုပ်ရှင်Facebook Page ကနေ တဆင့် လျှောက်လွှာများကို စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ် ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ လူမင်းက အင်တာဗျူးမှာ ဖြေဆိုခဲ့ ဖူးပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ် ဆောင်သွားမှာပါ။အစ ကတည်းက မေတ္တာနဲ့ သရုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကိုဥက္ကာကျော်ဟာ ဂဠုန်ဦးစော ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး အသေးစိပ် လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ဂဠုန်ဦးစော ကာရိုက်တာနဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သွားမယ့် ကိုဥက္ကာကျော်ဟာ ဒီဇာတ်ကားမှာ အနုပညာကြေးမယူဘဲ မေတ္တာနဲ့ သရုပ်ဆောင်သွား မယ်လို့ လို့ ဆိုပါတယ်။“အနုပညာကြေးနဲ့ ပတ်သက်လို့လည်း ကျွန်တော် စပြီး ပို့စ်တင်ကတည်းက မေတ္တာနဲ့ လုပ်ပေးမယ်လို့ ပြောခဲ့ပါ တယ်။ ဒါကလည်း ကျွန်တော့်အတွက် ထူးဆန်းတဲ့ အလှူတစ်ခုလို့ သဘောထားပြီးတော့ တစ်ထောင့်တစ်နေရာ က လုပ်ပေးခြင်းဖြစ်ပါ တယ်”လို့ ဇူလိုင် ၆ ရက်နေ့ ညနေက ပြုလုပ်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်မယ့် ဥက္ကာကျော်ဟာ ကာရိုက်တာ ပီပြင်ဖို့ အကောင်းဆုံး ကြိုးစားမယ်လို့ပြောပါတယ်။ ဂဠုန်ဦးစောရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့သူရဲ့သဘောထားနဲ့ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။“ဂဠုန်ဦးစော ကာရိုက်တာနဲ့ ပတ်သက်ပြီး မိသားစုဆီကို Feedback ပြန်လာမှာ မကြောက်ပါဘူး။ ကျွန်တော်တို့ အိမ်ထောင် စကြကတည်းက အမျိုးစုံ ဝေဖန်ခံခဲ့ရတယ်။ အထွေ အထူးတော့ မဟုတ်ပါဘူး။ နည်းနည်းတောင် ရိုးနေပြီ။ ဂဠုန်ဦးစော ကာရိုက်တာမှာ ကျွန်တော့်ရဲ့ အိုက်တင်ပိုင်းက အရမ်းကောင်းသွားလို့ လူတွေ မုန်းခဲ့တယ်ဆိုရင်လည်း ။

ဒါကို ကာရိုက်တာ ပီပြင်လို့ဆိုပြီး ဝမ်းသာမိမှာပါ” လို့ ဆိုပါတယ်။ကိုဥက္ကာကျော်ဟာ ဂဠုန်ဦးစော ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး အသေး စိပ် လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ ဂဠုန်ဦးစော ရဲ့ မြေး၊ မြစ် တွေကလည်း ကာရိုက်တာအတွက် သေသေချာချာ ရှင်းပြပေးခဲ့ကြ ကြောင်း သူက ပြောပါတယ်။ဦးစောက ဆံပင်ကို အနောက်ကိုအမြဲလှန်ဖီးတယ်။ ဒါကြောင့် လိုအပ်မယ် ထင်ပြီး ကျွန်တော့် ဆံပင်မညှပ်ခဲ့ပါ ဘူး။ ပြီးတော့ ဦးစောရဲ့ အကြောင်းကို YouTube ကနေတဆင့် ရှာကြည့်တယ်။ ကိုဇော်ဇော်ပိုင်က ဖုန်းတွေဆက်ပြီး ငါ့အစ်ကိုဆို တကယ် ဖြစ်မှာ အားပေးတယ်။ ငါ့အစ်ကိုကြီး လုပ်ပေါ့။ သူနဲ့လည်း စကားတွေ ပြောဖြစ်တယ်၊ အိမ်လည်း သွားလည်ဖြစ်တယ်။

ပြီးတော့ ဦးစောရဲ့ ဓာတ်ပုံတွေပြတယ်။ သူ့ရဲ့ အကြောင်းတွေကို မြေးဖြစ်တဲ့ ကိုဇော်ဇော်ပိုင်ရဲ့ အမေ က ရှင်းပြပေးခဲ့ပါတယ်။ တကယ်လို့ ဇာတ်ညွှန်းလည်း ရခဲ့မယ် ဆိုရင် ကျွန်တော် ကြိုပြီးတော့ လေ့ကျင့်ထားလို့ ရပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။

Credit :  Duwun

Add a Comment

Your email address will not be published. Required fields are marked *