ရန္ကုန္တိုင္းအတြင္းရွိ YBSဘတ္စ္ကားမ်ားတြင္ ကဒ္စနစ္အား ဇူလိုင္ ၂၁ရက္တြင္ စတင္မည္

YBS ကဒ္စနစ္မ်ားအား ယာဥ္အစီးေရ ၂၀၀၀ေက်ာ္မွာ တပ္ဆင္ထားၿပီး ယာဥ္စီးခေပးေဆာင္ရမည့္ကဒ္မ်ားအား လူစည္ကားရာေနရာ မ်ားတြင္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။စတင္အသုံးျပဳရာတြင္ထည့္သြင္းေပးေခ်ရမည့္ ေငြေၾကးႏွင့္ ဝန္ေဆာင္ခမ်ားႏွင့္ ပတ္ သက္ၿပီး စတင္မိတ္ဆက္ခ်ိန္မွသာအတိအက်ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္းသိရသည္။

YBS ကဒ္စနစ္အား Asia Starmar Transport Intelligent ကုမၸဏီက တင္ဒါေအာင္ျမင္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ကတည္းက စတင္ လုပ္ေဆာင္ခဲ့သည္။YBS ကဒ္စနစ္အား ဇူလိုင္ ၂၁ရက္ေန႔တြင္ စတင္အသုံးျပဳႏိုင္မည္ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ ေဆာင္ေရးႀကီး ၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာသည္။

၎က ” ကြၽန္ေတာ္တို႔ ၂၁ရက္ေန႔မွာ YPSစနစ္ကို မိဘျပည္သူလူထုေတြ အသုံးျပဳႏိုင္မႈနဲ႔ ပတ္သက္ၿပီး စတင္မိတ္ဆက္ၿပီးေတာ့ သုံးစြဲ မႈကို စတင္မွာျဖစ္ပါတယ္ ” ဟု ဆိုသည္။YBS ကဒ္စနစ္ကို စမ္းသပ္ေနစဥ္ကာလအတြင္း ကဒ္ျဖတ္၊ မျဖတ္ကိုသိရွိရန္ စက္ကထြက္ေပၚ လာသည့္ အခ်က္ေပးသည့္အသံမွာ ရွည္လ်ားေနသည့္အတြက္ ျပန္လည္ျပဳျပင္မႈမ်ား လုပ္ေဆာင္ခဲ့ရသည္။

ကဒ္ျဖတ္ႏႈန္းထားမွာတစ္စကၠန႔္ႏွင့္ တစ္စကၠန႔္ခြဲႏႈန္းထားၾကာျမင့္ၿပီးကဒ္ျဖတ္ႏိုင္သည့္ အကြာအေဝးမွာ ၁၀ စင္တီမီတာရွိေၾကာင္း ယခင္ က ေျပာၾကားခ်က္မ်ားအရ သိရသည္။

REF: MIZZIMA

ရန်ကုန်တိုင်းအတွင်းရှိ YBSဘတ်စ်ကားများတွင် ကဒ်စနစ်အား ဇူလိုင် ၂၁ရက်တွင် စတင်မည်

YBS ကဒ်စနစ်များအား ယာဉ်အစီးရေ ၂၀၀၀ကျော်မှာ တပ်ဆင်ထားပြီး ယာဉ်စီးခပေးဆောင်ရမည့်ကဒ်များအား လူစည်ကားရာနေရာ များတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။စတင်အသုံးပြုရာတွင်ထည့်သွင်းပေးချေရမည့် ငွေကြေးနှင့် ဝန်ဆောင်ခများနှင့် ပတ် သက်ပြီး စတင်မိတ်ဆက်ချိန်မှသာအတိအကျထုတ်ပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။

YBS ကဒ်စနစ်အား Asia Starmar Transport Intelligent ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက စတင် လုပ်ဆောင်ခဲ့သည်။YBS ကဒ်စနစ်အား ဇူလိုင် ၂၁ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

၎င်းက ” ကျွန်တော်တို့ ၂၁ရက်နေ့မှာ YPSစနစ်ကို မိဘပြည်သူလူထုတွေ အသုံးပြုနိုင်မှုနဲ့ ပတ်သက်ပြီး စတင်မိတ်ဆက်ပြီးတော့ သုံးစွဲ မှုကို စတင်မှာဖြစ်ပါတယ် ” ဟု ဆိုသည်။YBS ကဒ်စနစ်ကို စမ်းသပ်နေစဉ်ကာလအတွင်း ကဒ်ဖြတ်၊ မဖြတ်ကိုသိရှိရန် စက်ကထွက်ပေါ် လာသည့် အချက်ပေးသည့်အသံမှာ ရှည်လျားနေသည့်အတွက် ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ခဲ့ရသည်။

ကဒ်ဖြတ်နှုန်းထားမှာတစ်စက္ကန့်နှင့် တစ်စက္ကန့်ခွဲနှုန်းထားကြာမြင့်ပြီးကဒ်ဖြတ်နိုင်သည့် အကွာအဝေးမှာ ၁၀ စင်တီမီတာရှိကြောင်း ယခင် က ပြောကြားချက်များအရ သိရသည်။

REF:   MIZZIMA

Add a Comment

Your email address will not be published. Required fields are marked *