အေျခခံပညာအတြက္ ေက်ာင္းစတက္ တဲ့ အသက္(၆)ႏွစ္ အ႐ြယ္ကေလး မ်ား ကို ပထမ တန္း တက္ေ ရာက္ ခြင့္ျပဳမည္
|အသက္ (၆)ႏွစ္ ျပည့္ခါနီးကေလးက်ေတာ့ ပထမတန္းကို စတက္ရင္ေတာင္ သူတို႔အသက္ သူတို႔ရဲ႕ ဉာဏ္ရည္ နဲ႔ သင္ခန္းစာကို လိုက္ႏိုင္ တဲ့သေဘာမွာ ရွိပါတယ္။ KG မွာက ကေလးေတြ ေက်ာင္းေပ်ာ္ေအာင္ သူတို႔အ႐ြယ္နဲ႔လိုက္တဲ့ ေပ်ာ္စရာအစီအစဥ္ေလးေတြ ကိုပဲ သင္ ၾကားေပးတာ ဆိုေတာ့ ၆ႏွစ္ျပည့္တဲ့ကေလးက ဒီအဆင့္ကို မတက္လည္း ရတဲ့သေဘာပါ”လို႔ အေျခခံ ပညာဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။
အသက္ (၆)ႏွစ္ျပည့္မွ မဟုတ္ဘဲ (၆)ႏွစ္ျပည့္ဖို႔ လပိုင္း အနည္းငယ္လိုတဲ့ကေလးေတြကိုလည္း ေထာက္ခံခ်က္နဲ႔ တက္ေရာက္ ခြင့္ျပဳသြား မွာပါ။ ေက်ာင္းအပ္တဲ့ အခါမွာေတာ့ ေက်ာင္းတက္ေရာက္မယ့္ကေလး ရဲ႕ ေမြးစာရင္း နဲ႔ အိမ္ေထာင္စု စာရင္းကိုတင္ျပရမွာျဖစ္ၿပီး အသက္ အ႐ြယ္ျပည့္မွီျခင္း ရွိ ၊ မရွိ ကိုေတာ့ တိုက္ဆိုင္ စစ္ေဆးမႈေတြလုပ္သြားမယ္လို႔ သိရပါတယ္။သူငယ္တန္းအဆင့္ ကို တက္ေရာက္ရေတာ့မွာ မဟုတ္ပါဘူး။
ေက်ာင္း စတက္မယ့္ ကေလးမ်ား ကို အသက္ (၆)ႏွစ္ျပည့္ပါက သူငယ္တန္းအဆင့္ကိုေက်ာ္ၿပီး ပထမတန္းတန္းတက္ေရာက္ခြင့္ကို ၂၀၂၀ -၂၀၂၁ ပညာသင္ႏွစ္က စတင္ၿပီး ခြင့္ျပဳေတ့မယ္လို႔ အေျခခံပညာဦးစီးဌာနမွသိရပါတယ္။ယခုႏွစ္ပညာသင္ႏွစ္ရဲ႕ မူလတန္းအဆင့္ ေက်ာင္းအပ္လက္ခံေရး ကို ဩဂုတ္လ ပထမအပတ္ေလာက္မွာ လုပ္ေဆာင္ သြားမွာျဖစ္ၿပီး အသက္ (၅)ႏွစ္ျပည့္တဲ့သူတိုင္းက မူလအ တိုင္း KG တန္းကို တက္ေရာက္ရမွာျဖစ္ၿပီး အသက္ (၆)ႏွစ္ျပည့္ခါနီးကေလးေတြေတာ့ ပထမတန္းကို တက္ေရာက္ခြင့္ ရမွာ ျဖစ္ပါတယ္။
REF: Duwun
UNICODE
အခြေခံပညာအတွက် ကျောင်းစတက် တဲ့ အသက်(၆)နှစ် အရွယ်ကလေး များ ကို ပထမ တန်း တက်ေ ရာက် ခွင့်ပြုမည်
အသက် (၆)နှစ် ပြည့်ခါနီးကလေးကျတော့ ပထမတန်းကို စတက်ရင်တောင် သူတို့အသက် သူတို့ရဲ့ ဉာဏ်ရည် နဲ့ သင်ခန်းစာကို လိုက်နိုင် တဲ့သဘောမှာ ရှိပါတယ်။ KG မှာက ကလေးတွေ ကျောင်းပျော်အောင် သူတို့အရွယ်နဲ့လိုက်တဲ့ ပျော်စရာအစီအစဉ်လေးတွေ ကိုပဲ သင် ကြားပေးတာ ဆိုတော့ ၆နှစ်ပြည့်တဲ့ကလေးက ဒီအဆင့်ကို မတက်လည်း ရတဲ့သဘောပါ”လို့ အခြေခံ ပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးတင်မောင်ဝင်းက ပြောပါတယ်။
အသက် (၆)နှစ်ပြည့်မှ မဟုတ်ဘဲ (၆)နှစ်ပြည့်ဖို့ လပိုင်း အနည်းငယ်လိုတဲ့ကလေးတွေကိုလည်း ထောက်ခံချက်နဲ့ တက်ရောက် ခွင့်ပြုသွား မှာပါ။ ကျောင်းအပ်တဲ့ အခါမှာတော့ ကျောင်းတက်ရောက်မယ့်ကလေး ရဲ့ မွေးစာရင်း နဲ့ အိမ်ထောင်စု စာရင်းကိုတင်ပြရမှာဖြစ်ပြီး အသက် အရွယ်ပြည့်မှီခြင်း ရှိ ၊ မရှိ ကိုတော့ တိုက်ဆိုင် စစ်ဆေးမှုတွေလုပ်သွားမယ်လို့ သိရပါတယ်။သူငယ်တန်းအဆင့် ကို တက်ရောက်ရတော့မှာ မဟုတ်ပါဘူး။
ကျောင်း စတက်မယ့် ကလေးများ ကို အသက် (၆)နှစ်ပြည့်ပါက သူငယ်တန်းအဆင့်ကိုကျော်ပြီး ပထမတန်းတန်းတက်ရောက်ခွင့်ကို ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်က စတင်ပြီး ခွင့်ပြုတေ့မယ်လို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။ယခုနှစ်ပညာသင်နှစ်ရဲ့ မူလတန်းအဆင့် ကျောင်းအပ်လက်ခံရေး ကို ဩဂုတ်လ ပထမအပတ်လောက်မှာ လုပ်ဆောင် သွားမှာဖြစ်ပြီး အသက် (၅)နှစ်ပြည့်တဲ့သူတိုင်းက မူလအ တိုင်း KG တန်းကို တက်ရောက်ရမှာဖြစ်ပြီး အသက် (၆)နှစ်ပြည့်ခါနီးကလေးတွေတော့ ပထမတန်းကို တက်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။
REF: Duwun