ေဒသတြင္းႏိုင္ငံေတြၾကား ေသြးခြဲရန္ အေမရိကန္ စစ္သေဘၤာ မ်ား ေတာင္တ႐ုတ္ ပင္လယ္ ထဲ တမင္ေစလႊတ္ ဟု တ႐ုတ္ စြပ္စြဲ

အေမရိကန္ေလယာဥ္တင္ သေဘၤာ ၂ စီးဟာ ဇူလိုင္ ၄ ရက္က ေတာင္တ႐ုတ္ပင္လယ္အတြင္း အျငင္းပြားေနရာမွာ စစ္ေရးေလ့က်င့္ခဲ့တယ္ လို႔ အေမရိကန္ ေရတပ္ကလည္း ေျပာပါတယ္။ပင္တဂြန္စစ္ဌာနခ်ဳပ္နဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြက ေဝဖန္ ျပစ္တင္တဲ့ စစ္ေရးေလ့က်င့္မႈကို တ ႐ုတ္ကလည္း ေလ့က်င့္ခဲ့ပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္တို႔ဟာ ဗ်ဴဟာေျမာက္ ေရျပင္မွာ တင္းမာမႈ ေပၚေပါက္ေအာင္ မီးေမႊးမႈကေန ေဟာင္ေကာင္အေရး နဲ႔ ကို႐ိုနာဗိုင္းရပ္ စ္သစ္အေရးထိ နယ္ပယ္ အားလုံးမွာ ဆက္ဆံေရး မေခ်ာေမြ႕ဘဲ ရွိေန ပါတယ္။အေမရိကန္ ဟာ အင္အား ျပဖို႔ သူ႔သေဘၤာေတြကို ေတာင္တ ႐ုတ္ပင္လယ္ဆီ တမင္ သက္သက္ ေစလႊတ္ေနတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇူလိုင္ ၆ ရက္မွာ ေျပာပါတယ္။

ေဒသတြင္း ႏိုင္ငံေတြၾကား သပ္လွ်ိဳ ေသြးခြဲဖို႔လည္း ႀကိဳးစားေနတယ္လို႔ အေမရိကန္ကို တ႐ုတ္က စြပ္စြဲပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ ထဲမွာ အေမရိကန္ ေလယာဥ္ တင္သေဘၤာ ၂ စီး စစ္ဆင္ေရးနဲ႔ ေလ့က်င့္ေရးလုပ္ေနတာနဲ႔ပတ္သက္ၿပီး တ႐ုတ္ ၿမိဳ႕ေတာ္ ေပက်င္းက သ တင္းစာ ရွင္းလင္းပြဲ ေမးျမန္းခ်ိန္မွာ ဝန္ႀကီးဌာန ေျပာခြင့္ရ ေက်ာက္လိက်န္း က ခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။

REF: SHWE WIKI

UNICODE

ဒေသတွင်းနိုင်ငံတွေကြား သွေးခွဲရန် အမေရိကန် စစ်သင်္ဘော များ တောင်တရုတ် ပင်လယ် ထဲ တမင်စေလွှတ် ဟု တရုတ် စွပ်စွဲ

အမေရိကန်လေယာဉ်တင် သင်္ဘော ၂ စီးဟာ ဇူလိုင် ၄ ရက်က တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေရာမှာ စစ်ရေးလေ့ကျင့်ခဲ့တယ် လို့ အမေရိကန် ရေတပ်ကလည်း ပြောပါတယ်။ပင်တဂွန်စစ်ဌာနချုပ်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝေဖန် ပြစ်တင်တဲ့ စစ်ရေးလေ့ကျင့်မှုကို တ ရုတ်ကလည်း လေ့ကျင့်ခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ဟာ ဗျူဟာမြောက် ရေပြင်မှာ တင်းမာမှု ပေါ်ပေါက်အောင် မီးမွှေးမှုကနေ ဟောင်ကောင်အရေး နဲ့ ကိုရိုနာဗိုင်းရပ် စ်သစ်အရေးထိ နယ်ပယ် အားလုံးမှာ ဆက်ဆံရေး မချောမွေ့ဘဲ ရှိနေ ပါတယ်။အမေရိကန် ဟာ အင်အား ပြဖို့ သူ့သင်္ဘောတွေကို တောင်တ ရုတ်ပင်လယ်ဆီ တမင် သက်သက် စေလွှတ်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။

ဒေသတွင်း နိုင်ငံတွေကြား သပ်လျှို သွေးခွဲဖို့လည်း ကြိုးစားနေတယ်လို့ အမေရိကန်ကို တရုတ်က စွပ်စွဲပါတယ်။ တောင်တရုတ်ပင်လယ် ထဲမှာ အမေရိကန် လေယာဉ် တင်သင်္ဘော ၂ စီး စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေးလုပ်နေတာနဲ့ပတ်သက်ပြီး တရုတ် မြို့တော် ပေကျင်းက သ တင်းစာ ရှင်းလင်းပွဲ မေးမြန်းချိန်မှာ ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်း က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *