ေရနံေခ်ာင္း မွာ ေတြ႕ရွိတဲ့ အမ်ိဳးအမည္မသိ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ကိစၥ အေျဖေပၚၿပီ

အခုေတြ႕ရွိတဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ဦးေခါင္းမွာ အလ်ား ၁ ေပေလာက္ ရွိၿပီး ဦးေခါင္းထက္မွ ႏႈတ္သီး ျမင္ေနရတဲ့ အပိုင္းထိ ၂ ေပနီးပါး ရွိတယ္လို႔ ဆိုပါတယ္။ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ေတြ႕ရွိတဲ့ ေနရာကို အသြားအလာ ကန႔္သတ္ထားၿပီး အပိုင္းအစေတြ ဆက္ရွာေဖြ ေနသလို ေရနံေခ်ာင္းေဒသ မွာ အျခားတိရစာၦန္တိုမွ ဆင္အံ၊ ႀကံ့၊ ေတာဝက္၊ လိပ္ စတဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ေတြ႕ဖူးေပမဲ့ မိေခ်ာင္း ကိုေတာ့ ဌာန အေနနဲ႔ ပထမဆုံးေတြ႕ဖူးတာလို႔ သိရပါတယ္။

ေက်ာက္ျဖစ္႐ုပ္ကြၽန္းေတြ ရွိေနရာမွာ ဒီေန႔မနက္ပိုင္း မေကြးတိုင္း ေရွးေဟာင္းသုေတသန ဌာန၊ မေကြးတကၠသိုလ္ ဘူမိေဗဒဌာန၊ ေရနံ ေခ်ာက္းၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနနဲ႔ ေရနံေခ်ာင္းေရနံေျမ တာဝန္ရွိသူေတြ ပူးေပါင္း ရွာေဖြေနၾကတယ္လို႔ သိရပါတယ္။ မေကြးတိုင္း၊ ေရနံေခ်ာင္း ေရနံေျမ အတြင္း ေတြ႕ရွိရတဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းက ေရခ်ိဳမွာ ရွင္သန္ခဲ့တဲ့ မိေက်ာင္း ဦးေခါင္းျဖစ္တယ္လို႔ မေကြးတကၠသိုလ္ ဘူမိေဗဒဌာနမွ တြဲဘက္ပါေမာကၡ ေဒါက္တာပိုင္စိုးက ေျပာပါတယ္။

ေရွးေဟာင္း မေကြးတိုင္း ဦးစီးမႈကေန တကၠသိုလ္ ကို လာျပေတာ့ ဟုတ္ၿပီ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတာ့ ေသခ်ာသြားၿပီး၊ မပ်က္စီးခင္မွာ တူးေဖာ္ဖို႔ ဆိုၿပီး ဒီေန႔ေရာက္လာတာ၊ ဒီေကာင္ရဲ႕ အေန႔အထားက ျမစ္ေခ်ာင္းက်အနည္ေတြထဲက ျဖစ္တဲ့ ေက်ာက္လႊာအမ်ိဳးအစား၊ အဲဒီ ေက်ာက္လႊာစု ထဲမွာ ေတြ႕တာ ေရခ်ိဳမွာ ရွင္သန္ခဲ့တဲ့အေကာင္ အဲဒီအထက္ ထပ္ၿပီး အၾကမ္းဖ်င္း ေကာက္ခ်က္ခ်မယ္ ဆိုရင္ေတာ့ ေလာ ေလာဆယ္ျမင္ေနရတဲ့ အေနအထားက ေရခ်ိဳမွာ ရွင္သန္တဲ့ မိေက်ာင္း မ်ိဳးရင္း အတိအက် အခ်ိန္ကိုေတာ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ပညာရွင္ ေတြက ဆက္လက္ တူးေဖာ္ၿပီး သုံးသပ္မွာပါ။”

ေက်ာက္ျဖစ္ ႐ုပ္ကြၽင္းကို စတင္ေတြ႕ရွိသူ ဆိတ္ေက်ာင္း တဲ့ ေဒသခံမွာ အသိရွိရွိ သတင္းေပးမႈ ေၾကာင့္ အခုလို ေတြ႕ရွိရတာ ျဖစ္သလို ေဒ သအတြက္လည္း အက်ိဳးျပဳသလို ပညာရပ္၊ ဘာသာရပ္ ေတြအတြက္ လည္း အက်ိဳးရွိေၾကာင္း ေနာင္မွာလည္း မေကြးတကၠသိုလ္ ထဲမွာ ျပတိုက္ ကဲ့သို႔ တိုင္းအတြင္းက ေတြ႕ရွိတဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတြ ကို မွတ္တမ္း နဲ႔ ထားသြားႏိုင္ဖို႔ ပါေမာကၡခ်ဳပ္ထံ တင္ျပထားသလို တိုင္းအစိုးရကိုလည္း တင္ျပသြားမယ္လို႔ ေဒါက္တာပိုင္စိုးက ရွင္းျပပါတယ္။

Credit : DVB

UNICODE

ရေနံချောင်း မှာ တွေ့ရှိတဲ့ အမျိုးအမည်မသိ ကျောက်ဖြစ် ရုပ်ကြွင်း ကိစ္စ အဖြေပေါ်ပြီ

အခုတွေ့ရှိတဲ့ ကျောက်ဖြစ် ရုပ်ကြွင်း ဦးခေါင်းမှာ အလျား ၁ ပေလောက် ရှိပြီး ဦးခေါင်းထက်မှ နှုတ်သီး မြင်နေရတဲ့ အပိုင်းထိ ၂ ပေနီးပါး ရှိတယ်လို့ ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိတဲ့ နေရာကို အသွားအလာ ကန့်သတ်ထားပြီး အပိုင်းအစတွေ ဆက်ရှာဖွေ နေသလို ရေနံချောင်းဒေသ မှာ အခြားတိရစ္ဆာန်တိုမှ ဆင်အံ၊ ကြံ့၊ တောဝက်၊ လိပ် စတဲ့ ကျောက်ဖြစ် ရုပ်ကြွင်း တွေ့ဖူးပေမဲ့ မိချောင်း ကိုတော့ ဌာန အနေနဲ့ ပထမဆုံးတွေ့ဖူးတာလို့ သိရပါတယ်။

ကျောက်ဖြစ်ရုပ်ကျွန်းတွေ ရှိနေရာမှာ ဒီနေ့မနက်ပိုင်း မကွေးတိုင်း ရှေးဟောင်းသုတေသန ဌာန၊ မကွေးတက္ကသိုလ် ဘူမိဗေဒဌာန၊ ရေနံ ချောက်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရေနံချောင်းရေနံမြေ တာဝန်ရှိသူတွေ ပူးပေါင်း ရှာဖွေနေကြတယ်လို့ သိရပါတယ်။ မကွေးတိုင်း၊ ရေနံချောင်း ရေနံမြေ အတွင်း တွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက ရေချိုမှာ ရှင်သန်ခဲ့တဲ့ မိကျောင်း ဦးခေါင်းဖြစ်တယ်လို့ မကွေးတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဘက်ပါမောက္ခ ဒေါက်တာပိုင်စိုးက ပြောပါတယ်။

ရှေးဟောင်း မကွေးတိုင်း ဦးစီးမှုကနေ တက္ကသိုလ် ကို လာပြတော့ ဟုတ်ပြီ ကျောက်ဖြစ်ရုပ်ကြွင်းတော့ သေချာသွားပြီး၊ မပျက်စီးခင်မှာ တူးဖော်ဖို့ ဆိုပြီး ဒီနေ့ရောက်လာတာ၊ ဒီကောင်ရဲ့ အနေ့အထားက မြစ်ချောင်းကျအနည်တွေထဲက ဖြစ်တဲ့ ကျောက်လွှာအမျိုးအစား၊ အဲဒီ ကျောက်လွှာစု ထဲမှာ တွေ့တာ ရေချိုမှာ ရှင်သန်ခဲ့တဲ့အကောင် အဲဒီအထက် ထပ်ပြီး အကြမ်းဖျင်း ကောက်ချက်ချမယ် ဆိုရင်တော့ လော လောဆယ်မြင်နေရတဲ့ အနေအထားက ရေချိုမှာ ရှင်သန်တဲ့ မိကျောင်း မျိုးရင်း အတိအကျ အချိန်ကိုတော့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တွေက ဆက်လက် တူးဖော်ပြီး သုံးသပ်မှာပါ။”

ကျောက်ဖြစ် ရုပ်ကျွင်းကို စတင်တွေ့ရှိသူ ဆိတ်ကျောင်း တဲ့ ဒေသခံမှာ အသိရှိရှိ သတင်းပေးမှု ကြောင့် အခုလို တွေ့ရှိရတာ ဖြစ်သလို ဒေ သအတွက်လည်း အကျိုးပြုသလို ပညာရပ်၊ ဘာသာရပ် တွေအတွက် လည်း အကျိုးရှိကြောင်း နောင်မှာလည်း မကွေးတက္ကသိုလ် ထဲမှာ ပြတိုက် ကဲ့သို့ တိုင်းအတွင်းက တွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ ကို မှတ်တမ်း နဲ့ ထားသွားနိုင်ဖို့ ပါမောက္ခချုပ်ထံ တင်ပြထားသလို တိုင်းအစိုးရကိုလည်း တင်ပြသွားမယ်လို့ ဒေါက်တာပိုင်စိုးက ရှင်းပြပါတယ်။

Credit :  DVB

Add a Comment

Your email address will not be published. Required fields are marked *