ေ႐ႊတိဂုံေစတီေတာ္ရွိ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊႏွင့္ ပုံတူ ဆင္းတုေတာ္နဲ႔ ပတ္သက္၍ သာသနာေရး၏ ေျပာဆိုခ်က္

စစ္အာ ဏာရွင္ အသိုင္းအဝိုင္းက ျပဳလုပ္ကိုး ကြယ္ထား သည့္ ‘အာဏာတည္ေစ’၊ ‘ပုလႅင္ၿမဲေစ’ ေစတီမ်ားရွိရာ ေနျပည္ေတာ္ ပ်ဥ္းမနား အနီး မင္းဝင္ေတာင္ရွိ စိႏၲာမုနိေက်ာင္းတိုက္အတြင္းမွ ေထရဝါဒဗုဒၶသာသနာႏွင့္ ကိုက္ညီျခင္းမရွိသည့္ ပုံပ်က္ပန္းပ်က္ဆင္းတုမ်ား ဖယ္ ရွားရန္ ၫႊန္ၾကားခ် က္ကို ဝန္ႀကီးဌာန က ယေန႔ ထုတ္ျပန္ခဲ့ သည္။ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ သည္ ေဗဒင္ႏွင့္ နတ္ဆ ရာမ်ား၏ အခါေတာ္ ေပးခ်က္အရ မၾကာခဏ ယၾတာမ်ား စီရင္ ေဆာင္႐ြက္ေလ့ ရွိၿပီး အထူးသျဖင့္ အာဏာ တည္ၿမဲေရး အတြက္ ထိုသို႔ေစခိုင္းသမွ် လိုက္လံ ေဆာင္႐ြက္ေလ့ ရွိေၾကာင္း စာေရးဆရာတင္ၫြန႔္ေရးသားသည့္ ’ စာအုပ္တြင္ ေဖာ္ျပထား သည္ ။

ထိုစာအုပ္မွာ‘ဦးသန္းေ႐ႊ၏ ယၾတာမ်ားႏွင့္ အျခားစိတ္ဝင္စားဖြယ္ အျဖစ္အပ်က္မ်ား စာအုပ္ျဖစ္သည္။ ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊတိဂုံ ဘုရားႀကီး ေပၚတြင္ သူ ( ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ ) ႏွင့္မ်က္ႏွာခ်င္း တူေသာ ေက်ာက္စိမ္း႐ုပ္ပြားေတာ္ႀကီးကို ထုလုပ္ကိုးကြယ္ျခင္း မွာ အထင္ရွား ဆုံးယၾတာျဖစ္ သည္’ ဟု ထိုစာအုပ္တြင္ ေရးသားေဖာ္ျပထားသည္။ရန္ကုန္ ၿမိဳ႕ ေ႐ႊတိဂုံ ေစတီေတာ္ ေတာ င္ဘက္ မ်က္ႏွာစာ ရွိ ဗိုလ္ခ်ဳပ္ မႉးႀကီး သန္းေ႐ႊ ပုံတူ ဘုရား ဆင္းတုေ တာ္ အပါအဝင္ ေထရဝါဒ ဗုဒၶသာသနာႏွင့္ မေလ်ာ္ညီ သည့္ ႐ုပ္ပြားေတာ္မ်ား ကို က်မ္းဂန္ႏွင့္ အညီ တစ္ႏိုင္ငံလုံး အတိုင္း အတာျဖင့္ ေဆာင္႐ြက္မည္ဟု သာသနာေ ရးဝ န္ႀကီးဌာန တာဝန္ရွိသူ က ေျပာၾကား လိုက္ သည္ ။

အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ၏ မ်က္ႏွာႏွင့္ဆင္တူေသာ အဆိုပါေက်ာက္စိမ္း ဆင္းတုေတာ္ ကို ေ႐ႊတိဂုံဘုရား ရင္ျပင္ရွိ ပုညကုသ လဗဟုကာရ တန္ေဆာင္း အတြင္း ထုလုပ္ကိုးကြ ယ္ထားျခင္းျဖစ္သည္ ။ ယၾတာ သေဘာျဖင့္ ျပဳလုပ္ထား သည္ ဟု ေဝဖန္ခံေနရ သည့္ အဆိုပါ ဆင္းတုေတာ္ အပါအဝင္ ဗုဒၶသာသနာႏွင့္ မေလ်ာ္ညီ သည့္ ႐ုပ္ပြားေတာ္မ်ား ကို ေျဖရွင္းမည္ျဖစ္ သည္ ။အနာဂတ္မွာ က်မ္းဂန္နဲ႔မ ညီၫြတ္တာေတြ ၊ ဘယ္ဘုရားပဲျဖစ္ျဖစ္ေပါ့ေနာ္ ။ သိတဲ့ အခါက်ရင္ ညီၫြတ္ေအာင္ ဘယ္လိုလုပ္မလဲ၊ လုံးဝလုပ္မရရင္ေတာ့ ဖယ္ရွား ရွင္း လင္းရမွာျဖစ္ ပါတယ္ ” ဟု သာသနာေရးဝန္ႀကီးဌာနမွ ဒုတိယအၿမဲတမ္း အတြင္းဝန္ ဦးဇာနည္ဝင္း က ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊပုံ သ႑ာန္ ထုလုပ္ ကိုးကြယ္ထားသည့္ အဆိုပါ ေက်ာက္စိမ္းဆင္းတု ကို ျမန္မာႏိုင္ငံသို႔ လာေရာက္ ခဲ့သည့္ ႏိုင္ငံ တကာ ေခါင္းေဆာင္မ်ား လည္း ဖူးေျမာ္ခဲ့ဖူးၿပီး၊ ထိုအထဲတြင္ ကုလအတြင္း ေရးမႉးခ်ဳပ္ေဟာင္း ဘန္ကီမြန္း၊ ကုလအထူးကိုယ္စားလွယ္ ဂမ္ဘာရီႏွင့္ တ႐ုတ္ သမၼတေဟာင္း ဟူဂ်င္းေတာင္တို႔လည္း ပါဝင္ သည္ ။ကုလ အတြင္းေရးမႉးခ်ဳပ္ ဘန္ကီမြန္း၂၀၀၈ ခုႏွစ္အတြင္း လာ ေရာက္ ခဲ့သည့္ ခရီးစဥ္ႏွင့္ ၂၀၀၇ ခုႏွစ္ ေ႐ႊဝါေရာင္အၿပီး တပ္မေတာ္ ေခါင္းေဆာင္မ်ားႏွင့္ လာေရာက္ေတြ႕ဆုံ ခဲ့သည့္ ကုလအထူး ကိုယ္စားလွယ္၏ ခရီးစဥ္ အတြင္း ေ႐ႊတိဂုံေစတီေတာ္ သို႔ သြားေရာက္ခဲ့ရာ တြင္ ထိုဆင္းတု ကို ဖူးေျမာ္ခဲ့ေၾကာင္း သိရသည္။

ထိုေက်ာက္စိမ္းဆင္းတုကို ကုလအတြင္းေရးမႉးခ်ဳပ္ဘန္ကီမြန္း၊ ကုလအထူးကိုယ္စားလွယ္ ဂမ္ဘီယာတို႔ လာေရာက္ဖူးေျမာ္ခဲ့စဥ္ အျငင္း ပြားဖြယ္ရာ ထိုေက်ာက္စိမ္းဆင္းတု ကို ဖားကန႔္ခ႐ိုင္၊ လုံးခင္းၿမိဳ႕နယ္မွ ရရွိသည့္ ေက်ာက္စိမ္းတုံးျဖင့္ ထုလုပ္ထားၿပီး ေအာက္ခံအပါအ ဝင္အေလးခ်ိန္ ၃၂၄ ကီလိုဂရမ္ (၁၅၃ ဒသမ ၀၉ က်ပ္သား) ပတၱျမား ၉၁ ပြင့္၊ စိန္ ၉ ပြင့္ႏွင့္ ေ႐ႊ ၂၅၀၀ ဂရမ္ ထည့္သြင္းသြင္း ပူေဇာ္ထား ေၾကာင္း ဆင္းတုေတာ္ရွိရာ တန္ေဆာင္းမွတ္တမ္း တြင္ ေဖာ္ျပ ထားသည္။၁၉၉၉ ခုႏွစ္တြင္ ေ႐ႊတိဂုံေစတီေတာ္ကို အႀကီးစားျပင္ဆင္ မြမ္းမံခ်ိန္ တြင္ ထိုေက်ာက္ စိမ္း႐ုပ္ပြားေတာ္ ကို ထုလုပ္ ကိုးကြယ္ခဲ့ျခင္းျဖစ္ကာ။

ေ႐ႊတိဂုံဘုရားသို႔ ႏိုင္ငံတကာေခါင္းေဆာင္မ်ား လာေရာက္သည့္အခါတိုင္း ထိုဆင္းတုကို ဝင္ေရာက္ဖူးေျမာ္ေလ့ ရွိသည္ ။ ဗိုလ္ခ်ဳပ္မႉးႀကီး ေဟာင္းသန္းေ႐ႊပုံတူ ထိုဆင္းတု ကို စာေပက်မ္းဂန္ႏွင့္ အညီ ေဆာင္႐ြက္ရန္ ေနျပည္ေတာ္ရွိ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ဆုံးျဖတ္ထားျခင္းႏွင့္ ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး သာသနာေရး ဦးစီးမႉးျဖစ္သူ ဦးစိန္ေမာ္ထံ ဆက္သြယ္ေမးျမန္းရာ တြင္ မသိရွိ ေသးေၾကာင္းေျပာ သည္။ထို႔ျပင္ ဆင္းတုေတာ္ႏွင့္ ပတ္သက္ ၍ ၫႊန္ၾကားခ်က္ တစ္စုံတစ္ရာ ရွိမရွိ ေ႐ႊတိဂုံ ေစတီေတာ္ေဂါပက အဖြဲ႕ထံ Myanmar Now က ယေန႔ ( ဇူလိုင္ ၇ ) တြင္ သြားေရာက္ေမးျမန္းရာ ၌လည္း “အဲစာကိစၥေတာ့ မၾကားမိေသးဘူး ။

သာသနာေရးဘက္က ဘာစာမွ မဝင္ပါဘူး ” ဟု ေဂါပကအဖြဲ႕ဝင္ ဦးေအးထြန္း က ေျပာ သည္ ။သာသနာေရးႏွင့္ယဥ္ေက်းမႈ ဝန္ႀကီးဌာန သည္ လုပ္ငန္းတာဝန္မ်ား ကို သိမ္ေမြ႕ႏူးညံ့စြာေဆာင္ ႐ြက္ ရၿပီး ထိလြယ္ရွလြယ္သည့္ ကိစၥမ်ား ကိုင္တြယ္ေျဖရွင္းရသည္ျဖစ္ သျဖင့္ အေသးစိတ္ထုတ္ ေဖာ္မေျပာဆိုႏိုင္ေၾကာင္း ဒုတိယအၿမဲ တမ္း အတြင္းဝန္ ဦးဇာနည္ဝင္းက ေျပာ သည္ ။လက္လြတ္စပ ယ္ေဆာင္႐ြက္ လို႔ မရတဲ့ အဖြဲ႕အစည္းျဖစ္တဲ့ အတြက္ ျပည္သူေတြအေန နဲ႔ အားမလိုအားမရျဖစ္ခဲ့ရင္ လည္း ျဖည့္စြက္နားလည္ေပး ဖို႔ ပန္ၾကားလို ပါတယ္ ” ဟု ၎က ေျပာသည္။

Source; Myanmar Now

UNICODE

ရွှေတိဂုံစေတီတော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပုံတူ ဆင်းတုတော်နဲ့ ပတ်သက်၍ သာသနာရေး၏ ပြောဆိုချက်

စစ်အာ ဏာရှင် အသိုင်းအဝိုင်းက ပြုလုပ်ကိုး ကွယ်ထား သည့် ‘အာဏာတည်စေ’၊ ‘ပုလ္လင်မြဲစေ’ စေတီများရှိရာ နေပြည်တော် ပျဉ်းမနား အနီး မင်းဝင်တောင်ရှိ စိန္တာမုနိကျောင်းတိုက်အတွင်းမှ ထေရဝါဒဗုဒ္ဓသာသနာနှင့် ကိုက်ညီခြင်းမရှိသည့် ပုံပျက်ပန်းပျက်ဆင်းတုများ ဖယ် ရှားရန် ညွှန်ကြားချ က်ကို ဝန်ကြီးဌာန က ယနေ့ ထုတ်ပြန်ခဲ့ သည်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ဗေဒင်နှင့် နတ်ဆ ရာများ၏ အခါတော် ပေးချက်အရ မကြာခဏ ယတြာများ စီရင် ဆောင်ရွက်လေ့ ရှိပြီး အထူးသဖြင့် အာဏာ တည်မြဲရေး အတွက် ထိုသို့စေခိုင်းသမျှ လိုက်လံ ဆောင်ရွက်လေ့ ရှိကြောင်း စာရေးဆရာတင်ညွန့်ရေးသားသည့် ’ စာအုပ်တွင် ဖော်ပြထား သည် ။

ထိုစာအုပ်မှာ‘ဦးသန်းရွှေ၏ ယတြာများနှင့် အခြားစိတ်ဝင်စားဖွယ် အဖြစ်အပျက်များ စာအုပ်ဖြစ်သည်။ ရန်ကုန်မြို့ရှိ ရွှေတိဂုံ ဘုရားကြီး ပေါ်တွင် သူ ( ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ) နှင့်မျက်နှာချင်း တူသော ကျောက်စိမ်းရုပ်ပွားတော်ကြီးကို ထုလုပ်ကိုးကွယ်ခြင်း မှာ အထင်ရှား ဆုံးယတြာဖြစ် သည်’ ဟု ထိုစာအုပ်တွင် ရေးသားဖော်ပြထားသည်။ရန်ကုန် မြို့ ရွှေတိဂုံ စေတီတော် တော င်ဘက် မျက်နှာစာ ရှိ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ပုံတူ ဘုရား ဆင်းတုေ တာ် အပါအဝင် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် မလျော်ညီ သည့် ရုပ်ပွားတော်များ ကို ကျမ်းဂန်နှင့် အညီ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်မည်ဟု သာသနာေ ရးဝ န်ကြီးဌာန တာဝန်ရှိသူ က ပြောကြား လိုက် သည် ။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မျက်နှာနှင့်ဆင်တူသော အဆိုပါကျောက်စိမ်း ဆင်းတုတော် ကို ရွှေတိဂုံဘုရား ရင်ပြင်ရှိ ပုညကုသ လဗဟုကာရ တန်ဆောင်း အတွင်း ထုလုပ်ကိုးကွ ယ်ထားခြင်းဖြစ်သည် ။ ယတြာ သဘောဖြင့် ပြုလုပ်ထား သည် ဟု ဝေဖန်ခံနေရ သည့် အဆိုပါ ဆင်းတုတော် အပါအဝင် ဗုဒ္ဓသာသနာနှင့် မလျော်ညီ သည့် ရုပ်ပွားတော်များ ကို ဖြေရှင်းမည်ဖြစ် သည် ။အနာဂတ်မှာ ကျမ်းဂန်နဲ့မ ညီညွတ်တာတွေ ၊ ဘယ်ဘုရားပဲဖြစ်ဖြစ်ပေါ့နော် ။ သိတဲ့ အခါကျရင် ညီညွတ်အောင် ဘယ်လိုလုပ်မလဲ၊ လုံးဝလုပ်မရရင်တော့ ဖယ်ရှား ရှင်း လင်းရမှာဖြစ် ပါတယ် ” ဟု သာသနာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်း က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေပုံ သဏ္ဍာန် ထုလုပ် ကိုးကွယ်ထားသည့် အဆိုပါ ကျောက်စိမ်းဆင်းတု ကို မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် နိုင်ငံ တကာ ခေါင်းဆောင်များ လည်း ဖူးမြော်ခဲ့ဖူးပြီး၊ ထိုအထဲတွင် ကုလအတွင်း ရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီနှင့် တရုတ် သမ္မတဟောင်း ဟူဂျင်းတောင်တို့လည်း ပါဝင် သည် ။ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၂၀၀၈ ခုနှစ်အတွင်း လာ ရောက် ခဲ့သည့် ခရီးစဉ်နှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အပြီး တပ်မတော် ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ ခဲ့သည့် ကုလအထူး ကိုယ်စားလှယ်၏ ခရီးစဉ် အတွင်း ရွှေတိဂုံစေတီတော် သို့ သွားရောက်ခဲ့ရာ တွင် ထိုဆင်းတု ကို ဖူးမြော်ခဲ့ကြောင်း သိရသည်။

ထိုကျောက်စိမ်းဆင်းတုကို ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန်း၊ ကုလအထူးကိုယ်စားလှယ် ဂမ်ဘီယာတို့ လာရောက်ဖူးမြော်ခဲ့စဉ် အငြင်း ပွားဖွယ်ရာ ထိုကျောက်စိမ်းဆင်းတု ကို ဖားကန့်ခရိုင်၊ လုံးခင်းမြို့နယ်မှ ရရှိသည့် ကျောက်စိမ်းတုံးဖြင့် ထုလုပ်ထားပြီး အောက်ခံအပါအ ဝင်အလေးချိန် ၃၂၄ ကီလိုဂရမ် (၁၅၃ ဒသမ ၀၉ ကျပ်သား) ပတ္တမြား ၉၁ ပွင့်၊ စိန် ၉ ပွင့်နှင့် ရွှေ ၂၅၀၀ ဂရမ် ထည့်သွင်းသွင်း ပူဇော်ထား ကြောင်း ဆင်းတုတော်ရှိရာ တန်ဆောင်းမှတ်တမ်း တွင် ဖော်ပြ ထားသည်။၁၉၉၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ကို အကြီးစားပြင်ဆင် မွမ်းမံချိန် တွင် ထိုကျောက် စိမ်းရုပ်ပွားတော် ကို ထုလုပ် ကိုးကွယ်ခဲ့ခြင်းဖြစ်ကာ။

ရွှေတိဂုံဘုရားသို့ နိုင်ငံတကာခေါင်းဆောင်များ လာရောက်သည့်အခါတိုင်း ထိုဆင်းတုကို ဝင်ရောက်ဖူးမြော်လေ့ ရှိသည် ။ ဗိုလ်ချုပ်မှူးကြီး ဟောင်းသန်းရွှေပုံတူ ထိုဆင်းတု ကို စာပေကျမ်းဂန်နှင့် အညီ ဆောင်ရွက်ရန် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆုံးဖြတ်ထားခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးမှူးဖြစ်သူ ဦးစိန်မော်ထံ ဆက်သွယ်မေးမြန်းရာ တွင် မသိရှိ သေးကြောင်းပြော သည်။ထို့ပြင် ဆင်းတုတော်နှင့် ပတ်သက် ၍ ညွှန်ကြားချက် တစ်စုံတစ်ရာ ရှိမရှိ ရွှေတိဂုံ စေတီတော်ဂေါပက အဖွဲ့ထံ Myanmar Now က ယနေ့ ( ဇူလိုင် ၇ ) တွင် သွားရောက်မေးမြန်းရာ ၌လည်း “အဲစာကိစ္စတော့ မကြားမိသေးဘူး ။

သာသနာရေးဘက်က ဘာစာမှ မဝင်ပါဘူး ” ဟု ဂေါပကအဖွဲ့ဝင် ဦးအေးထွန်း က ပြော သည် ။သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန သည် လုပ်ငန်းတာဝန်များ ကို သိမ်မွေ့နူးညံ့စွာဆောင် ရွက် ရပြီး ထိလွယ်ရှလွယ်သည့် ကိစ္စများ ကိုင်တွယ်ဖြေရှင်းရသည်ဖြစ် သဖြင့် အသေးစိတ်ထုတ် ဖော်မပြောဆိုနိုင်ကြောင်း ဒုတိယအမြဲ တမ်း အတွင်းဝန် ဦးဇာနည်ဝင်းက ပြော သည် ။လက်လွတ်စပ ယ်ဆောင်ရွက် လို့ မရတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက် ပြည်သူတွေအနေ နဲ့ အားမလိုအားမရဖြစ်ခဲ့ရင် လည်း ဖြည့်စွက်နားလည်ပေး ဖို့ ပန်ကြားလို ပါတယ် ” ဟု ၎င်းက ပြောသည်။

Source; Myanmar Now

Add a Comment

Your email address will not be published. Required fields are marked *