ခ်စ္ သုေဝနဲ႔ သူမ၏ဖခင္ျဖစ္သူ ကို စြဲဆို ထား တဲ့အမႈအား တရား႐ုံးမွလက္မခံ ပယ္ခ်လိုက္၍ ဝန္းရံသူမ်ား ေအာ္ဟစ္မႈျဖစ္ပြား

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ပန္းခ်ီကားႏွင့္ပတ္သက္၍ အဆိုေတာ္ ခ်စ္သုေဝႏွင့္ ၎၏ဖခင္ ဦးေဇာ္ဝင္းအား ေရွ႕ေန ဦးေအးပိုင္က တရားစြဲဆိုရန္ ၿပီးခဲ့သည့္ ဇြန္ ၂၅ ရက္က ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထားခဲ့သည္။ အမႈအား တရား ႐ုံးက ဇြန္ ၂၅ ရက္တြင္ စစ္ေဆးခဲ့ၿပီး က်င့္ ၂၀၂ အရ ရဲတပ္ဖြဲအား စုံစမ္းစစ္ေဆးရန္ လႊဲေျပာင္းေပးခဲ့သည္။

အဆိုေတာ္ ခ်စ္သုေဝကလည္း လူမႈကြန္ရက္တြင္ လူေျပာမ်ားခဲ့သည့္ ပန္းခ်ီကားမွာ လူထုေခါင္းေဆာင္အတြက္ အမွတ္တရေမြးေန႔ ဆု ေတာင္းရန္သာ ျဖစ္ေၾကာင္း ၎၏ ေဖ့စ္ဘြတ္စ္စာမ်က္ႏွာ၌ ေရးသားခဲ့သည္။ယေန႔႐ုံးခ်ိန္းတြင္ ရဲတပ္ဖြဲ႕က စစ္ေဆးမႈအား တရား႐ုံးသို႔ ျပန္လည္ တင္ျပခဲ့ၿပီး ခ်စ္သုေဝႏွင့္ ဦးေဇာ္ဝင္းအား တရားစြဲဆိုရန္ ေလွ်ာက္ထားမႈအေပၚ ပလပ္ေၾကာင္း တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့သည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ပန္းခ်ီကားႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္ခ်စ္သုေဝနဲ႔ဖခင္ျဖစ္သူကိုတရားစြဲဆိုထားတဲ့အမႈအား တရား႐ုံး မွလက္မခံပဲ`ပလပ္´လိုက္တဲ့ တရား႐ုံးဆုံးျဖတ္မႈကို မေက်နပ္၍ ဝန္းရံသူမ်ားမွ ေအာ္ဟစ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

Credit : Cele Gabar

UNICODE

ချစ် သုဝေနဲ့ သူမ၏ဖခင်ဖြစ်သူ ကို စွဲဆို ထား တဲ့အမှုအား တရားရုံးမှလက်မခံ ပယ်ချလိုက်၍ ဝန်းရံသူများ အော်ဟစ်မှုဖြစ်ပွား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပန်းချီကားနှင့်ပတ်သက်၍ အဆိုတော် ချစ်သုဝေနှင့် ၎င်း၏ဖခင် ဦးဇော်ဝင်းအား ရှေ့နေ ဦးအေးပိုင်က တရားစွဲဆိုရန် ပြီးခဲ့သည့် ဇွန် ၂၅ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။ အမှုအား တရား ရုံးက ဇွန် ၂၅ ရက်တွင် စစ်ဆေးခဲ့ပြီး ကျင့် ၂၀၂ အရ ရဲတပ်ဖွဲအား စုံစမ်းစစ်ဆေးရန် လွှဲပြောင်းပေးခဲ့သည်။

အဆိုတော် ချစ်သုဝေကလည်း လူမှုကွန်ရက်တွင် လူပြောများခဲ့သည့် ပန်းချီကားမှာ လူထုခေါင်းဆောင်အတွက် အမှတ်တရမွေးနေ့ ဆု တောင်းရန်သာ ဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စ်စာမျက်နှာ၌ ရေးသားခဲ့သည်။ယနေ့ရုံးချိန်းတွင် ရဲတပ်ဖွဲ့က စစ်ဆေးမှုအား တရားရုံးသို့ ပြန်လည် တင်ပြခဲ့ပြီး ချစ်သုဝေနှင့် ဦးဇော်ဝင်းအား တရားစွဲဆိုရန် လျှောက်ထားမှုအပေါ် ပလပ်ကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပန်းချီကားနှင့်ပတ်သက်၍ သရုပ်ဆောင်ချစ်သုဝေနဲ့ဖခင်ဖြစ်သူကိုတရားစွဲဆိုထားတဲ့အမှုအား တရားရုံး မှလက်မခံပဲ`ပလပ်´လိုက်တဲ့ တရားရုံးဆုံးဖြတ်မှုကို မကျေနပ်၍ ဝန်းရံသူများမှ အော်ဟစ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Credit :  Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *