ဖက္ဒရယ္ဒီမိုကေရစီစနစ္သြားဖို႔ အဟန႔္အတားျဖစ္ေန၍ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဆက္လုပ္သြားမည္ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ေျပာ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဦးေဆာင္ေသာ အစိုးရလက္ထက္တြင္ ျပည္သူ မ်ား အားေပးထားသည့္ ေ႐ြးေကာက္ပြဲကတိအတိုင္း လႊတ္ ေတာ္တြင္ ေကာ္မတီတစ္ရပ္ ဖြဲ႕စည္းကာ ၂၀၀၈ ဖြဲ႕ စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးကို ေဆာင္႐ြက္ခဲ့ေသာ္ ပုဒ္မ အနည္းငယ္ကို သာ ျပင္ ဆင္ႏိုင္ခဲ့ၿပီး ပုဒ္မ-၄၃၆၊ ပုဒ္မ- ၅၉(စ)အပါအဝင္ ပုဒ္မအမ်ားစုကို ျပင္ဆင္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ဆက္လက္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ ေျပာေရး ဆိုခြင့္ရွိသူ ဒုတိယ ဥကၠ႒ (၂) ေဒါက္တာေဇာ္ျမင့္ေမာင္က ဇူလိုင္ ၈ ရက္တြင္ ေျပာၾကားသည္။ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးႏွင့္ပတ္သက္၍ ေျဖ ၾကားရာတြင္ ေဒါက္တာေဇာ္ျမင့္ေမာင္က ယင္းကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဒီေျခဥရွိေနသေ႐ြ႕ ကြၽန္ေတာ္ တို႔ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု သြားဖို႔က အဟန႔္အတားျဖစ္ေနတယ္ဆို တာ လူတိုင္းလည္းေျပာေန တာ၊ အကုန္ လုံးလည္း လက္သ င့္ခံၾကတာေပါ့ေနာ္။ မၿပီး ေသးတဲ့ ကြၽန္ေတာ္တို႔ ကတိကဝတ္ လည္း ျဖစ္ထားတယ္။ အကဲျဖတ္ မႈေတြ လည္း က်န္ေသးတယ္။ ဒါေတြက ကြၽန္ ေတာ္တို႔ ဆက္လုပ္ရမွာေပါ့။

ဒီမိုကေရစီ ျမန္မာျပည္မွာ ခိုင္ၿမဲသြားၿပီးေတာ့ ျပည္ေထာင္စုႀကီးေပၚလာၿပီဆိုရင္ေတာ့ ဒီျပည္ေထာင္စုႀကီးနဲ႔ ကိုက္ညီတဲ့ အေျခခံ ဖြဲ႕ စည္းပုံကေတာ့ ရွိကိုရွိရမွာေပါ့ေနာ္။ ဒါေၾကာင့္မို ကြၽန္ေတာ္တို႔က ၿငိမ္းခ်မ္းေရးကိုလည္း အားသြန္ခြန္စိုက္လုပ္ေနတာပါ”ဟု ၎က ေျပာဆိုေၾကာင္း သိရသည္။

REF: စံေတာ္ခ်ိန္

UNICODE

ဖက်ဒရယ်ဒီမိုကရေစီစနစ်သွားဖို့ အဟန့်အတားဖြစ်နေ၍ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လုပ်သွားမည်ဟု ဒေါက်တာဇော်မြင့်မောင်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရလက်ထက်တွင် ပြည်သူ များ အားပေးထားသည့် ရွေးကောက်ပွဲကတိအတိုင်း လွှတ် တော်တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်ခဲ့သော် ပုဒ်မ အနည်းငယ်ကို သာ ပြင် ဆင်နိုင်ခဲ့ပြီး ပုဒ်မ-၄၃၆၊ ပုဒ်မ- ၅၉(စ)အပါအဝင် ပုဒ်မအများစုကို ပြင်ဆင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဖြေ ကြားရာတွင် ဒေါက်တာဇော်မြင့်မောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီခြေဥရှိနေသရွေ့ ကျွန်တော် တို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သွားဖို့က အဟန့်အတားဖြစ်နေတယ်ဆို တာ လူတိုင်းလည်းပြောနေ တာ၊ အကုန် လုံးလည်း လက်သ င့်ခံကြတာပေါ့နော်။ မပြီး သေးတဲ့ ကျွန်တော်တို့ ကတိကဝတ် လည်း ဖြစ်ထားတယ်။ အကဲဖြတ် မှုတွေ လည်း ကျန်သေးတယ်။ ဒါတွေက ကျွန် တော်တို့ ဆက်လုပ်ရမှာပေါ့။

ဒီမိုကရေစီ မြန်မာပြည်မှာ ခိုင်မြဲသွားပြီးတော့ ပြည်ထောင်စုကြီးပေါ်လာပြီဆိုရင်တော့ ဒီပြည်ထောင်စုကြီးနဲ့ ကိုက်ညီတဲ့ အခြေခံ ဖွဲ့ စည်းပုံကတော့ ရှိကိုရှိရမှာပေါ့နော်။ ဒါကြောင့်မို ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုလည်း အားသွန်ခွန်စိုက်လုပ်နေတာပါ”ဟု ၎င်းက ပြောဆိုကြောင်း သိရသည်။

REF:   စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *