ဘာသာ သာသနာအေပၚထိခိုက္သည္ဆိုကာ ခ်စ္သုေဝႏွင့္ ၎၏ဖခင္အား တရားစြဲရန္ ေလွ်ာက္ထားမႈ သဃၤန္းကြၽန္းတရား႐ုံး ပယ္ခ်

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ပန္းခ်ီကားႏွင့္ပတ္သက္၍ အဆိုေတာ္ ခ်စ္သုေဝႏွင့္ ၎၏ဖခင္ ဦးေဇာ္ဝင္းအား ေရွ႕ေန ဦးေအးပိုင္က တရားစြဲဆိုရန္ ၿပီးခဲ့သည့္ ဇြန္ ၂၅ ရက္က ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထားခဲ့သည္။ အမႈအား တရား ႐ုံးက ဇြန္ ၂၅ ရက္တြင္ စစ္ေဆးခဲ့ၿပီး က်င့္ ၂၀၂ အရ ရဲတပ္ဖြဲအား စုံစမ္းစစ္ေဆးရန္ လႊဲေျပာင္းေပးခဲ့သည္။

အဆိုေတာ္ ခ်စ္သုေဝကလည္း လူမႈကြန္ရက္တြင္ လူေျပာမ်ားခဲ့သည့္ ပန္းခ်ီကားမွာ လူထုေခါင္းေဆာင္အတြက္ အမွတ္တရေမြးေန႔ ဆု ေတာင္းရန္သာ ျဖစ္ေၾကာင္း ၎၏ ေဖ့စ္ဘြတ္စ္စာမ်က္ႏွာ၌ ေရးသားခဲ့သည္။ယေန႔႐ုံးခ်ိန္းတြင္ ရဲတပ္ဖြဲ႕က စစ္ေဆးမႈအား တရား႐ုံးသို႔ ျပန္လည္ တင္ျပခဲ့ၿပီး ခ်စ္သုေဝႏွင့္ ဦးေဇာ္ဝင္းအား တရားစြဲဆိုရန္ ေလွ်ာက္ထားမႈအေပၚ ပလပ္ေၾကာင္း တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့သည္။

အဆိုေတာ္ခ်စ္သုေဝႏွင့္ ၎၏ဖခင္ ဦးေဇာ္ဝင္းအား ေရွ႕ေနဦးေအးပိုင္က တရားစြဲဆိုရန္ ေလွ်ာက္ထားမႈအေပၚ ပလပ္ေၾကာင္း သဃၤန္း ကြၽန္းၿမိဳ႕နယ္တရား႐ုံးက ယေန႔(ဇူလိုင္ ၉ ရက္)တြင္ အမိန႔္ခ်မွတ္ခဲ့သည္။အမိန႔္ခ်မွတ္မႈႏွင့္ပတ္သက္၍ ေရွ႕ေန ဦးေအးပိုင္က ” တရားစြဲတဲ့ အေၾကာင္းအရာေတြမွာ ဥပေဒျပဌာန္းခ်က္နဲ႔ မညီဘူးဆိုၿပီးေတာ့ က်င့္-၂၀၃ နဲ႔ ပယ္လိုက္တာေပါ့။

ဒီလိုပလပ္လိုက္ျခင္းဟာ ကြၽန္ေတာ္တို႔မွာ ဥပေဒေၾကာင္းအရ ဆက္ေဆာင္႐ြက္ခြင့္ရွိပါတယ္။အထက္႐ုံးတက္ပါမယ္။ ညႇိႏႈိင္းဆုံးျဖတ္ၿပီး ေတာ့ အထက္႐ုံးကို ျပင္ဆင္မႈတက္ဖို႔ အစီအစဥ္ရွိပါတယ္။ တရားစြဲတာကလည္း ပုဂၢိဳလ္ေရး မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံလုံးဆိုင္ရာ သာသ နာ့ရကၡိတကြန္ရက္ရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္နဲ႔ တရားစြဲတာပါ။

အဖြဲ႕အစည္းအေဝးျပန္တင္ျပၿပီး ဒီအေပၚမွာ ဥပေဒေၾကာင္းအရ ဘယ္လို လုပ္ၾကမလဲေပါ့”ဟု ေျပာသည္။တရား႐ုံး၏ ပလပ္အမိန႔္မွာ လြဲမွားေနသည္ဟု ခံစားရေၾကာင္း ေရွ႕ေန ဦးေအးပိုင္က ၎၏အျမင္ကိုေျပာသည္။တရား႐ုံးရဲ႕ အမိန႔္ဟာ လြဲမွားေနတယ္လို႔ ကြၽန္ေတာ္ ကိုယ္တိုင္က သုံးသပ္ပါတယ္။ ဒီအြန္လိုင္းမီဒီယာကေန ျဖန႔္ခ်ိလိုက္တယ္ဆိုတာ ဘယ္သူမွ မျငင္းႏိုင္ပါဘူး။

အဆိုေတာ္ ခ်စ္သုေဝကိုယ္တိုင္လည္း ျပန္ရွင္းတာေတြ ဝန္ခံတာေတြ ရွိပါတယ္။ တရား႐ုံး ပလပ္အမိန႔္ကေတာ့ အင္မတန္မွ အံဩစရာ လည္း ေကာင္းတယ္လို႔ ခံစားရပါတယ္”ဟု ၎ကေျပာသည္။ခ်စ္သုေဝႏွင့္ ဦးေဇာ္ဝင္း၏ ေရးသားေဖာ္ျပခ်က္မွာ ဘာသာ သာသနာအေပၚ ထိခိုက္ေစာ္ကားသည္ဟု ခံစားရ၍ ဥပေဒအတိုင္း ေဆာင္႐ြက္ၾကျခင္းျဖစ္ေၾကာင္း အမ်ိဳးသားေရးလႈပ္ရွားသူ ဦးသီဟက ေျပာသည္။

REF: စံေတာ္ခ်ိန္

UNICODE

ဘာသာ သာသနာအပေါ်ထိခိုက်သည်ဆိုကာ ချစ်သုဝေနှင့် ၎င်း၏ဖခင်အား တရားစွဲရန် လျှောက်ထားမှု သင်္ဃန်းကျွန်းတရားရုံး ပယ်ချ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပန်းချီကားနှင့်ပတ်သက်၍ အဆိုတော် ချစ်သုဝေနှင့် ၎င်း၏ဖခင် ဦးဇော်ဝင်းအား ရှေ့နေ ဦးအေးပိုင်က တရားစွဲဆိုရန် ပြီးခဲ့သည့် ဇွန် ၂၅ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။ အမှုအား တရား ရုံးက ဇွန် ၂၅ ရက်တွင် စစ်ဆေးခဲ့ပြီး ကျင့် ၂၀၂ အရ ရဲတပ်ဖွဲအား စုံစမ်းစစ်ဆေးရန် လွှဲပြောင်းပေးခဲ့သည်။

အဆိုတော် ချစ်သုဝေကလည်း လူမှုကွန်ရက်တွင် လူပြောများခဲ့သည့် ပန်းချီကားမှာ လူထုခေါင်းဆောင်အတွက် အမှတ်တရမွေးနေ့ ဆု တောင်းရန်သာ ဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စ်စာမျက်နှာ၌ ရေးသားခဲ့သည်။ယနေ့ရုံးချိန်းတွင် ရဲတပ်ဖွဲ့က စစ်ဆေးမှုအား တရားရုံးသို့ ပြန်လည် တင်ပြခဲ့ပြီး ချစ်သုဝေနှင့် ဦးဇော်ဝင်းအား တရားစွဲဆိုရန် လျှောက်ထားမှုအပေါ် ပလပ်ကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အဆိုတော်ချစ်သုဝေနှင့် ၎င်း၏ဖခင် ဦးဇော်ဝင်းအား ရှေ့နေဦးအေးပိုင်က တရားစွဲဆိုရန် လျှောက်ထားမှုအပေါ် ပလပ်ကြောင်း သင်္ဃန်း ကျွန်းမြို့နယ်တရားရုံးက ယနေ့(ဇူလိုင် ၉ ရက်)တွင် အမိန့်ချမှတ်ခဲ့သည်။အမိန့်ချမှတ်မှုနှင့်ပတ်သက်၍ ရှေ့နေ ဦးအေးပိုင်က ” တရားစွဲတဲ့ အကြောင်းအရာတွေမှာ ဥပဒေပြဌာန်းချက်နဲ့ မညီဘူးဆိုပြီးတော့ ကျင့်-၂၀၃ နဲ့ ပယ်လိုက်တာပေါ့။

ဒီလိုပလပ်လိုက်ခြင်းဟာ ကျွန်တော်တို့မှာ ဥပဒေကြောင်းအရ ဆက်ဆောင်ရွက်ခွင့်ရှိပါတယ်။အထက်ရုံးတက်ပါမယ်။ ညှိနှိုင်းဆုံးဖြတ်ပြီး တော့ အထက်ရုံးကို ပြင်ဆင်မှုတက်ဖို့ အစီအစဉ်ရှိပါတယ်။ တရားစွဲတာကလည်း ပုဂ္ဂိုလ်ရေး မဟုတ်ပါဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသ နာ့ရက္ခိတကွန်ရက်ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တရားစွဲတာပါ။

အဖွဲ့အစည်းအဝေးပြန်တင်ပြပြီး ဒီအပေါ်မှာ ဥပဒေကြောင်းအရ ဘယ်လို လုပ်ကြမလဲပေါ့”ဟု ပြောသည်။တရားရုံး၏ ပလပ်အမိန့်မှာ လွဲမှားနေသည်ဟု ခံစားရကြောင်း ရှေ့နေ ဦးအေးပိုင်က ၎င်း၏အမြင်ကိုပြောသည်။တရားရုံးရဲ့ အမိန့်ဟာ လွဲမှားနေတယ်လို့ ကျွန်တော် ကိုယ်တိုင်က သုံးသပ်ပါတယ်။ ဒီအွန်လိုင်းမီဒီယာကနေ ဖြန့်ချိလိုက်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အဆိုတော် ချစ်သုဝေကိုယ်တိုင်လည်း ပြန်ရှင်းတာတွေ ဝန်ခံတာတွေ ရှိပါတယ်။ တရားရုံး ပလပ်အမိန့်ကတော့ အင်မတန်မှ အံဩစရာ လည်း ကောင်းတယ်လို့ ခံစားရပါတယ်”ဟု ၎င်းကပြောသည်။ချစ်သုဝေနှင့် ဦးဇော်ဝင်း၏ ရေးသားဖော်ပြချက်မှာ ဘာသာ သာသနာအပေါ် ထိခိုက်စော်ကားသည်ဟု ခံစားရ၍ ဥပဒေအတိုင်း ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း အမျိုးသားရေးလှုပ်ရှားသူ ဦးသီဟက ပြောသည်။

REF:   စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *