





#ကိုးကား #ข่าวเด่น

Photo Credit


UNICODE

မိသားစုဝင် များ အားဝိဉာဉ် မှအိပ်မက်ပေး ခဲ့ တဲ့ သူ၏ အလောင်းတည်နေရာ အကြောင်း

ဘာ့ကြောင့် စက်လှေမှာစက်နိုးလျှက် ဘယ်လို အခက်အခဲကြောင့် ၎င်းသေဆုံးရတဲ့အကြောင်းရင်းကို တော့ မသိရသေးပေမယ့် သေဆုံးသူ ဝိဉာဉ်သည် မိသားစုဝင်များအား ထပ်မံအိပ်မက်ပေး၍ ပြော / မပြောဆိုတာကိုတော့ ထပ်မံစောင့်ကြည့်ရမည် ဟု ဆရာတော်တစ်ပါးမှ မိန့် ကြားခဲ့ကြောင်းသိရှိရပါသည် ။

ပင် လယ်ပြင်တွင်ငါးဖမ်းထွက်ရင်းပျောက်ဆုံးနေသော ရေလုပ်သားမှ သူ့အားလိုက်မရှာကြရန်နှင့် အချိန်တန်ရင်သူ၏အလောင်းအား အလိုလိုမြင်တွေ့ရမည်ဟု မိသားစုဝင်များကိုအိပ်မက်ပေးပြီးနောက် အလောင်းအားရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ပြီးခဲ့တဲ့ဇူလိုင်လ ၇ ရက်နေ့က ထိုင်းနိုင်ငံ ” ပ ရကျွပ်ခီရိခမ်း ” ခရိုင် ” ဆမ်လွိုက်ယော့ဒ် မြို့နယ်တွင် ပယ်လယ်ထဲသို့စက်လှေဖြင့် တစ်ဦးတည်း ။

ငါးဖမ်းထွက်သွာရင်း စက်လှေမှာ ” ရေမိုင် ၆ မိုင်ကွာအခန့်ရှိ နုမ်းဆောင် ” မယ်တော်ကျွန်းအနီးတွင် လူမပါဘဲ စက်နိုးလျှက်မျောနေသည် ကို ရေလုပ်သားအချင်းချင်းကတွေ့ရှိခဲ့သဖြင့်တာဝန်ရှိသူများထံသို့သွားရောက် အကြောင်းကြားခဲ့သဖြင့် အပူတပြင်း လိုက်လံရှာဖွေ နေ ကြဆဲဖြစ်ပြီး မနေ့ကညနေစောင်းအထိ ရှာ၍ မတွေ့ရှိခဲ့သေးကြောင်း သိရှိရပါတယ် ။

ပျောက်ဆုံးနေသူစက်လှေပိုင်ရှင်ရေလုပ်သား Phaiboon Jareangsak (၄၀/၅၀ ) နှစ်သည် ၎င်း၏မိသားစုဝင်များအား ဇူလိုင်လ ၈ ရက်နေ့ညက ” သူ့အားအပင်ပမ်းခံလိုက်လံမရှာကြဘ်ု့ ၊ ဘယ်လိုမှတွေ့မှာမဟုတ်ဘူး ၊ အချိန်တန်ရင်သူ၏ ရုပ်အလောင်းကို ပယ်လယ် ပြင်မှာ တွေ့ကြလိမ့် ” လို့အိပ်မက်ပေးခဲ့တယ်လို့မိသားစုဝင်များကဆိုပါတယ် ။

အဲ့ဒီနောက်ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ ရှာဖွေးရေးအဖွဲ့နှင့် ရေလုပ်သားအဖွဲ့များသည် Phaiboon အားလိုက်လံရှာဖွေစဉ် ” ခိုလမ်ကျွန်း ” အနီးတစ်ဝိုက် မီတာ ၅၀၀ အကွာခန့်တွင် ရေပေါ်၌ ပက်လက်မျှောနေသောရုပ်အလောင်းတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူမှာ Phaiboon ဖြစ်ကြောင်းအတည်ပြုခဲ့ပြီးနောက် ကမ်းခြေသို့ပြန်လည်သယ်ဆောင်ခဲ့ကြကြောင်း သိရှိရသည် ။

#ကိုးကား #ข่าวเด่น

Photo Credit

#သတင်းဘာသာပြန် #SiThuMaung #Freelance

Add a Comment

Your email address will not be published. Required fields are marked *