ဝန္ထမ္းမ်ားကို ကားပါမစ္ခ်ထားေပးရန္ ရွိေသာ္လည္း ၫြန္ၾကားခ်က္ မရေသးဟု စီးပြား/ကူးသန္းမွ တာဝန္ရွိသူေျပာ

(၂၀၂၀)ခုႏွစ္ ဇန္နနဝါရီ ၂ ရက္ က စီးပြားေရးႏွင့္ ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာန၊ ဝန္ႀကီး႐ုံးမွ ျပည္သူ႔ဝန္ထမ္းႏွင့္ ႏိုင္ငံဝန္ထမ္း မ်ား အတြက္ ေမာ္ေတာ္ယာဥ္ေရာင္း ခ်ေပးေရးအစီအစဥ္ႏွင့္ ပတ္သက္ ၍ ပထမအဆင့္အေနျဖင့္ ၫြန္ ၾကားေရးမႉးခ်ဳပ္ႏွင့္ အထက္အဆင့္ ျပည္သူ႔ဝန္ထမ္းႏွင့္ ႏိုင္ငံ့ဝန္ထမ္း မ်ားကို ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ၿပီး ဒုတိယအဆင့္အေနျဖင့္ ၫြန္ၾကားေရးမႉးခ်ဳပ္ႏွင့္ လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး ႏိုင္ငံ့ဝန္ထမ္း ေကာင္း တံဆိပ္ရရွိသူ ဝန္ထမ္းမ်ား ကို ေဆာင္႐ြက္ေပးသြားမည္ဟု ေၾကညာခဲ့သည္။

ယင္းအစီအစဥ္ ႏွင့္ ပတ္သက္၍ ကားကုမၸဏီမ်ားမွ ကန္႔ကြက္မႈမ်ားရွိခဲ့ သျဖင့္ သမၼတ႐ုံးမွ ထိုအစီအစဥ္ကို ယခုအခ်ိန္အထိ ေခတၱဆိုင္းငံ့ခဲ့ ျခင္း ျဖစ္သည္။ဝန္ထမ္းကားပါမစ္ ေပးရန္ ဆက္လက္ အေကာင္အထည္ေဖာ္ရန္ရွိ ေသာ္လည္း ၫြန္ၾကားခ်က္မရေသးေၾကာင္း စီးပြားေရး ႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။လုပ္သက္ရင့္ ဝန္ထမ္းမ်ား အား ကားပါမစ္ေပးမည့္ကိစၥ ဆက္ လက္ အေကာင္အ ထည္ေဖာ္ရန္ရွိ ေၾကာင္း စီးပြား/ကူးသန္း ဒုတိယ ဝန္ႀကီး ဦးေအာင္ထူးက ဇြန္ ၂၄ ရက္က ေနျပည္ေတာ္တြင္ ေျပာဆိုျခင္းျဖစ္သည္။

စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ သတင္းမီဒီယာေတြ႕ဆုံပြဲတြင္ မီဒီယာ မ်ား၏ ေမးျမန္းမႈအေပၚ ေျဖၾကားခဲ့ျခင္း ျဖစ္ သည္။ သို႔ေသာ္ ဇူလိုင္ ၈ ရက္ထိတိုင္ ဝန္ထမ္းပါမစ္ခြင့္ျပဳမည့္ ကိစၥႏွင့္ ပတ္သက္၍ ၫြန္ၾကားမႈ မရွိေသးေၾကာင္း သိရသည္။ဝန္ႀကီးက လုပ္သက္ရင့္ ဝန္ထမ္းေတြ ကားပါမစ္ေပးမယ့္ ပေရာဂ်က္ကို ဆက္ၿပီး အေကာင္ အထည္ေဖာ္ဖို႔ ရွိတယ္၊ ေပးမယ့္ ပေရာဂ်က္က မပ်က္ ေသးဘူးလို႔ ေျပာၾကားထားေပမဲ့ ဝန္ႀကီးဌာနကို ေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ၫြန္ ၾကားတာ မရွိေသးပါဘူး၊

ဒါေၾကာင့္ လုပ္သက္ ၂၅ ႏွစ္ေအာက္ ဝန္ ထမ္းေတြကို ၁၅ဝဝ စီစီေအာက္ ကားေတြကိုပဲ ေပးသြင္းမယ္ဆိုတဲ့ သတင္းေတြ ထြက္ေနတာက သ တင္းအမွန္မဟုတ္ပါဘူး၊ ၫြန္ၾကား ခ်က္မရေသးလို႔ ဘယ္အခ်ိန္ကစၿပီး ဘယ္ပုံစံနဲ႔ ခြင့္ျပဳေပးမယ္ ဆိုတာ လည္း မသိေသးပါဘူး”ဟု စီးပြား ေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

REF: AUTOMOBILE NEWS AGENCY

UNICODE

ဝန်ထမ်းများကို ကားပါမစ်ချထားပေးရန် ရှိသော်လည်း ညွန်ကြားချက် မရသေးဟု စီးပွား/ကူးသန်းမှ တာဝန်ရှိသူပြော

(၂၀၂၀)ခုနှစ် ဇန်နနဝါရီ ၂ ရက် က စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်း များ အတွက် မော်တော်ယာဉ်ရောင်း ချပေးရေးအစီအစဉ်နှင့် ပတ်သက် ၍ ပထမအဆင့်အနေဖြင့် ညွန် ကြားရေးမှူးချုပ်နှင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်း များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ညွန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်း ကောင်း တံဆိပ်ရရှိသူ ဝန်ထမ်းများ ကို ဆောင်ရွက်ပေးသွားမည်ဟု ကြေညာခဲ့သည်။

ယင်းအစီအစဉ် နှင့် ပတ်သက်၍ ကားကုမ္ပဏီများမှ ကန့်ကွက်မှုများရှိခဲ့ သဖြင့် သမ္မတရုံးမှ ထိုအစီအစဉ်ကို ယခုအချိန်အထိ ခေတ္တဆိုင်းငံ့ခဲ့ ခြင်း ဖြစ်သည်။ဝန်ထမ်းကားပါမစ် ပေးရန် ဆက်လက် အကောင်အထည်ဖော်ရန်ရှိ သော်လည်း ညွန်ကြားချက်မရသေးကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။လုပ်သက်ရင့် ဝန်ထမ်းများ အား ကားပါမစ်ပေးမည့်ကိစ္စ ဆက် လက် အကောင်အ ထည်ဖော်ရန်ရှိ ကြောင်း စီးပွား/ကူးသန်း ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ဇွန် ၂၄ ရက်က နေပြည်တော်တွင် ပြောဆိုခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းမီဒီယာတွေ့ဆုံပွဲတွင် မီဒီယာ များ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်း ဖြစ် သည်။ သို့သော် ဇူလိုင် ၈ ရက်ထိတိုင် ဝန်ထမ်းပါမစ်ခွင့်ပြုမည့် ကိစ္စနှင့် ပတ်သက်၍ ညွန်ကြားမှု မရှိသေးကြောင်း သိရသည်။ဝန်ကြီးက လုပ်သက်ရင့် ဝန်ထမ်းတွေ ကားပါမစ်ပေးမယ့် ပရောဂျက်ကို ဆက်ပြီး အကောင် အထည်ဖော်ဖို့ ရှိတယ်၊ ပေးမယ့် ပရောဂျက်က မပျက် သေးဘူးလို့ ပြောကြားထားပေမဲ့ ဝန်ကြီးဌာနကို တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ညွန် ကြားတာ မရှိသေးပါဘူး၊

ဒါကြောင့် လုပ်သက် ၂၅ နှစ်အောက် ဝန် ထမ်းတွေကို ၁၅ဝဝ စီစီအောက် ကားတွေကိုပဲ ပေးသွင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာက သ တင်းအမှန်မဟုတ်ပါဘူး၊ ညွန်ကြား ချက်မရသေးလို့ ဘယ်အချိန်ကစပြီး ဘယ်ပုံစံနဲ့ ခွင့်ပြုပေးမယ် ဆိုတာ လည်း မသိသေးပါဘူး”ဟု စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

REF:   AUTOMOBILE  NEWS  AGENCY

Add a Comment

Your email address will not be published. Required fields are marked *