ဥေရာပသမဂၢ (EU) က ျမန္မာအ စိုးရ ကိုဗစ္ကူးစက္ေရာဂါ ကိုင္တြယ္ ပုံ မွာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားထက္ သာေနေၾကာင္း ခ်ီးက်ဴး ေျပာဆို

အီးယူသည္ G- 20 အဖြဲ႕ဝင္ႏိုင္ငံမ်ား ၏ အတည္ ျပဳေထာက္ခံ မႈျဖင့္ ျမန္မာႏိုင္ငံက ျပန္လည္ေပးဆပ္ရ မည့္ ေခ်းေငြ အေမရိကန္ေဒၚလာ ၉၈ သန္းကို ယခုႏွစ္ကုန္ အထိ ဆိုင္းငံ့ေၾကာင္း ယခုလဆန္းတြင္ ထုတ္ျပန္ေၾက ညာခဲ့သည္ ။ ထိုသို႔ဆိုင္းငံ့ရျခင္း မွာ ဆရာ ဝန္မ်ားကို ပိုမို ေထာက္ပံ့ႏိုင္ၿပီး လိုအပ္ သည့္ က်န္းမာေရးေစာင့္ ေရွာက္မႈမ်ားကို လုပ္ေဆာင္ရန္ ရည္႐ြယ္ေၾကာင္း အီးယူသံအ မတ္ႀကီးက ေျပာသည္ ။ ‘ကိုဗစ္-၁၉ ေၾကာင့္ ျမန္မာ ကဲ့သို႔ေသာ ခ်ိဳ႕တဲ့ တဲ့ ႏိုင္ငံေတြက သူတို႔ရဲ႕ ပိုက္ဆံေတြ ကို အခုခ်ိန္ မွာ က်န္းမာေရးေစာင့္ေရွာက္မႈ ေတြေပးဖို႔၊ စီးပြားေရးျပန္လည္ဦး ေမာ့လာဖို႔ အလုပ္အကိုင္ေတြ ရရွိဖို႔ သုံးေနရ ပါတယ္။

ဒီအခ်ိန္ မွာ အစိုးရရဲ႕အရင္းအျမစ္ေတြက အခုလို ေႂကြးၿမီ အတြက္ အသုံးျပဳ ရမွာမဟုတ္ပါဘူး။ ျပင္ပကိုထြက္ ဖို႔ထက္ ႏိုင္ငံတြင္းအတြက္ပဲ အသုံးျပဳဖို႔လို တာပါ ။ ဒါေၾကာင့္ လည္း G-20 က ဒီလို ဆုံး ျဖတ္ခ်က္ခ်ခဲ့တာပါ ’’ ဟု မစၥတာ ခရစၥတီယန္ရွမစ္ထ္က ေျပာ ၾကား သည္ ။ျမန္မာ အစိုးရ ၏ ကိုဗစ္ -၁၉ တုံ႔ျပန္ေရး ေဆာင္႐ြက္ခ်က္ မ်ား သည္ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ား ထက္ ပိုမိုေကာင္းမြန္ေန သည္ ဟု ျမန္မာ ႏိုင္ငံ ဆိုင္ရာ ဥေရာပ သမဂၢသံ အမတ္ႀကီး မစၥတာ ခရစၥတီယန္ရွမစ္ထ္ က ေျပာၾကား သည္ ။တာဝန္ၿပီး ဆုံး ၍ ထြက္ခြာေတာ့ မည့္ အီးယူသံ အမတ္ႀကီး သည္ ျမန္မာႏိုင္ငံ အစိုးရ ၏ ကိုဗစ္-၁၉ တုံ႔ျပန္ေရး အေျခအေန အေပၚ အလြန္ ေကာင္းမြန္ေၾကာင္း ခ်ီးက်ဴးေျပာ ဆိုသည္ ။

‘ကြၽန္ေတာ္ ျမန္မာ အစိုးရ ကို ေျပာခဲ့ ပါတယ္ ။ ျမန္မာအစိုးရ က အေကာင္းဆုံး ေသာ လုပ္ေဆာင္ခ်က္ေတြ ကို လုပ္ေဆာင္ေန ပါ တယ္ လို႔။ ကမာၻေပၚမွာရွိတဲ့ အျခားေသာ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြ ထက္ကို ပိုေကာင္းေအာင္ လုပ္ ေဆာင္ေန ပါတယ္ ။ ဥေရာပက ႏိုင္ငံ တခ်ိဳ႕ထက္ ေတာင္ သာပါ တယ္ ’’ ဟု အီးယူသံအမတ္ႀကီးက ဆိုသည္ ။ျမန္မာႏိုင္ငံ တြင္ မတ္လ ၂၃ ရက္ တြင္ ကိုဗစ္-၁၉ အတည္ျပဳ လူနာ စတင္ ေတြ႕ရွိ ခဲ့ၿပီး ဇူလိုင္ ၇ ရက္ နံနက္ ၈ နာရီ ထုတ္ျပန္ ခ်က္ အထိ စုစုေပါင္း အတည္ျပဳ လူနာ ၃၁၆ ဦးရွိသည္။ ေရာဂါပိုး ကင္းစင္လာသူ ၂၄၅ ဦး ရွိၿပီး ေသဆုံးခဲ့သူ ေျခာက္ဦး ရွိ သည္ ။ျမန္မာက်န္းမာေရးဝန္ႀကီး အပါအဝင္ ႏိုင္ငံရဲ႕လုပ္ ေဆာင္ခ်က္ က အရမ္းေကာင္း ပါ တယ္။

က်န္းမာေရးဝန္ႀကီးက သတိျပဳမိတယ္။ အရမ္း ကိုႀကီး မားတဲ့ကူးစက္မႈႀကီးျဖစ္ ရင္ ျမန္ မာႏိုင္ငံက က်န္းမာေရးေစာင့္ ေရွာက္မႈ ကို လ်င္လ်င္ျမန္ျမန္လႊမ္းမိုးသြားႏိုင္ပါလိမ့္မယ္လို႔ သတိျပဳမိၿပီး လုပ္ေဆာင္ခ်က္ ထိထိေရာက္ေရာက္ လုပ္ေဆာင္ ေနတယ္’’ ဟု မစၥတာ ခရစၥတီ ယန္ရွမစ္ထ္ က ေျပာ သည္ ။သို႔ေသာ္ ျမန္မာ အစိုးရသည္ ကိုဗစ္ဒုတိယ လႈိင္း ကို သတိ ျပဳရန္လိုအပ္ၿပီး ျပည္သူလူထု အေနျဖင့္ မေပါ့ဆၾကရန္ တိုက္ တြန္းထားသည္။ လူစုလူေဝးျဖစ္ ေစသည့္ အခမ္းအနားမ်ားကို ကန႔္သတ္ျခင္း၊ နယ္စပ္ဝင္၊ ထြက္ဂိတ္ မ်ား ပိတ္ျခင္း၊ ႏိုင္ငံတကာ ေလေၾကာင္းလိုင္းမ်ားကို ဆင္းသက္ခြင့္ မျပဳျခင္း မ်ားကို ဇူလိုင္ ၁၅ ရက္အထိ ျမန္မာအစိုး ရက သက္တမ္း တိုးထားသည္ ။

REF: 7Day News

UNICODE

ဥရောပသမဂ္ဂ (EU) က မြန်မာအ စိုးရ ကိုဗစ်ကူးစက်ရောဂါ ကိုင်တွယ် ပုံ မှာ ဖွံ့ဖြိုးပြီးနိုင်ငံများထက် သာနေကြောင်း ချီးကျူး ပြောဆို

အီးယူသည် G- 20 အဖွဲ့ဝင်နိုင်ငံများ ၏ အတည် ပြုထောက်ခံ မှုဖြင့် မြန်မာနိုင်ငံက ပြန်လည်ပေးဆပ်ရ မည့် ချေးငွေ အမေရိကန်ဒေါ်လာ ၉၈ သန်းကို ယခုနှစ်ကုန် အထိ ဆိုင်းငံ့ကြောင်း ယခုလဆန်းတွင် ထုတ်ပြန်ကြေ ညာခဲ့သည် ။ ထိုသို့ဆိုင်းငံ့ရခြင်း မှာ ဆရာ ဝန်များကို ပိုမို ထောက်ပံ့နိုင်ပြီး လိုအပ် သည့် ကျန်းမာရေးစောင့် ရှောက်မှုများကို လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း အီးယူသံအ မတ်ကြီးက ပြောသည် ။ ‘ကိုဗစ်-၁၉ ကြောင့် မြန်မာ ကဲ့သို့သော ချို့တဲ့ တဲ့ နိုင်ငံတွေက သူတို့ရဲ့ ပိုက်ဆံတွေ ကို အခုချိန် မှာ ကျန်းမာရေးစောင့်ရှောက်မှု တွေပေးဖို့၊ စီးပွားရေးပြန်လည်ဦး မော့လာဖို့ အလုပ်အကိုင်တွေ ရရှိဖို့ သုံးနေရ ပါတယ်။

ဒီအချိန် မှာ အစိုးရရဲ့အရင်းအမြစ်တွေက အခုလို ကြွေးမြီ အတွက် အသုံးပြု ရမှာမဟုတ်ပါဘူး။ ပြင်ပကိုထွက် ဖို့ထက် နိုင်ငံတွင်းအတွက်ပဲ အသုံးပြုဖို့လို တာပါ ။ ဒါကြောင့် လည်း G-20 က ဒီလို ဆုံး ဖြတ်ချက်ချခဲ့တာပါ ’’ ဟု မစ္စတာ ခရစ္စတီယန်ရှမစ်ထ်က ပြော ကြား သည် ။မြန်မာ အစိုးရ ၏ ကိုဗစ် -၁၉ တုံ့ပြန်ရေး ဆောင်ရွက်ချက် များ သည် ဖွံ့ဖြိုးပြီး နိုင်ငံများ ထက် ပိုမိုကောင်းမွန်နေ သည် ဟု မြန်မာ နိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂသံ အမတ်ကြီး မစ္စတာ ခရစ္စတီယန်ရှမစ်ထ် က ပြောကြား သည် ။တာဝန်ပြီး ဆုံး ၍ ထွက်ခွာတော့ မည့်  အီးယူသံ အမတ်ကြီး သည် မြန်မာနိုင်ငံ အစိုးရ ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေး အခြေအနေ အပေါ် အလွန် ကောင်းမွန်ကြောင်း ချီးကျူးပြော ဆိုသည် ။

‘ကျွန်တော် မြန်မာ အစိုးရ ကို ပြောခဲ့ ပါတယ် ။ မြန်မာအစိုးရ က အကောင်းဆုံး သော လုပ်ဆောင်ချက်တွေ ကို လုပ်ဆောင်နေ ပါ တယ် လို့။ ကမ္ဘာပေါ်မှာရှိတဲ့ အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံတွေ ထက်ကို ပိုကောင်းအောင် လုပ် ဆောင်နေ ပါတယ် ။ ဥရောပက နိုင်ငံ တချို့ထက် တောင် သာပါ တယ် ’’ ဟု အီးယူသံအမတ်ကြီးက ဆိုသည် ။မြန်မာနိုင်ငံ တွင် မတ်လ ၂၃ ရက် တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စတင် တွေ့ရှိ ခဲ့ပြီး ဇူလိုင် ၇ ရက် နံနက် ၈ နာရီ ထုတ်ပြန် ချက် အထိ စုစုပေါင်း အတည်ပြု လူနာ ၃၁၆ ဦးရှိသည်။ ရောဂါပိုး ကင်းစင်လာသူ ၂၄၅ ဦး ရှိပြီး သေဆုံးခဲ့သူ ခြောက်ဦး ရှိ သည် ။မြန်မာကျန်းမာရေးဝန်ကြီး အပါအဝင် နိုင်ငံရဲ့လုပ် ဆောင်ချက် က အရမ်းကောင်း ပါ တယ်။

ကျန်းမာရေးဝန်ကြီးက သတိပြုမိတယ်။ အရမ်း ကိုကြီး မားတဲ့ကူးစက်မှုကြီးဖြစ် ရင် မြန် မာနိုင်ငံက ကျန်းမာရေးစောင့် ရှောက်မှု ကို လျင်လျင်မြန်မြန်လွှမ်းမိုးသွားနိုင်ပါလိမ့်မယ်လို့ သတိပြုမိပြီး လုပ်ဆောင်ချက် ထိထိရောက်ရောက် လုပ်ဆောင် နေတယ်’’ ဟု မစ္စတာ ခရစ္စတီ ယန်ရှမစ်ထ် က ပြော သည် ။သို့သော် မြန်မာ အစိုးရသည် ကိုဗစ်ဒုတိယ လှိုင်း ကို သတိ ပြုရန်လိုအပ်ပြီး ပြည်သူလူထု အနေဖြင့် မပေါ့ဆကြရန် တိုက် တွန်းထားသည်။ လူစုလူဝေးဖြစ် စေသည့် အခမ်းအနားများကို ကန့်သတ်ခြင်း၊ နယ်စပ်ဝင်၊ ထွက်ဂိတ် များ ပိတ်ခြင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများကို ဆင်းသက်ခွင့် မပြုခြင်း များကို ဇူလိုင် ၁၅ ရက်အထိ မြန်မာအစိုး ရက သက်တမ်း တိုးထားသည် ။

REF:   7Day News

Add a Comment

Your email address will not be published. Required fields are marked *