ေျမာက္ကိုရီးယားမွ ဖားကန႔္ ေျမၿပိဳမႈျဖစ္စဥ္အတြက္ ဝမ္းနည္းေၾကာင္း ျမန္မာအစိုးရထံ သဝဏ္လႊာေပးပို႔

ဇူလိုင္လ ၂ ရက္ေန႔ ဖားကန႔္ ေျမၿပိဳမႈျဖစ္စဥ္ေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူ ၁၇၄ ဦး နဲ႔ ဒဏ္ရာရရွိသူ ၅၄ ဦး အထိရွိခဲ့ၿပီး လက္ရွိမွာ ေတာ့ အစိုးရအေနနဲ႔ ဒဏ္ရာရသူတစ္ဦးကိုေငြက်ပ္ ၂ သိန္း၊ ေသဆုံးသူတစ္ဦးအတြက္ ေငြက်ပ္ ၅ သိန္း၊ စုစုေပါင္း စာရင္းအရ ေသဆုံးသူ ၁၇၄ ဦး၊ ဒဏ္ရာရ ၅၄ဦး တို႔အတြက္ ေထာက္ပံ့ေငြက်ပ္ ၉၇၈ သိန္း ေထာက္ပံ့ထားတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံမွ ဖားကန႔္ေျမၿပိဳမႈျဖစ္စဥ္အတြက္ ဝမ္းနည္းေၾကာင္း သဝဏ္လႊာကို အျပည္ျပည္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္ေရး ဝန္ႀကီးဦးေက်ာ္တင္ထံ ေပးပို႔ခဲ့ေၾကာင္း သိရပါတယ္။ ဇူလိုင္ ၈ ရက္ေန႔က ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး Ri Son Gwon က ဝန္ ႀကီးဦးေက်ာ္တင္ဆီကို သဝဏ္လႊာေပးပို႔ခဲ့တာျဖစ္ၿပီး ယင္းသဝဏ္လႊာတြင္ ဖားကန႔္ေျမၿပိဳမႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး။

ေသဆုံးခဲ့သူမ်ားနဲ႔ မိသားစုဝင္ေတြအတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေဖာ္ျပထားၿပီးအဆိုပါ ျဖစ္ရပ္ဆိုးကို ျမန္မာႏိုင္ငံ အေနျဖင့္ အျမန္ ဆုံးေက်ာ္လႊာႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းထည့္သြင္း ေရးသားထားတယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ KCNA သတင္းဌာနက ေဖာ္ျပ ထားပါတယ္။သဝဏ္လႊာနဲ႔ပတ္သက္ၿပီးေတာ့ အဆိုပါဝန္ႀကီးဌာနက ထုတ္ျပန္ထားတာေတာ့မရွိေသးပါဘူး။

REF: MYANMAPLATFORM

UNICODE

မြောက်ကိုရီးယားမှ ဖားကန့် မြေပြိုမှုဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်း မြန်မာအစိုးရထံ သဝဏ်လွှာပေးပို့

ဇူလိုင်လ ၂ ရက်နေ့ ဖားကန့် မြေပြိုမှုဖြစ်စဉ်ကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၄ ဦး နဲ့ ဒဏ်ရာရရှိသူ ၅၄ ဦး အထိရှိခဲ့ပြီး လက်ရှိမှာ တော့ အစိုးရအနေနဲ့ ဒဏ်ရာရသူတစ်ဦးကိုငွေကျပ် ၂ သိန်း၊ သေဆုံးသူတစ်ဦးအတွက် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း စာရင်းအရ သေဆုံးသူ ၁၇၄ ဦး၊ ဒဏ်ရာရ ၅၄ဦး တို့အတွက် ထောက်ပံ့ငွေကျပ် ၉၇၈ သိန်း ထောက်ပံ့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှ ဖားကန့်မြေပြိုမှုဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဦးကျော်တင်ထံ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၈ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Son Gwon က ဝန် ကြီးဦးကျော်တင်ဆီကို သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး ယင်းသဝဏ်လွှာတွင် ဖားကန့်မြေပြိုမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး။

သေဆုံးခဲ့သူများနဲ့ မိသားစုဝင်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဖော်ပြထားပြီးအဆိုပါ ဖြစ်ရပ်ဆိုးကို မြန်မာနိုင်ငံ အနေဖြင့် အမြန် ဆုံးကျော်လွှာနိုင်မယ်လို့ မျှော်လင့်ကြောင်းထည့်သွင်း ရေးသားထားတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြ ထားပါတယ်။သဝဏ်လွှာနဲ့ပတ်သက်ပြီးတော့ အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။

REF:   MYANMAPLATFORM

Add a Comment

Your email address will not be published. Required fields are marked *