ႏိုင္ငံေတာ္၏အရံဆန္မ်ား ျပန္လည္ျဖန႔္ေဝရာ လက္လီဆိုင္မ်ားအေနျဖင့္ (၁)ျပည္ (၁၁၀၀)က်ပ္ထက္ ပိုမေရာင္းရဟု သတ္မွတ္

အရန္ဆန္မ်ားအား ဝယ္လိုသည့္ လက္လီဆိုင္မ်ားအေနျဖင့္ ေလွ်ာက္လႊာမ်ားကို ျမန္မာႏိုင္ငံဆန္စပါးအသင္း ခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံ ဆန္စ ပါးကုန္သည္မ်ားအသင္းသို႔ ေပးပို႔ႏိုင္ေၾကာင္းႏွင့္ စက္မႈဇုန္မ်ားရွိ အလုပ္သမားဦးေရ မ်ားေသာ စက္႐ုံမ်ားအေနျဖင့္လည္း ဝယ္ယူႏိုင္မည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။လက္ရွိတြင္ ဇူလိုင္ ၈ရက္ေန႔ အရန္ဆန္ဝယ္ယူရန္ ေလွ်ာက္လႊာတင္ထားသည့္ လက္လီဆိုင္မွာ ၁၅ ဆိုင္ရွိ ေၾကာင္း ႏွင့္ ေလွ်ာက္လႊာတင္ထားသည့္ လက္လီဆိုင္မ်ားထဲမွ အဂၤါရပ္ညီၫြတ္သည့္ ဆိုင္မ်ားအားလုံးကို အရန္ ဆန္ေရာင္း ခ်ေပးသြားမည္ဟု သိရသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ COVID-19 ျဖစ္ပြားေနခ်ိန္တြင္ ဆန္ေဈးႏႈန္းတည္ၿငိမ္ေစရန္၊ ေတာင္သူလယ္သမားမ်ား၏ စပါးစေပၚခ်ိန္တြင္ ဝင္ေငြမက်ေစရန္ႏွင့္ ပို႔ကုန္လုပ္ငန္းမ်ားပုံမွန္ျဖစ္ေစရန္အတြက္ ျပည္ပသို႔ တင္ပို႔သည့္ ကုမၸဏီ ၁၂၃ ခုထံမွ ႏိုင္ငံေတာ္ အရန္ရိကၡာဆန္မ်ားအား ဧၿပီလကုန္မွ စတင္ကာ ဝယ္ယူ စုေဆာင္းထားေၾကာင္းသိရသည္။ လက္ရွိတြင္ ဆန္စပါးကုန္သည္ မ်ားအသင္း၏ ထုတ္ျပန္ခ်က္အရ ဧည့္မထ ၂၅ မွတ္ တစ္အိတ္လွ်င္ ၂၄၅၀၀ က်ပ္ ေပါက္ေဈးရွိသျဖင့္ တစ္ျပည္လွ်င္ ၁၀၂၁ က်ပ္ႏႈန္းျဖစ္ သည္။ မႏၲေလး တိုင္း ဆန္ကုန္သည္မ်ားအသင္း ၏ ဇူလိုင္ ၈ရက္ ေဈးႏႈန္းထုတ္ျပန္ခ်က္အရ ဧည့္မထ ၂၅ မွတ္ တစ္အိတ္လွ်င္ ၂၀၅၀၀ က်ပ္ျဖစ္သျဖင့္။

တစ္ျပည္လွ်င္ ၈၅၄ က်ပ္ႏႈန္းျဖစ္သည္။ျမန္မာႏိုင္ငံ ဆန္စပါးကုန္သည္မ်ားအသင္း ၊ဆန္စပါးကုန္စည္ဒိုင္ (ဘုရင့္ေနာင္) ကုန္စည္ဒိုင္၏ ေဈးႏႈန္းထုတ္ျပန္ခ်က္ အရ ဧည့္မထ ၂၅ မွတ္ တစ္အိတ္လွ်င္ ၂၁၀၀၀ က်ပ္ ေပါက္ေဈးျဖစ္သျဖင့္ တစ္ျပည္လွ်င္ ၈၇၅ က်ပ္ႏႈန္းျဖစ္သည္။ ေဒသအလိုက္မွ ဆန္လက္လီအေရာင္းအဆိုင္မ်ားအေနျဖင့္ ျပည္သူလူထုထံသို႔ ဆန္တစ္ျပည္လွ်င္ ေငြက်ပ္ ၁၁၀၀ ႏႈန္းထက္မပိုသည့္ ေဈး ႏႈန္းျဖင့္ ျပန္လည္ေရာင္းခ်ႏိုင္ရန္အတြက္ အရန္ရိကၡာဆန္မ်ားအား ေရာင္းခ် ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္း ခ်ဳပ္ က ဇူလိုင္ ၇ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့သည္။

ကြၽန္ေတာ္တို႔ မူလရည္႐ြယ္ခ်က္ကိုက ဒီလုပ္သားျပည္သူေတြ ဆန္လိုအပ္တဲ့သူေတြ သက္ေတာင့္သက္သာနဲ႔ ျပန္လည္ေရာင္းခ်ဖို႔ ဆိုၿပီး ေတာ့ ကြၽန္ေတာ္တို႔က အရန္ဆန္ကို ဝယ္ယူထားတာျဖစ္တယ္။ အခုဆိုရင္ ကြၽန္ေတာ္ တို႔က အရန္ဆန္အေရအတြက္ ျပည့္ခါနီးၿပီ။ ေရွ႕ ဆက္ၿပီးေတာ့လည္း ဒီအရန္ဆန္က ဝယ္ေနဦးမယ္ဆိုေတာ့ ပထမရွိတဲ့ဟာေတြကို သက္ေတာင့္သက္သာေဈးနဲ႔ ျပည္သူလူထုကို ေရာင္း ေပးမယ္။ ေနာက္ထပ္လည္း ကြၽန္ေတာ္တို႔ အရန္ဆန္ရဲ႕ မူဝါဒအရ ဆက္ၿပီးေတာ့လည္းဝယ္ေနမယ္” ဟု ျမန္မာႏိုင္ငံဆန္ စပါးအသင္း ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လက္လီဆိုင္မ်ားအေနျဖင့္ ဆန္တစ္ျပည္လွ်င္ ၁၀၀၀၊ ၁၀၅၀၊ ၁၁၀၀က်ပ္ထက္ မပိုေသာေဈးႏႈန္းျဖင့္ ျပန္လည္ ေရာင္းခ်ေပးရမည္ ျဖစ္ ေၾကာင္း ႏွင့္ ၎ဆန္အား ေဈးတင္ေရာင္းခ်ျခင္းမ်ိဳး မျပဳလုပ္ရန္အတြက္ ဆိုင္မ်ားအား စိစစ္မႈမ်ားျပဳလုပ္သြားရန္ရွိေၾကာင္းသိရသည္။

REF: THE LIFESTYLE MYANMAR

UNICODE

နိုင်ငံတော်၏အရံဆန်များ ပြန်လည်ဖြန့်ဝေရာ လက်လီဆိုင်များအနေဖြင့် (၁)ပြည် (၁၁၀၀)ကျပ်ထက် ပိုမရောင်းရဟု သတ်မှတ်

အရန်ဆန်များအား ဝယ်လိုသည့် လက်လီဆိုင်များအနေဖြင့် လျှောက်လွှာများကို မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှင့် မြန်မာနိုင်ငံ ဆန်စ ပါးကုန်သည်များအသင်းသို့ ပေးပို့နိုင်ကြောင်းနှင့် စက်မှုဇုန်များရှိ အလုပ်သမားဦးရေ များသော စက်ရုံများအနေဖြင့်လည်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။လက်ရှိတွင် ဇူလိုင် ၈ရက်နေ့ အရန်ဆန်ဝယ်ယူရန် လျှောက်လွှာတင်ထားသည့် လက်လီဆိုင်မှာ ၁၅ ဆိုင်ရှိ ကြောင်း နှင့် လျှောက်လွှာတင်ထားသည့် လက်လီဆိုင်များထဲမှ အင်္ဂါရပ်ညီညွတ်သည့် ဆိုင်များအားလုံးကို အရန် ဆန်ရောင်း ချပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် COVID-19 ဖြစ်ပွားနေချိန်တွင် ဆန်ဈေးနှုန်းတည်ငြိမ်စေရန်၊ တောင်သူလယ်သမားများ၏ စပါးစပေါ်ချိန်တွင် ဝင်ငွေမကျစေရန်နှင့် ပို့ကုန်လုပ်ငန်းများပုံမှန်ဖြစ်စေရန်အတွက် ပြည်ပသို့ တင်ပို့သည့် ကုမ္ပဏီ ၁၂၃ ခုထံမှ နိုင်ငံတော် အရန်ရိက္ခာဆန်များအား ဧပြီလကုန်မှ စတင်ကာ ဝယ်ယူ စုဆောင်းထားကြောင်းသိရသည်။ လက်ရှိတွင် ဆန်စပါးကုန်သည် များအသင်း၏ ထုတ်ပြန်ချက်အရ ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ၂၄၅၀၀ ကျပ် ပေါက်ဈေးရှိသဖြင့် တစ်ပြည်လျှင် ၁၀၂၁ ကျပ်နှုန်းဖြစ် သည်။ မန္တလေး တိုင်း ဆန်ကုန်သည်များအသင်း ၏ ဇူလိုင် ၈ရက် ဈေးနှုန်းထုတ်ပြန်ချက်အရ ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ၂၀၅၀၀ ကျပ်ဖြစ်သဖြင့်။

တစ်ပြည်လျှင် ၈၅၄ ကျပ်နှုန်းဖြစ်သည်။မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ၊ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ကုန်စည်ဒိုင်၏ ဈေးနှုန်းထုတ်ပြန်ချက် အရ ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ၂၁၀၀၀ ကျပ် ပေါက်ဈေးဖြစ်သဖြင့် တစ်ပြည်လျှင် ၈၇၅ ကျပ်နှုန်းဖြစ်သည်။ ဒေသအလိုက်မှ ဆန်လက်လီအရောင်းအဆိုင်များအနေဖြင့် ပြည်သူလူထုထံသို့ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၁၀၀ နှုန်းထက်မပိုသည့် ဈေး နှုန်းဖြင့် ပြန်လည်ရောင်းချနိုင်ရန်အတွက် အရန်ရိက္ခာဆန်များအား ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်း ချုပ် က ဇူလိုင် ၇ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ကျွန်တော်တို့ မူလရည်ရွယ်ချက်ကိုက ဒီလုပ်သားပြည်သူတွေ ဆန်လိုအပ်တဲ့သူတွေ သက်တောင့်သက်သာနဲ့ ပြန်လည်ရောင်းချဖို့ ဆိုပြီး တော့ ကျွန်တော်တို့က အရန်ဆန်ကို ဝယ်ယူထားတာဖြစ်တယ်။ အခုဆိုရင် ကျွန်တော် တို့က အရန်ဆန်အရေအတွက် ပြည့်ခါနီးပြီ။ ရှေ့ ဆက်ပြီးတော့လည်း ဒီအရန်ဆန်က ဝယ်နေဦးမယ်ဆိုတော့ ပထမရှိတဲ့ဟာတွေကို သက်တောင့်သက်သာဈေးနဲ့ ပြည်သူလူထုကို ရောင်း ပေးမယ်။ နောက်ထပ်လည်း ကျွန်တော်တို့ အရန်ဆန်ရဲ့ မူဝါဒအရ ဆက်ပြီးတော့လည်းဝယ်နေမယ်” ဟု မြန်မာနိုင်ငံဆန် စပါးအသင်း ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်လီဆိုင်များအနေဖြင့် ဆန်တစ်ပြည်လျှင် ၁၀၀၀၊ ၁၀၅၀၊ ၁၁၀၀ကျပ်ထက် မပိုသောဈေးနှုန်းဖြင့် ပြန်လည် ရောင်းချပေးရမည် ဖြစ် ကြောင်း နှင့် ၎င်းဆန်အား ဈေးတင်ရောင်းချခြင်းမျိုး မပြုလုပ်ရန်အတွက် ဆိုင်များအား စိစစ်မှုများပြုလုပ်သွားရန်ရှိကြောင်းသိရသည်။

REF:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *