လူမႈကြန္ရက္ ဆိုရွယ္မီဒီယာမွတစ္ဆင့္ ပါတီပုံရိပ္တည္ေဆာက္မည္ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒၚသက္သက္ခိုင္ေျပာ

ျပည္သူ႔ေရွ႕ေဆာင္ပါတီသည္ လာမည့္ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္ ၄၅ ၿမိဳ႕ နယ္တြင္ အဓိကထားယွဥ္ၿပိဳင္မည္ျဖစ္ၿပီး လတ္တေလာတြင္ ပါတီကိုယ္စားလွယ္ေလာင္း ၁၀ဝ ေက်ာ္ကို စီစစ္ေနကာ မၾကာမီ ထုတ္ျပန္ ေပးမည္ျဖစ္ေၾကာင္း ယင္းပါတီက အသိေပးထားသည္။ ပါတီပုံရိပ္ကို ျပည္သူေတြထဲေရာက္ေအာင္ ဆိုရွယ္မီဒီယာပလက္ေဖာင္း ကတည္ ေဆာက္သလို သတင္းစာ နဲ႔ ႐ုပ္သံသတင္းေတြမွာ အင္တာဗ်ဴးေတြလုပ္ၿပီးတည္ေဆာက္ေနပါတယ္။

ပါတီရဲ႕မူဝါဒေတြကိုလည္း ႏိုင္ငံတစ္ကာဒီမိုကေရစီႏိုင္ငံႀကီးေတြက ပါတီေတြကို အႀကိမ္ႀကိမ္ေလ့လာၿပီးေရးဆြဲခ်မွတ္ခဲ့တာျဖစ္လို႔ ျပည္ သူေတြကို အသိေပးေျပာျပခ်င္ပါတယ္”ဟု ယင္းပါတီဥကၠ႒ေဒါက္တာသက္သက္ခိုင္က က ေျပာဆိုသည္။ သက္တမ္းတစ္ႏွစ္ျပည့္ေတာ့ မည္ျဖစ္သည့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ PPP အေနႏွင့္ဆိုရွယ္မီဒီယာမွတစ္ဆင့္ ပါတီပုံရိပ္ကို ျမႇင့္တင္ေနသည္ဟု ေဒါက္တာသက္သက္ခိုင္ က ဇူလိုင္ ၉ ရက္ေန႔တြင္ ေျပာၾကားသည္။

ယင္းေန႔ မြန္းလြဲ ၁ နာရီခြဲခန္႔က ေတာင္ငူၿမိဳ႕ေ႐ႊဆံေတာ္ဘုရားအေနာက္ဘက္မုခ္ ေ႐ႊကန္သာလမ္းတြင္ ျပည္သူေရွ႕ေဆာင္ပါတီ ေတာင္ ငူၿမိဳ႕နယ္႐ုံးခြဲ ဖြင့္လွစ္ျခင္းႏွင့္ဆိုင္းဘုတ္တင္သည့္အခမ္းနားတြင္ ေဒသခံျပည္သူမ်ားႏွင့္ပါတီဝင္မ်ားကို အမွာစကားေျပာရာ၌ ေဒါက္တာ သက္သက္ခိုင္က ေျပာဆိုခဲ့ျခင္းျဖစ္သည္။ေဒါက္တာ ေဒၚသက္သက္ခိုင္သည္ ယခင္က NLD ပါတီကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ အျဖစ္တာဝန္ထမ္းတစ္ဦးျဖစ္သည္။

ပါတီတာဝန္မွရပ္နားခံရၿပီးေနာက္ ျပည္သူ႔ေရွ႕ေဆာင္ပါတီကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၂၃ ရက္ေန႔တြင္မွတ္ပုံတင္ခဲ့ၿပီး လက္ရွိတြင္ ၿမိဳ႕ နယ္႐ုံးခြဲေပါင္း ၈၀ ေက်ာ္ ဖြင့္လွစ္ထားၿပီးျဖစ္သည္ဟု ယင္းပါတီမွတ္တမ္းမ်ားအရ သိရွိရသည္။ဒိုက္ဦးမွာ ပါတီ႐ုံးခြဲဖြင့္တာ အခု PPP ပါ တီလူမႈကြန္ရက္စာမ်က္ႏွာမွာတက္ေနၿပီ။၊ ေတာင္ငူမွာလည္း ႐ိုက္ကူးေရးသမားေတြနဲ႔ အခ်ိန္နဲ႔တေျပးညီ႐ိုက္ကူးေနတာေတြ႕ရတယ္”ဟု ေဒသခံသတင္းသမားတစ္ဦးက ေျပာၾကားသည္။

REF: THE VOICE

UNICODE

လူမှုကွန်ရက် ဆိုရှယ်မီဒီယာမှတစ်ဆင့် ပါတီပုံရိပ်တည်ဆောက်မည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော

ပြည်သူ့ရှေ့ဆောင်ပါတီသည် လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့ နယ်တွင် အဓိကထားယှဉ်ပြိုင်မည်ဖြစ်ပြီး လတ်တလောတွင် ပါတီကိုယ်စားလှယ်လောင်း ၁၀ဝ ကျော်ကို စီစစ်နေကာ မကြာမီ ထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ယင်းပါတီက အသိပေးထားသည်။ ပါတီပုံရိပ်ကို ပြည်သူတွေထဲရောက်အောင် ဆိုရှယ်မီဒီယာပလက်ဖောင်း ကတည် ဆောက်သလို သတင်းစာ နဲ့ ရုပ်သံသတင်းတွေမှာ အင်တာဗျူးတွေလုပ်ပြီးတည်ဆောက်နေပါတယ်။

ပါတီရဲ့မူဝါဒတွေကိုလည်း နိုင်ငံတစ်ကာဒီမိုကရေစီနိုင်ငံကြီးတွေက ပါတီတွေကို အကြိမ်ကြိမ်လေ့လာပြီးရေးဆွဲချမှတ်ခဲ့တာဖြစ်လို့ ပြည် သူတွေကို အသိပေးပြောပြချင်ပါတယ်”ဟု ယင်းပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်က က ပြောဆိုသည်။ သက်တမ်းတစ်နှစ်ပြည့်တော့ မည်ဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနေနှင့်ဆိုရှယ်မီဒီယာမှတစ်ဆင့် ပါတီပုံရိပ်ကို မြှင့်တင်နေသည်ဟု ဒေါက်တာသက်သက်ခိုင် က ဇူလိုင် ၉ ရက်နေ့တွင် ပြောကြားသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တောင်ငူမြို့ရွှေဆံတော်ဘုရားအနောက်ဘက်မုခ် ရွှေကန်သာလမ်းတွင် ပြည်သူရှေ့ဆောင်ပါတီ တောင် ငူမြို့နယ်ရုံးခွဲ ဖွင့်လှစ်ခြင်းနှင့်ဆိုင်းဘုတ်တင်သည့်အခမ်းနားတွင် ဒေသခံပြည်သူများနှင့်ပါတီဝင်များကို အမှာစကားပြောရာ၌ ဒေါက်တာ သက်သက်ခိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ဒေါက်တာ ဒေါ်သက်သက်ခိုင်သည် ယခင်က NLD ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် အဖြစ်တာဝန်ထမ်းတစ်ဦးဖြစ်သည်။

ပါတီတာဝန်မှရပ်နားခံရပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့တွင်မှတ်ပုံတင်ခဲ့ပြီး လက်ရှိတွင် မြို့ နယ်ရုံးခွဲပေါင်း ၈၀ ကျော် ဖွင့်လှစ်ထားပြီးဖြစ်သည်ဟု ယင်းပါတီမှတ်တမ်းများအရ သိရှိရသည်။ဒိုက်ဦးမှာ ပါတီရုံးခွဲဖွင့်တာ အခု PPP ပါ တီလူမှုကွန်ရက်စာမျက်နှာမှာတက်နေပြီ။၊ တောင်ငူမှာလည်း ရိုက်ကူးရေးသမားတွေနဲ့ အချိန်နဲ့တပြေးညီရိုက်ကူးနေတာတွေ့ရတယ်”ဟု ဒေသခံသတင်းသမားတစ်ဦးက ပြောကြားသည်။

REF:  THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *