အလယ္တန္းေအာင္႐ုံႏွင့္တက္ေရာက္ခြင့္ရမည့္ အသက္ေမြးနည္းပညာေကာလိပ္တြင္ နန္းေမြ႕စံ ခန႔္အပ္ျခင္းခံရ

အဆိုပါ အသက္ေမြးနည္းပညာတကၠသိုလ္တြင္ ႏိုင္ငံတကာႏွင့္ပူးေပါင္းေဆာင္႐ြက္ၿပီး၊ နည္းပညာကြၽမ္းက်င္သည့္ ႏိုင္ငံတကာေက်ာင္း မ်ားမွ ဆရာ/မမ်ားက လာေရာက္သင္ၾကားေပးမည္ျဖစ္ကာ သင္ၾကားခ်ိန္ ၃ လမွ ၆ လထိကာလတို သင္တန္းႏွင့္ ၁ ႏွစ္မွ ၃ ႏွစ္ၾကာထိ တက္ေရာက္ရမည့္ သင္တန္းမ်ား ျဖစ္ေၾကာင္း သိရသည္။

ဘာသာရပ္ ၁၈ ခု သင္ၾကား ေပးမည့္ ရန္ကုန္ အသက္ေမြးနည္းပညာ ေကာလိပ္ (သာေကတ) တြင္ နန္းေမြ႕စံအပါအဝင္ အႏုပညာရွင္မ်ား ကို Kindness Ambassador ဇူလိုင္လ ၁၀ ရက္ က ခန႔္အပ္ခဲ့ သည္ဟု လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္း ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရး သားခ်က္ အရသိရသည္။

ထိုေကာလိပ္မွာ အလယ္တန္းေအာင္႐ုံႏွင့္တက္ေရာက္ခြင့္ရွိၿပီး ေက်ာင္းၿပီးလွ်င္ အလုပ္အတြက္ အာမခံေပးႏိုင္မည့္ သင္တန္းေက်ာင္း လည္း ျဖစ္သည္ဟု လူမႈေရးဝန္ႀကီးဦးႏိုင္ငံလင္းက ေရးသားထားသည္။ အဆိုပါ ေကာလိပ္တြင္ ကနဦး၌ ေက်ာင္းသား/သူ အေယာက္ တစ္‌ေထာင္ လက္ခံႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

အဓိက သင္ၾကားေပးမည့္ဘာသာရပ္မ်ားအျဖစ္ ေဆာက္လုပ္ေရးနည္းပညာ၊ စက္မႈနည္းပညာ၊ ေမာ္ေတာ္ကား တပ္ဆင္ေရး နည္းပညာ ၊ႏိုင္ငံျခားဘာသာစကား အပါအဝင္ ဘာသာရပ္ ( ၁၈ )ခုထိ သင္ၾကားေပးမည္ဟု သိရသည္။

REF: THE FIFTH WAVE NEWS

UNICODE

အလယ်တန်းအောင်ရုံနှင့်တက်ရောက်ခွင့်ရမည့် အသက်မွေးနည်းပညာကောလိပ်တွင် နန်းမွေ့စံ ခန့်အပ်ခြင်းခံရ

အဆိုပါ အသက်မွေးနည်းပညာတက္ကသိုလ်တွင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး၊ နည်းပညာကျွမ်းကျင်သည့် နိုင်ငံတကာကျောင်း များမှ ဆရာ/မများက လာရောက်သင်ကြားပေးမည်ဖြစ်ကာ သင်ကြားချိန် ၃ လမှ ၆ လထိကာလတို သင်တန်းနှင့် ၁ နှစ်မှ ၃ နှစ်ကြာထိ တက်ရောက်ရမည့် သင်တန်းများ ဖြစ်ကြောင်း သိရသည်။

ဘာသာရပ် ၁၈ ခု သင်ကြား ပေးမည့် ရန်ကုန် အသက်မွေးနည်းပညာ ကောလိပ် (သာကေတ) တွင် နန်းမွေ့စံအပါအဝင် အနုပညာရှင်များ ကို Kindness Ambassador ဇူလိုင်လ ၁၀ ရက် က ခန့်အပ်ခဲ့ သည်ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေး သားချက် အရသိရသည်။

ထိုကောလိပ်မှာ အလယ်တန်းအောင်ရုံနှင့်တက်ရောက်ခွင့်ရှိပြီး ကျောင်းပြီးလျှင် အလုပ်အတွက် အာမခံပေးနိုင်မည့် သင်တန်းကျောင်း လည်း ဖြစ်သည်ဟု လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ရေးသားထားသည်။ အဆိုပါ ကောလိပ်တွင် ကနဦး၌ ကျောင်းသား/သူ အယောက် တစ်‌ထောင် လက်ခံနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဓိက သင်ကြားပေးမည့်ဘာသာရပ်များအဖြစ် ဆောက်လုပ်ရေးနည်းပညာ၊ စက်မှုနည်းပညာ၊ မော်တော်ကား တပ်ဆင်ရေး နည်းပညာ ၊နိုင်ငံခြားဘာသာစကား အပါအဝင် ဘာသာရပ် ( ၁၈ )ခုထိ သင်ကြားပေးမည်ဟု သိရသည်။

REF: THE FIFTH WAVE NEWS

Add a Comment

Your email address will not be published. Required fields are marked *