ေပ်ာက္ဆုံးေနသည့္ဆိုးလ္ၿမိဳ႕ေတာ္ဝန္ကို ေသဆုံးလ်က္ျပန္ေတြ႕ရၿပီး ေသေၾကာင္းႀကံစည္မႈ သံသယျဖင့္စစ္ေဆးေန

ဆိုးလ္ၿမိဳ႕ေတာ္ဝန္ မေပ်ာက္ဆုံးခင္ နာရီပိုင္းတြင္ ပတ္က သူ႔ကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈလုပ္ခဲ့သည္ဟု လက္ေအာက္ ဝန္ထမ္းအမ်ိဳး သ မီးတစ္ေယာက္က အမႈဖြင့္ခဲ့ၿပီး ေသဆုံးရျခင္းတြင္ ထိုျဖစ္ရပ္ပါဝင္ျခင္းရွိ၊ မရွိအတည္ျပဳမႈမရွိေသးေခ်။ ၂၀၁၁ ခုႏွစ္တြင္ ဆိုးလ္ၿမိဳ႕ေတာ္ ဝန္ အျဖစ္ပထမအႀကိမ္ ေ႐ြးေကာက္ခံခဲ့ရသည့္ပတ္သည္ ၿပီးခဲ့သည့္ႏွစ္ဇြန္က တတိယႏွင့္ ေနာက္ဆုံးသက္တမ္း ထပ္မံေ႐ြးေကာက္ ခံရသည္။

သူသည္ လာဘ္ယူမႈႏွင့္အျခားျပစ္မႈမ်ားေၾကာင့္ ေထာင္ဒဏ္က်ခံေနရသည့္ သမၼတေဟာင္းပတ္ဂြန္ေဟးကို တိုက္႐ိုက္ဆန႔္က်င္ ခဲ့ၿပီး ပတ္ ဂြန္ေဟးေထာင္မက်ခင္ ဆႏၵျပသူသန္းခ်ီကို ပြင့္ပြင့္လင္းလင္းေထာက္ခံသူလည္းျဖစ္သည္။ လက္ရွိသမၼတမြန္းေဂ် အင္း၏ ပါတီဝင္တစ္ ေယာက္လည္းျဖစ္ၿပီး ၂၀၂၂ ေတာင္ကိုရီးယားေ႐ြးေကာက္ပြဲတြင္ သမၼတေလာင္းျဖစ္လာႏိုင္သူဟု ပါတီကစဥ္းစားေနသူျဖစ္သည္။

ၾကာသပေတးေန႔၌ ၿမိဳ႕ေတာ္ဆိုးလ္မွေပ်ာက္ဆုံးေနေသာၿမိဳ႕ေတာ္ဝန္ပတ္ဝြန္ဆြန္း၏အေလာင္းကို ရဲမ်ားက ေသာ ၾကာေန႔မနက္အေစာ ပိုင္းတြင္ရွာေတြ႕ခဲ့သည္။အိမ္မွမထြက္သြားခင္ သူ႔ဖခင္က စကားတစ္ခုခ်န္ထားေၾကာင္း သူ႔သမီးက ရဲမ်ားကိုေျပာၿပီး ေနာက္ ရွာေဖြခဲ့ဲ ျခင္းျဖစ္သည္။အေလာင္းကို သူ႔ဖုန္းလႈိင္းမ်ား ေနာက္ဆုံးမိသည့္ ဆိုးလ္ၿမိဳ႕ေျမာက္ပိုင္းရွိဘူဂက္ေတာင္တြင္ျပန္ေတြ႕ခဲ့သည္။

ေသဆုံးရျခင္းအေၾကာင္းရင္းကို မေၾကညာေသးေခ်။ေသေၾကာင္းႀကံစည္မႈအေနျဖင့္ စုံစမ္းစစ္ေဆးေနေၾကာင္းရဲမ်ားကေျပာသည္ဟု ဆိုးလ္အေျခစိုက္ယြန္ဟတ္သတင္းေအဂ်င္စီကေဖာ္ျပသည္။ေနာက္ပိုင္းတြင္ သူေရးသားခဲ့ဟန္ရွိသည့္မွတ္စုတစ္ေၾကာင္းကို ထုတ္ျပန္ခဲ့ သည္။ထိုစာတြင္ “လူတိုင္းကို ေတာင္းပန္ပါတယ္။ ကြၽန္ေတာ့္ဘဝမွာ ကြၽန္ေတာ္နဲ႔အတူရွိေပးသူတိုင္းကို ေက်းဇူးတင္ပါတယ္။”

Source – BBC

UNICODE

ပျောက်ဆုံးနေသည့်ဆိုးလ်မြို့တော်ဝန်ကို သေဆုံးလျက်ပြန်တွေ့ရပြီး သေကြောင်းကြံစည်မှု သံသယဖြင့်စစ်ဆေးနေ

ဆိုးလ်မြို့တော်ဝန် မပျောက်ဆုံးခင် နာရီပိုင်းတွင် ပတ်က သူ့ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့သည်ဟု လက်အောက် ဝန်ထမ်းအမျိုး သ မီးတစ်ယောက်က အမှုဖွင့်ခဲ့ပြီး သေဆုံးရခြင်းတွင် ထိုဖြစ်ရပ်ပါဝင်ခြင်းရှိ၊ မရှိအတည်ပြုမှုမရှိသေးချေ။ ၂၀၁၁ ခုနှစ်တွင် ဆိုးလ်မြို့တော် ဝန် အဖြစ်ပထမအကြိမ် ရွေးကောက်ခံခဲ့ရသည့်ပတ်သည် ပြီးခဲ့သည့်နှစ်ဇွန်က တတိယနှင့် နောက်ဆုံးသက်တမ်း ထပ်မံရွေးကောက် ခံရသည်။

သူသည် လာဘ်ယူမှုနှင့်အခြားပြစ်မှုများကြောင့် ထောင်ဒဏ်ကျခံနေရသည့် သမ္မတဟောင်းပတ်ဂွန်ဟေးကို တိုက်ရိုက်ဆန့်ကျင် ခဲ့ပြီး ပတ် ဂွန်ဟေးထောင်မကျခင် ဆန္ဒပြသူသန်းချီကို ပွင့်ပွင့်လင်းလင်းထောက်ခံသူလည်းဖြစ်သည်။ လက်ရှိသမ္မတမွန်းဂျေ အင်း၏ ပါတီဝင်တစ် ယောက်လည်းဖြစ်ပြီး ၂၀၂၂ တောင်ကိုရီးယားရွေးကောက်ပွဲတွင် သမ္မတလောင်းဖြစ်လာနိုင်သူဟု ပါတီကစဉ်းစားနေသူဖြစ်သည်။

ကြာသပတေးနေ့၌ မြို့တော်ဆိုးလ်မှပျောက်ဆုံးနေသောမြို့တော်ဝန်ပတ်ဝွန်ဆွန်း၏အလောင်းကို ရဲများက သော ကြာနေ့မနက်အစော ပိုင်းတွင်ရှာတွေ့ခဲ့သည်။အိမ်မှမထွက်သွားခင် သူ့ဖခင်က စကားတစ်ခုချန်ထားကြောင်း သူ့သမီးက ရဲများကိုပြောပြီး နောက် ရှာဖွေခဲ့ဲ ခြင်းဖြစ်သည်။အလောင်းကို သူ့ဖုန်းလှိုင်းများ နောက်ဆုံးမိသည့် ဆိုးလ်မြို့မြောက်ပိုင်းရှိဘူဂက်တောင်တွင်ပြန်တွေ့ခဲ့သည်။

သေဆုံးရခြင်းအကြောင်းရင်းကို မကြေညာသေးချေ။သေကြောင်းကြံစည်မှုအနေဖြင့် စုံစမ်းစစ်ဆေးနေကြောင်းရဲများကပြောသည်ဟု ဆိုးလ်အခြေစိုက်ယွန်ဟတ်သတင်းအေဂျင်စီကဖော်ပြသည်။နောက်ပိုင်းတွင် သူရေးသားခဲ့ဟန်ရှိသည့်မှတ်စုတစ်ကြောင်းကို ထုတ်ပြန်ခဲ့ သည်။ထိုစာတွင် “လူတိုင်းကို တောင်းပန်ပါတယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော်နဲ့အတူရှိပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်။”

Source – BBC

Add a Comment

Your email address will not be published. Required fields are marked *