REF: MINISTRY OF HEALTH
UNICODE
(၁၀-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီCOVID-19နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၉-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၁၁၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၈၃)ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၆၇)ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင် ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၆၃)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၈၂၉)ခုအား စစ်ဆေးခဲ့ပါသည်။
(၉-၇-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ဒုတိ ယအသုတ်) ဓာတ်ခွဲနမူနာ (၅၅၃)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ အတည်ပြုလူနာသစ် (၂) ဦး ထပ်မံ တွေ့ရှိခဲ့ပါသည်။
(၁၀-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၂၁) ဦးရှိပြီ ဖြစ်ပါသည်။
REF: MINISTRY OF HEALTH