YBS ယာဥ္ေမာင္းမ်ား စည္းကမ္းခ်ိဳးေဖာက္မႈကို ေစာင့္ၾကည္ရန္ ေရဒါစနစ္တပ္ဆင္မည္ဟု တာဝန္ရွိသူေျပာၿပီ

ရန္ကုန္တိုင္းအတြင္းက YBSယာဥ္ေတြမွာ ေရဒါစနစ္တပ္ဆင္မွာ ျဖစ္တာေၾကာင့္ ယာဥ္ေမာင္းကိုလည္း ျမင္ရမွာျဖစ္သလို ဘရိတ္ ဘယ္ ႏွစ္ခ်က္အုပ္တယ္ဆိုတာနဲ႔ ယာဥ္ေမာင္း ရဲ႕ ေမာင္းႏွင္ပုံ အမူအက်င့္အားလုံး သိရေတာ့မယ္လို႔ ဆိုပါတယ္။ဒီစမ္းသပ္မႈေတြကို ဗႏၶဳလသယ္ ယူပို႔ေဆာင္ေရး အမ်ားပိုင္ကုမၸဏီမွာ စမ္းသပ္စစ္ေဆးေနၿပီး လာမယ့္သတင္းစာရွင္းလင္းပြဲမွာ ခ်ျပမယ္လို႔ ဆိုပါတယ္။

YRTA အေနနဲ႔ YBS ယာဥ္ေမာင္းေတြအတြက္ စမတ္ကတ္ထုတ္ေပးမႈကို ၿပီးခဲ့တဲ့ႏွစ္ထဲက စတင္ခဲ့တာျဖစ္ၿပီး ယာဥ္ေမာင္း ၈၇၉၀ အ တြက္ စမတ္ကတ္ထုတ္ေပးထားတယ္လို႔ ေျပာပါတယ္။YBS ယာဥ္ေမာင္းေတြ စည္းကမ္းေဖာက္မႈကို ေစာင့္ၾကည့္ဖို႔ ယာဥ္ေတြမွာ ေရဒါ စနစ္ တပ္ဆင္ေတာ့မယ္လို႔ YRTA ရဲ႕ မန္းေနးဂ်င္း ဒါ႐ိုက္တာ ဦးေအာင္ညီညီေမာ္ က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာေျပးဆြဲေနတဲ့ YBS ယာဥ္ေတြက ယာဥ္ေမာင္းေတြကို အရင္ႏွစ္ကစၿပီး YRTA က စမတ္ကတ္ေတြ ထုတ္ေပးထားသလို အဲဒီ ကတ္ေတြထဲမွာ QR ကုတ္ေတြ၊ ဘားကုတ္ေတြအျပင္ ယာဥ္ေမာင္းတဦးရဲ႕ ေဒတာအခ်က္အလက္ေတြ အကုန္ထည့္ထားတာပါ။ အဲဒီစမတ္ ကတ္ေတြရဲ႕ သက္တမ္းကို တစ္ႏွစ္သတ္မွတ္ထားသလို လုံၿခဳံေရးအပိုင္းေတြကို လည္း တျဖည္းျဖည္းျမႇင့္တင္ထားၿပီး။

ယာဥ္ေတြေပၚမွာ တယ္လီမက္တစ္စနစ္တပ္ဆင္ထားတဲ့ အျပင္ ေနာက္ထပ္လည္း ေရဒါပါတပ္ဆင္မွာျဖစ္တာေၾကာင့္ ကားစက္ႏႈိးတာက အစ စမတ္ကတ္နဲ႔ ႏႈိးမွရမယ္လို႔ ဦးေအာင္ညီညီေမာ္ က ေျပာပါတယ္။

Credit- DVB

UNICODE

YBS ယာဉ်မောင်းများ စည်းကမ်းချိုးဖောက်မှုကို စောင့်ကြည်ရန် ရေဒါစနစ်တပ်ဆင်မည်ဟု တာဝန်ရှိသူပြောပြီ

ရန်ကုန်တိုင်းအတွင်းက YBSယာဉ်တွေမှာ ရေဒါစနစ်တပ်ဆင်မှာ ဖြစ်တာကြောင့် ယာဉ်မောင်းကိုလည်း မြင်ရမှာဖြစ်သလို ဘရိတ် ဘယ် နှစ်ချက်အုပ်တယ်ဆိုတာနဲ့ ယာဉ်မောင်း ရဲ့ မောင်းနှင်ပုံ အမူအကျင့်အားလုံး သိရတော့မယ်လို့ ဆိုပါတယ်။ဒီစမ်းသပ်မှုတွေကို ဗန္ဓုလသယ် ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီမှာ စမ်းသပ်စစ်ဆေးနေပြီး လာမယ့်သတင်းစာရှင်းလင်းပွဲမှာ ချပြမယ်လို့ ဆိုပါတယ်။

YRTA အနေနဲ့ YBS ယာဉ်မောင်းတွေအတွက် စမတ်ကတ်ထုတ်ပေးမှုကို ပြီးခဲ့တဲ့နှစ်ထဲက စတင်ခဲ့တာဖြစ်ပြီး ယာဉ်မောင်း ၈၇၉၀ အ တွက် စမတ်ကတ်ထုတ်ပေးထားတယ်လို့ ပြောပါတယ်။YBS ယာဉ်မောင်းတွေ စည်းကမ်းဖောက်မှုကို စောင့်ကြည့်ဖို့ ယာဉ်တွေမှာ ရေဒါ စနစ် တပ်ဆင်တော့မယ်လို့ YRTA ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောပါတယ်။

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေက ယာဉ်မောင်းတွေကို အရင်နှစ်ကစပြီး YRTA က စမတ်ကတ်တွေ ထုတ်ပေးထားသလို အဲဒီ ကတ်တွေထဲမှာ QR ကုတ်တွေ၊ ဘားကုတ်တွေအပြင် ယာဉ်မောင်းတဦးရဲ့ ဒေတာအချက်အလက်တွေ အကုန်ထည့်ထားတာပါ။ အဲဒီစမတ် ကတ်တွေရဲ့ သက်တမ်းကို တစ်နှစ်သတ်မှတ်ထားသလို လုံခြုံရေးအပိုင်းတွေကို လည်း တဖြည်းဖြည်းမြှင့်တင်ထားပြီး။

ယာဉ်တွေပေါ်မှာ တယ်လီမက်တစ်စနစ်တပ်ဆင်ထားတဲ့ အပြင် နောက်ထပ်လည်း ရေဒါပါတပ်ဆင်မှာဖြစ်တာကြောင့် ကားစက်နှိုးတာက အစ စမတ်ကတ်နဲ့ နှိုးမှရမယ်လို့ ဦးအောင်ညီညီမော် က ပြောပါတယ်။

Credit- DVB

Add a Comment

Your email address will not be published. Required fields are marked *