ထားဝယ္ခ႐ိုင္တြင္ မူးယစ္မႈျဖင့္ ကြင္းဆက္ သံသယရွိသူ(၁)ဦးအား ဖမ္းဆီးစဥ္ ျပန္လည္ပစ္ခတ္၍ စစ္သည္(၁)ဦးက်ဆုံး

ဝမ္ခ်ိဳင္း (ခ) အခ်ိဳင္ဆိုသူသည္ ယခင္ကလည္း မူးယစ္ေဆးမႈ၊ လက္နက္မႈမ်ားျဖင့္ အေရးယူခံရဖူးသူျဖစ္ေၾကာင္း သတင္း မ်ား ထြက္ေပၚ ေနေသာ္လည္း သီးျခားအတည္ျပဳခ်က္မရရွိေသးပါ။မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ဒုရဲမႉး ေအာင္မိုးက “သူက အရင္က လက္နက္မႈလည္း ရွိတယ္လို႔ေတာ့ ေျပာသံၾကားတယ္။ မလႊဲေတာင္ဂိတ္မွာ ၇ ရက္ေန႔က မိတဲ့သူကိုေတာ့ ကလိန္ေအာင္ ရဲစခန္းက အမႈ ဖြင့္ အေရးယူတာပါ။ သူက ပထမက အထုပ္ကို ကားနဲ႔ထည့္ေပးဖို႔ သြားပို႔တယ္၊

ကားက ၇ ရက္ေန႔က်မွ ထြက္တယ္။ အထုပ္ကို ကားနဲ႔ အပ္ထားၿပီး လူမလိုက္ဘဲ ပို႔ခိုင္းၿပီးေနာက္မွ ၿမိတ္မွာသြားယူမွာေပါ့၊ အဲဒီလိုသြားတဲ့ အခါမွာ မလႊဲေတာင္ဂိတ္မွာ အဖမ္း ခံရတာ။ ဘယ္ကပစၥည္းရလည္းဆိုတာ ထုတ္ေဖာ္ရင္း ကြင္းဆက္ကို ထပ္ဖမ္းတာ”ဟု ေျပာသည္။ မြန္ ျပည္နယ္၊ ေရးၿမိဳ႕နယ္အတြင္း မူးယစ္ေဆးဝါးအမႈမွ ကြင္းဆက္သံသယရွိသူ ၁ ဦးအား ဇူလိုင္ ၉ ရက္ေန႔ နံနက္ ၂ နာရီ ခန႔္က သြားေရာက္ ဖမ္းဆီးစဥ္ ေသနတ္ျဖင့္ ျပန္လည္ပစ္ခတ္ခဲ့သျဖင့္ ဖမ္းဆီးရာတြင္ ပါဝင္သည့္ တပ္မေတာ္သား ၁ ဦး ဒဏ္ရာရရွိၿပီးေနာက္။

ေဆး႐ုံတြင္ ကုသစဥ္ ေသဆုံးခဲ့ေၾကာင္း ေရးၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးဝင္းျမင့္က ေျပာသည္။ျဖစ္စဥ္မွာ ဇူလိုင္ ၇ ရက္ေန႔က တနသၤာရီ တိုင္း ေဒသႀကီး၊ ထားဝယ္ခ႐ိုင္၊ ကလိန္ေအာင္ၿမိဳ႕၊ မလႊဲေတာင္ ပူးေပါင္း စစ္ေဆး ေရးဂိတ္တြင္ မူးယစ္ေဆးဝါးမ်ားႏွင့္ အတူ ဖမ္းဆီးရမိခဲ့သည့္ တရားခံ ကိုကိုေအာင္၏ ရဲထံထြက္ဆိုခ်က္အရ ကြင္းဆက္သံ သယရွိသူ ဝမ္ခ်ိဳင္း(ခ) အခ်ိဳင္ဆိုသူကို ဖမ္းဆီးျခင္း ျဖစ္ေၾကာင္း၊ ဖမ္းဆီးစဥ္ ျပန္လည္ခုခံကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။။

ဒုရဲမႉးဝင္းျမင့္က “မလႊဲေတာင္၊ ကလိန္ေအာင္ရဲစခန္းက မူးယစ္အမႈနဲ႔ ေျပးေနတာ၊ အဲဒီမွာမိတဲ့ တရားခံရဲ႕ ေဖာ္ထုတ္ခ်က္ အရ ကြင္းဆက္ တရားခံေပါ့၊ သြားရွာတဲ့အခ်ိန္မွာ ပစ္ခတ္မႈျဖစ္တာေပါ့၊ ခုထိေတာ့ မမိေသးဘူး ေျပးေနတုန္းပဲ။ ဆုံးသြား တာက တပ္မေတာ္ဘက္ကပါ” ဟု ရွင္းျပသည္။ေသဆုံးသြားသည့္ တပ္မေတာ္သားႏွင့္ပတ္သက္သည့္ အေသးစိတ္ အခ်က္အလက္မ်ားကိုမူ ရဲတပ္ဖြဲ႕မွ ေျဖၾကားျခင္း မ ရွိေသးပါ။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ထြက္ေျပးေနသည့္ ဝမ္ခ်ိဳင္း (ခ) အခ်ိဳင္ဆိုသူအား ျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ လူသတ္မႈ က်ဴးလြန္ရန္ အား ထုတ္ျခင္း ပုဒ္မ ၃၀၇ ျဖင့္ အမႈဖြင့္ထားေသာ္လည္း လူေသဆုံးသြားသျဖင့္ လူသတ္မႈ ပုဒ္မ ၃၀၂ ျဖင့္ ေျပာင္းလဲ အမႈဖြင့္ထားေၾကာင္း ေရး ၿမိဳ႕မရဲစခန္းက သိရသည္။လက္ရွိတြင္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းမိထားသည့္ ကိုကိုေအာင္ ဆိုသူအား ကလိန္ေအာင္နယ္ေျမ ရဲစ ခန္းတြင္ မူးယစ္ေဆးဝါးဥပေဒ ပုဒ္မ ၁၉(က)/၂၀(က)/၂၁ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ေရးၿမိဳ႕နယ္၌ ေနထိုင္သည့္ ကိုကိုေအာင္ဆိုသူအား ၎စီးလာသည့္ ဆိုင္ကယ္အတြင္းမွ စိတ္ႂကြမူးယစ္ေဆးျပား ၃၁၂ ႏွင့္အတူ ဇူလိုင္ ၇ ရက္ေန႔က မလႊဲေတာင္စစ္ေဆးေရးဂိတ္တြင္ ဖမ္းမိခဲ့ၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ဇူလိုင္ ၈ ရက္ေန႔တြင္ ကိုကိုေအာင္ က ေရးၿမိဳ႕မွ ၿမိတ္ၿမိဳ႕သို႔ ခရီးသည္တင္ယာဥ္ လိုင္းျဖင့္ ထည့္ေပးလိုက္သည့္ ပစၥည္းထုပ္ အား ဖြင့္ေဖာက္စစ္ေဆးရာတြင္ စိတ္ႂကြမူးယစ္ ေဆးျပား ၆၀၀၀၀ ျပားကိုလည္း ထပ္မံဖမ္းမိခဲ့ေၾကာင္း မူး/ယစ္ရဲတပ္ဖြဲ႕ ထံက သိရသည္။

REF: MYANMARNEWS24

UNICODE

ထားဝယ်ခရိုင်တွင် မူးယစ်မှုဖြင့် ကွင်းဆက် သံသယရှိသူ(၁)ဦးအား ဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်၍ စစ်သည်(၁)ဦးကျဆုံး

ဝမ်ချိုင်း (ခ) အချိုင်ဆိုသူသည် ယခင်ကလည်း မူးယစ်ဆေးမှု၊ လက်နက်မှုများဖြင့် အရေးယူခံရဖူးသူဖြစ်ကြောင်း သတင်း များ ထွက်ပေါ် နေသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပါ။မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်မိုးက “သူက အရင်က လက်နက်မှုလည်း ရှိတယ်လို့တော့ ပြောသံကြားတယ်။ မလွှဲတောင်ဂိတ်မှာ ၇ ရက်နေ့က မိတဲ့သူကိုတော့ ကလိန်အောင် ရဲစခန်းက အမှု ဖွင့် အရေးယူတာပါ။ သူက ပထမက အထုပ်ကို ကားနဲ့ထည့်ပေးဖို့ သွားပို့တယ်၊

ကားက ၇ ရက်နေ့ကျမှ ထွက်တယ်။ အထုပ်ကို ကားနဲ့ အပ်ထားပြီး လူမလိုက်ဘဲ ပို့ခိုင်းပြီးနောက်မှ မြိတ်မှာသွားယူမှာပေါ့၊ အဲဒီလိုသွားတဲ့ အခါမှာ မလွှဲတောင်ဂိတ်မှာ အဖမ်း ခံရတာ။ ဘယ်ကပစ္စည်းရလည်းဆိုတာ ထုတ်ဖော်ရင်း ကွင်းဆက်ကို ထပ်ဖမ်းတာ”ဟု ပြောသည်။ မွန် ပြည်နယ်၊ ရေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက်သံသယရှိသူ ၁ ဦးအား ဇူလိုင် ၉ ရက်နေ့ နံနက် ၂ နာရီ ခန့်က သွားရောက် ဖမ်းဆီးစဉ် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ဖမ်းဆီးရာတွင် ပါဝင်သည့် တပ်မတော်သား ၁ ဦး ဒဏ်ရာရရှိပြီးနောက်။

ဆေးရုံတွင် ကုသစဉ် သေဆုံးခဲ့ကြောင်း ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောသည်။ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက်နေ့က တနင်္သာရီ တိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ မလွှဲတောင် ပူးပေါင်း စစ်ဆေး ရေးဂိတ်တွင် မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံ ကိုကိုအောင်၏ ရဲထံထွက်ဆိုချက်အရ ကွင်းဆက်သံ သယရှိသူ ဝမ်ချိုင်း(ခ) အချိုင်ဆိုသူကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် ပြန်လည်ခုခံကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။။

ဒုရဲမှူးဝင်းမြင့်က “မလွှဲတောင်၊ ကလိန်အောင်ရဲစခန်းက မူးယစ်အမှုနဲ့ ပြေးနေတာ၊ အဲဒီမှာမိတဲ့ တရားခံရဲ့ ဖော်ထုတ်ချက် အရ ကွင်းဆက် တရားခံပေါ့၊ သွားရှာတဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်တာပေါ့၊ ခုထိတော့ မမိသေးဘူး ပြေးနေတုန်းပဲ။ ဆုံးသွား တာက တပ်မတော်ဘက်ကပါ” ဟု ရှင်းပြသည်။သေဆုံးသွားသည့် တပ်မတော်သားနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ရဲတပ်ဖွဲ့မှ ဖြေကြားခြင်း မ ရှိသေးပါ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ထွက်ပြေးနေသည့် ဝမ်ချိုင်း (ခ) အချိုင်ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူသတ်မှု ကျူးလွန်ရန် အား ထုတ်ခြင်း ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားသော်လည်း လူသေဆုံးသွားသဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားကြောင်း ရေး မြို့မရဲစခန်းက သိရသည်။လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိထားသည့် ကိုကိုအောင် ဆိုသူအား ကလိန်အောင်နယ်မြေ ရဲစ ခန်းတွင် မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရေးမြို့နယ်၌ နေထိုင်သည့် ကိုကိုအောင်ဆိုသူအား ၎င်းစီးလာသည့် ဆိုင်ကယ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးပြား ၃၁၂ နှင့်အတူ ဇူလိုင် ၇ ရက်နေ့က မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဇူလိုင် ၈ ရက်နေ့တွင် ကိုကိုအောင် က ရေးမြို့မှ မြိတ်မြို့သို့ ခရီးသည်တင်ယာဉ် လိုင်းဖြင့် ထည့်ပေးလိုက်သည့် ပစ္စည်းထုပ် အား ဖွင့်ဖောက်စစ်ဆေးရာတွင် စိတ်ကြွမူးယစ် ဆေးပြား ၆၀၀၀၀ ပြားကိုလည်း ထပ်မံဖမ်းမိခဲ့ကြောင်း မူး/ယစ်ရဲတပ်ဖွဲ့ ထံက သိရသည်။

REF:   MYANMARNEWS24

Add a Comment

Your email address will not be published. Required fields are marked *