ယခုလအတြက္ အိမ္သုံး မီတာ သုံးစြဲခြင့္ ဇူလိုင္ (၁၅) ရက္ အထိ ၇၅ ယူနစ္ ထပ္မံ ေလ်ာ့ေပါ့ေပး

အထူးကိစၥ တစ္ရပ္ အေနျဖင့္ ကင္းလြတ္ခြင့္ျပဳ ခဲ့ေသာ အိမ္သုံး မဟုတ္သည့္ အမ်ိဳးအစားတြင္ ပါဝင္သည့္ အစိုးရ မဟုတ္ေသာ အဖြဲ႕အ စည္းမ်ားအုပ္စုမွ ျပည္တြင္းလူမႈေရး အဖြဲ႕အစည္းမ်ားမွအပ က်န္သုံးစြဲသူမ်ား အားလုံးသည္ ယခင္သတ္မွတ္ႏႈန္းထားမ်ား အတိုင္း ေပး ေဆာင္ ရမည္ျဖစ္သည္။

အိမ္သုံး မီတာ သုံးစြဲသူမ်ား အတြက္ ဇူလိုင္ ၁၅ ရက္ အထိ လွ်ပ္စစ္ သုံးစြဲခကို လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဌာနက ယူနစ္ ၇၅ အခမဲ့ သုံးစြဲ ခြင့္ျပဳေၾကာင္း ယမန္ေန႔ (ဇူလိုင္ ၁၀ ရက္)က ေၾကညာခဲ့သည္။ ဇြန္လ တစ္လလုံး အတြက္ အိမ္သုံးမီတာသုံးစြဲခြင့္ကို ၁၅၀ ယူနစ္ အခမဲ့သုံး စြဲခြင့္ျပဳေၾကာင္း ထုတ္ျပန္ ခဲ့ၿပီး ျဖစ္သည္။

ယခုအခါ အစိုးရ မွ COVID-19 ကာကြယ္ထိန္းခ်ဳပ္ တားဆီးေရးအတြက္ ရက္တိုး သတ္မွတ္ခဲ့သည့္ အတြက္ ဇူလိုင္လ ၁၅ ရက္အထိ ၇၅ ယူနစ္ ထပ္မံအခမဲ့ သုံးစြဲခြင့္ျပဳလိုက္ေၾကာင္း ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။ အိမ္သုံး အမ်ိဳးအစား၌ လွ်ပ္စစ္မီးသုံးစြဲသူမ်ားမွ (၇၆) ယူနစ္ ႏွင့္ အထက္ သုံးစြဲမႈမ်ားအား သတ္မွတ္ခ်က္ ႏႈန္းထားမ်ား အတိုင္း ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

Credit : စံေတာ္ခ်ိန္

UNICODE

ယခုလအတွက် အိမ်သုံး မီတာ သုံးစွဲခွင့် ဇူလိုင် (၁၅) ရက် အထိ ၇၅ ယူနစ် ထပ်မံ လျော့ပေါ့ပေး

အထူးကိစ္စ တစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြု ခဲ့သော အိမ်သုံး မဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရ မဟုတ်သော အဖွဲ့အ စည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ်နှုန်းထားများ အတိုင်း ပေး ဆောင် ရမည်ဖြစ်သည်။

အိမ်သုံး မီတာ သုံးစွဲသူများ အတွက် ဇူလိုင် ၁၅ ရက် အထိ လျှပ်စစ် သုံးစွဲခကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ယူနစ် ၇၅ အခမဲ့ သုံးစွဲ ခွင့်ပြုကြောင်း ယမန်နေ့ (ဇူလိုင် ၁၀ ရက်)က ကြေညာခဲ့သည်။ ဇွန်လ တစ်လလုံး အတွက် အိမ်သုံးမီတာသုံးစွဲခွင့်ကို ၁၅၀ ယူနစ် အခမဲ့သုံး စွဲခွင့်ပြုကြောင်း ထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။

ယခုအခါ အစိုးရ မှ COVID-19 ကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ရက်တိုး သတ်မှတ်ခဲ့သည့် အတွက် ဇူလိုင်လ ၁၅ ရက်အထိ ၇၅ ယူနစ် ထပ်မံအခမဲ့ သုံးစွဲခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အိမ်သုံး အမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၇၆) ယူနစ် နှင့် အထက် သုံးစွဲမှုများအား သတ်မှတ်ချက် နှုန်းထားများ အတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Credit :  စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *