ရွမ္းျပည္နယ္အတြင္း ႐ြာလူႀကီးက ႏွစ္မ်ားစြာ မုဒိမ္းက်င့္ၿပီး တာဝန္မယူ၍ အမ်ိဳးသမီးငယ္ (၁)ဦး ေသေၾကာင္း ႀကံစည္

သံသယ ရွိသူ ႐ြာလူႀကီး ဟာ ကာယကံ ရွင္ မိန္းကေလး ကို ခ်ိန္း တဲ့ အခါ မွာ လူသူ ကင္းမဲ့တဲ့ ေနရာမ်ိဳး ကို အမ်ား ဆုံး ခ်ိန္းဆို ၿပီး အႀကိမ္ ေရအားျဖင့္ ၆၀ ေက်ာ္ ျပဳက်င့္ခံရတယ္လို႔လည္း အမႈကူညီေပးတဲ့ ပအိုဝ္းအမ်ိဳးသမီးသမဂၢက ဆိုပါတယ္။မႈခင္းအေျခေအနနဲ႔ ပတ္သက္ ၿပီး ေဆာင္႐ြက္ထားမႈ အေျခအေနကို သိလိုသျဖင့္ HI သတင္း စာမ်က္ႏွာမွ ဟိုပုံးရဲစခန္းကို ဖုန္းနဲ႔ အႀကိမ္ႀကိမ္ ဆက္သြယ္ေပမယ့္ အမႈကို ကိုင္တြယ္တဲ့ ဂတ္စာေရး ႐ုံးမွာမရွိတဲ့အတြက္ ေျဖၾကားႏိုင္ျခင္း မရွိေၾကာင္းသာ ရဲစခန္းမွ ျပန္လည္ ေျဖဆိုခဲ့ပါတယ္။

ထိုေက်း႐ြာ လူႀကီးကို ဟိုပုံးရဲစခန္းမွာ ပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္ထားၿပီး၊ သက္ဆိုင္ရာ နယ္ေျမ ရဲစခန္းက ယခုလ (၆) ရက္ေန႔မွာပဲ ဖမ္းဆီး ထားၿပီး ျဖစ္သလို အမ်ိဳးသမီးငယ္ေဆး႐ုံဆင္းတာနဲ႔ အမႈရင္ဆိုင္ သြားမယ္လို႔ ကာယကံရွင္ မိသားစု က ဆိုပါ တယ္။ရွမ္းျ ပည္နယ္ ဟိုပုံး ၿမိဳ႕နယ္ ရဲ႕ ေက်း႐ြာ တစ္ခု မွာ ေက်း႐ြာ လူ ႀကီးျဖစ္ သူက ႏွစ္ခ်ီ ၾကာ မုဒိမ္းျပဳ က်င့္ ျ ခိမ္းေျခာက္ မႈေၾကာင့္ အမ်ိဳးသ မီးငယ္ တစ္ဦး ဟာ ေပါင္းသတ္ ေဆးေသာက္ ၿပီး ကိုယ့္ကိုယ္ ကိုယ္ ေသေၾကာင္းႀကံစ ည္မႈ တစ္ခု ၿပီးခဲ့တဲ့ ဇူလိုင္ (၆) ရက္ေန႔မွာ ျဖစ္ပြား ခဲ့တယ္။

အမ်ိဳးသမီးငယ္ ေပါင္းသတ္ေဆးေသာက္ လိုက္တာ ကို မိသားစုဝင္ေတြ အခ်ိန္မီ သိလိုက္တာေၾကာင့္ ခ်က္ခ်င္းပဲ သူမကို ေတာင္ျ ကီးၿမိဳ႕ ရွိ စဝ္စံထြ န္းေဆး႐ုံကို ပို႔ေဆာင္ခဲ့လို႔ အသက္ရွင္ ခြင့္ရခဲ့ ပါတယ္။က်ဴး လြန္ သူျအ ဖစ္ သံ သယ ရွိသူ ဟာ ဟိုပုံး ၿမိဳ႕နယ္ ဝါးဆို႔ ႐ြာက ေက်း ႐ြာ လူႀကီး ျဖစ္ ပါတယ္။ အသက္ (၃၀) ေက်ာ္အ႐ြယ္ ရွိၿပီး အိမ္ေထာင္သည္တစ္ဦးလည္းျဖစ္ပါတယ္။ အမႈစတင္က်ဴးလြန္ခ်ိန္ လြန္ခဲ့တဲ့ ၂၀၁၇ မွာ သူဟာ ႐ြာလူ ႀကီးရဲ႕ သားတစ္ဦးျဖစ္ ခဲ့ၿပီး အခုခ်ိန္မွာေ တာ့ သူ ကိုယ္တိုင္ ေက်း႐ြာလူႀကီးအျဖစ္ တာဝန္ယူထား ပါတယ္။

ထို႐ြာ လူ ႀကီးဟာ လြန္ခဲ့ ၃ ႏွစ္ (၂၀၁၇ ခုႏွစ္) အခ်ိန္၊ အမ်ိဳးသမီးငယ္ ၁၄ ႏွစ္ (၈ တန္းေက်ာင္းသူ) အ႐ြယ္ ကတည္း က မုဒိမ္းက်င့္ခဲ့တာ ျဖစ္ၿပီး အျခားသူေတြကို ေျပာျပရင္ သတ္ပစ္မယ္လို႔ၿခိမ္းေျခာက္ထားတာေၾကာင့္ ေနာက္ဆုံးမွာ ေပါင္းသတ္ေဆးေသာက္ၿပီး ဘဝကို အ ဆုံးသတ္ ဖို႔ ႀကံစည္ခဲ့ တာလို႔ ကာယကံရွင္ အမ်ိဳးသမီးငယ္က ေျပာပါတယ္။သူက ညီမေလး ကို ၿခိမ္းေျခာက္ တယ္။ တျခားသူကို ေျပာျပ ရင္ သတ္မယ္ လိုေျပာေတာ့ ညီမ ေလး က ဘယ္သူကိုမွ မေျပာ ရဲတာ။

သူမ်ား ကို ေျပာျပရင္ တာဝန္မယူဘူး။ မေျပာျပရင္ တာဝန္ ယူမယ္ လို႔ေျပာတယ္။ ဘယ္သူကိုမွ မေျပာျပရင္ ေက်ာင္းၿပီးတဲ့အထိေစာင့္ၿပီး တာဝန္ယူမယ္လို႔ေျပာတယ္။ အခုက်ေတာ့ သူက တာဝန္ မယူႏိုင္ဘူးတဲ့” လို႔ HI သတင္းစာ မ်က္ႏွာ ကို ကာယကံရွင္ အမ်ိဳးသမီးငယ္က ေျပာပါတယ္။မုဒိမ္းျပဳက်င့္ ခံရသူ အမ်ိဳးသမီးငယ္ဟာ ၿခိမ္းေျခာက္ခံ ထားရတာေၾကာင့္ စျဖစ္ျဖစ္ခ်င္း ဖြင့္မေျပာရဲခဲ့တဲ့အျပင္ ေနာက္ ပိုင္း ရက္ေတြမွာလည္း သူခ်ိန္းဆိုတဲ့ ေနရာကို သြားေရာက္ခဲ့ရတယ္လို႔ အမ်ိဳးသမီးငယ္ဘက္က အမႈလိုက္ ပါကူညီ ေပးေနတဲ့ ။

ပအိုဝ္းအမ်ိဳးသမီးသမဂၢ၊ အမ်ိဳးသမီး အခြင့္ေရး၊ ကာကြယ္ေရးႏွင့္ျမႇင့္တင္ေရး တာဝန္ရွိသူတစ္ဦးက ဆိုပါ တယ္။သူ က ၿခိမ္းေျခာက္ ခံရလို႔ အသက္အ႐ြယ္အရဆိုရင္ ကေလးအ႐ြယ္ပဲ ရွိေသးတာက တေၾကာင္း၊ မစဥ္းစားတတ္ ဘူး။ ၿပီးရင္ ဘာျဖစ္မယ္ဆိုတာလည္း သူကိုယ္တိုင္ လည္း မသိဘူး။ ဒါေၾကာင့္ ျဖစ္ျဖစ္ခ်င္းမွာ အမႈဖြင့္မတိုင္တာလို႔ က်မထင္တယ္။”လို႔ ပအိုဝ္းအမ်ိဳးသမီးသမဂၢမွ တာဝန္ရွိသူမွ ဆိုပါတယ္။ လိင္ ပိုင္းဆိုင္ရာ အျမတ္ ထုတ္ တယ္လို႔ သံသယရွိသူ ေက်း႐ြာလူႀကီး ဟာ ၃ ႀကိမ္ေျမာက္ မုဒိမ္းျပဳက်င့္ၿပီး ေနာက္ ပိုင္းမွာ။

အမ်ိဳးသမီးငယ္ကို ကိုယ္ဝန္မရေစဖို႔ အတြက္ ေသာက္ေဆးတခ်ိဳ႕ ေပးခဲ့ၿပီး ေသာက္ခိုင္းေစခဲ့ပါတယ္။ အဲဒီ ေဆး ကို ေသာက္ခဲ့ရတဲ့ အ မ်ိဳး သမီးငယ္ဟာ ၾကားကာလမွာ ကိုယ္ဝန္ေဆာင္ရတာ မရွိေပမယ့္ ပုံမွန္ ရာသီ စက္ဝန္း လည္ပတ္တာမ်ိဳး မရွိေတာ့ဘဲ၊ ပုံမွန္မဟုတ္တဲ့ အေန အထားနဲ႔သာ ရာသီစက္ဝန္းလည္ပတ္တယ္လို႔လည္း သိရပါ တယ္။ေနာက္ပိုင္း သူက ညီမေလးကို ခ်ိန္းတယ္ၿပီးရင္ ညီမေလးကို ေစာ္ကား တယ္။ အဲ့ဒီတုန္းက သူက ညီမေလးကို လက္ ထပ္မယ္ လို႔ေျပာတယ္” လို႔ ကာယကံရွင္ အမ်ိဳးသမီးငယ္က ဆိုပါတယ္။

ေနာက္ ပိုင္း ပတ္ဝန္းက်င္ က တစ တစ သိလာ ၿပီး အရွက္ ရလာ တာေၾကာင့္ လက္ထပ္ယူဖို႔ ေျပာတဲ့အခါမွာ တာဝန္ မယူႏိုင္ ေၾကာင္း ေျပာလာ တဲ့အတြက္ ေပါင္းသတ္ေဆးေသာက္ၿပီး ‘အရွက္နဲ႔ အသက္ကို လဲလိုက္တာပါ’ လို႔ အမ်ိဳး သမီးငယ္က ေျပာပါ တယ္။

crd: The voice

UNICODE

ရှမ်းပြည်နယ်အတွင်း ရွာလူကြီးက နှစ်များစွာ မုဒိမ်းကျင့်ပြီး တာဝန်မယူ၍ အမျိုးသမီးငယ် (၁)ဦး သေကြောင်း ကြံစည်

သံသယ ရှိသူ ရွာလူကြီး ဟာ ကာယကံ ရှင် မိန်းကလေး ကို ချိန်း တဲ့ အခါ မှာ လူသူ ကင်းမဲ့တဲ့ နေရာမျိုး ကို အများ ဆုံး ချိန်းဆို ပြီး အကြိမ် ရေအားဖြင့် ၆၀ ကျော် ပြုကျင့်ခံရတယ်လို့လည်း အမှုကူညီပေးတဲ့ ပအိုဝ်းအမျိုးသမီးသမဂ္ဂက ဆိုပါတယ်။မှုခင်းအခြေအေနနဲ့ ပတ်သက် ပြီး ဆောင်ရွက်ထားမှု အခြေအနေကို သိလိုသဖြင့် HI သတင်း စာမျက်နှာမှ ဟိုပုံးရဲစခန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် အမှုကို ကိုင်တွယ်တဲ့ ဂတ်စာရေး ရုံးမှာမရှိတဲ့အတွက် ဖြေကြားနိုင်ခြင်း မရှိကြောင်းသာ ရဲစခန်းမှ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

ထိုကျေးရွာ လူကြီးကို ဟိုပုံးရဲစခန်းမှာ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပြီး၊ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းက ယခုလ (၆) ရက်နေ့မှာပဲ ဖမ်းဆီး ထားပြီး ဖြစ်သလို အမျိုးသမီးငယ်ဆေးရုံဆင်းတာနဲ့ အမှုရင်ဆိုင် သွားမယ်လို့ ကာယကံရှင် မိသားစု က ဆိုပါ တယ်။ရှမ်းြ ပည်နယ် ဟိုပုံး မြို့နယ် ရဲ့ ကျေးရွာ တစ်ခု မှာ ကျေးရွာ လူ ကြီးဖြစ် သူက နှစ်ချီ ကြာ မုဒိမ်းပြု ကျင့် ြ ခိမ်းခြောက် မှုကြောင့် အမျိုးသ မီးငယ် တစ်ဦး ဟာ ပေါင်းသတ် ဆေးသောက် ပြီး ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံစ ည်မှု တစ်ခု ပြီးခဲ့တဲ့ ဇူလိုင် (၆) ရက်နေ့မှာ ဖြစ်ပွား ခဲ့တယ်။

အမျိုးသမီးငယ် ပေါင်းသတ်ဆေးသောက် လိုက်တာ ကို မိသားစုဝင်တွေ အချိန်မီ သိလိုက်တာကြောင့် ချက်ချင်းပဲ သူမကို တောင်ြ ကီးမြို့ ရှိ စဝ်စံထွ န်းဆေးရုံကို ပို့ဆောင်ခဲ့လို့ အသက်ရှင် ခွင့်ရခဲ့ ပါတယ်။ကျူး လွန် သူအြ ဖစ် သံ သယ ရှိသူ ဟာ ဟိုပုံး မြို့နယ် ဝါးဆို့ ရွာက ကျေး ရွာ လူကြီး ဖြစ် ပါတယ်။ အသက် (၃၀) ကျော်အရွယ် ရှိပြီး အိမ်ထောင်သည်တစ်ဦးလည်းဖြစ်ပါတယ်။ အမှုစတင်ကျူးလွန်ချိန် လွန်ခဲ့တဲ့ ၂၀၁၇ မှာ သူဟာ ရွာလူ ကြီးရဲ့ သားတစ်ဦးဖြစ် ခဲ့ပြီး အခုချိန်မှာေ တာ့ သူ ကိုယ်တိုင် ကျေးရွာလူကြီးအဖြစ် တာဝန်ယူထား ပါတယ်။

ထိုရွာ လူ ကြီးဟာ လွန်ခဲ့ ၃ နှစ် (၂၀၁၇ ခုနှစ်) အချိန်၊ အမျိုးသမီးငယ် ၁၄ နှစ် (၈ တန်းကျောင်းသူ) အရွယ် ကတည်း က မုဒိမ်းကျင့်ခဲ့တာ ဖြစ်ပြီး အခြားသူတွေကို ပြောပြရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ထားတာကြောင့် နောက်ဆုံးမှာ ပေါင်းသတ်ဆေးသောက်ပြီး ဘဝကို အ ဆုံးသတ် ဖို့ ကြံစည်ခဲ့ တာလို့ ကာယကံရှင် အမျိုးသမီးငယ်က ပြောပါတယ်။သူက ညီမလေး ကို ခြိမ်းခြောက် တယ်။ တခြားသူကို ပြောပြ ရင် သတ်မယ် လိုပြောတော့ ညီမ လေး က ဘယ်သူကိုမှ မပြော ရဲတာ။

သူများ ကို ပြောပြရင် တာဝန်မယူဘူး။ မပြောပြရင် တာဝန် ယူမယ် လို့ပြောတယ်။ ဘယ်သူကိုမှ မပြောပြရင် ကျောင်းပြီးတဲ့အထိစောင့်ပြီး တာဝန်ယူမယ်လို့ပြောတယ်။ အခုကျတော့ သူက တာဝန် မယူနိုင်ဘူးတဲ့” လို့ HI သတင်းစာ မျက်နှာ ကို ကာယကံရှင် အမျိုးသမီးငယ်က ပြောပါတယ်။မုဒိမ်းပြုကျင့် ခံရသူ အမျိုးသမီးငယ်ဟာ ခြိမ်းခြောက်ခံ ထားရတာကြောင့် စဖြစ်ဖြစ်ချင်း ဖွင့်မပြောရဲခဲ့တဲ့အပြင် နောက် ပိုင်း ရက်တွေမှာလည်း သူချိန်းဆိုတဲ့ နေရာကို သွားရောက်ခဲ့ရတယ်လို့ အမျိုးသမီးငယ်ဘက်က အမှုလိုက် ပါကူညီ ပေးနေတဲ့ ။

ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ အမျိုးသမီး အခွင့်ရေး၊ ကာကွယ်ရေးနှင့်မြှင့်တင်ရေး တာဝန်ရှိသူတစ်ဦးက ဆိုပါ တယ်။သူ က ခြိမ်းခြောက် ခံရလို့ အသက်အရွယ်အရဆိုရင် ကလေးအရွယ်ပဲ ရှိသေးတာက တကြောင်း၊ မစဉ်းစားတတ် ဘူး။ ပြီးရင် ဘာဖြစ်မယ်ဆိုတာလည်း သူကိုယ်တိုင် လည်း မသိဘူး။ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာ အမှုဖွင့်မတိုင်တာလို့ ကျမထင်တယ်။”လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ တာဝန်ရှိသူမှ ဆိုပါတယ်။ လိင် ပိုင်းဆိုင်ရာ အမြတ် ထုတ် တယ်လို့ သံသယရှိသူ ကျေးရွာလူကြီး ဟာ ၃ ကြိမ်မြောက် မုဒိမ်းပြုကျင့်ပြီး နောက် ပိုင်းမှာ။

အမျိုးသမီးငယ်ကို ကိုယ်ဝန်မရစေဖို့ အတွက် သောက်ဆေးတချို့ ပေးခဲ့ပြီး သောက်ခိုင်းစေခဲ့ပါတယ်။ အဲဒီ ဆေး ကို သောက်ခဲ့ရတဲ့ အ မျိုး သမီးငယ်ဟာ ကြားကာလမှာ ကိုယ်ဝန်ဆောင်ရတာ မရှိပေမယ့် ပုံမှန် ရာသီ စက်ဝန်း လည်ပတ်တာမျိုး မရှိတော့ဘဲ၊ ပုံမှန်မဟုတ်တဲ့ အနေ အထားနဲ့သာ ရာသီစက်ဝန်းလည်ပတ်တယ်လို့လည်း သိရပါ တယ်။နောက်ပိုင်း သူက ညီမလေးကို ချိန်းတယ်ပြီးရင် ညီမလေးကို စော်ကား တယ်။ အဲ့ဒီတုန်းက သူက ညီမလေးကို လက် ထပ်မယ် လို့ပြောတယ်” လို့ ကာယကံရှင် အမျိုးသမီးငယ်က ဆိုပါတယ်။

နောက် ပိုင်း ပတ်ဝန်းကျင် က တစ တစ သိလာ ပြီး အရှက် ရလာ တာကြောင့် လက်ထပ်ယူဖို့ ပြောတဲ့အခါမှာ တာဝန် မယူနိုင် ကြောင်း ပြောလာ တဲ့အတွက် ပေါင်းသတ်ဆေးသောက်ပြီး ‘အရှက်နဲ့ အသက်ကို လဲလိုက်တာပါ’ လို့ အမျိုး သမီးငယ်က ပြောပါ တယ်။

crd: The voice

Add a Comment

Your email address will not be published. Required fields are marked *