



REF: ပြည်မြန်မာ

UNICODE

ဩစတြေးလျတွင် သီတင်းသုံးနေသည့် ဆရာတော် ဦးကိတ္တိသာရ (အကယ်ဒမီကျော်ဟိန်း ) ပျံလွန်တော်မူ

နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုဦးဆောင်နေသော အကယ်ဒမီ ကျော်သူက သူ၏လူမှုကွန်ရက်တွင် “သားကြီး ထွက်ခွါခဲ့တဲ့ (၁၃)နှစ် မြောက်မှာဦးကျော် ထွက်သွားပြန်ပြီဗျာ”ဟုရေးသားထားသည်။

လာမည့် ဇူလိုင်လ ၁၄ ရက်တွင် ဆရာတော် ဦးကိတ္တိသာရ၏ သက်တော် ၇၃ နှစ်မြောက်မွေးနေ့ကျရောက် မည်လည်းဖြစ်သည်။ ဆရာ တော် ဦးကိတ္တိသာရ (ရုပ်ရှင်မင်းသားအကယ်ဒမီကျော်ဟိန်း ) သက်တော် ( ၇၃) တွင် ပျံလွန်တော်မူသွား ကြောင်း ဝမ်းနည်းဖွယ် ကြားသိရသည်။

ဆရာ တော် ဦးကိတ္တိသာရမှာ ဩစတေးလျနိုင်ငံ၊ကင်မ်ဘာရာမြို့တွင် သတင်းသုံးနေခြင်းဖြစ်ပြီး ယနေ့ဇူလိုင်လ ၁၁ ရက် မြန်မာစံတော် ချိန် နံနက် ၉ နာရီ ၂၇ မိနစ်အချိန် ပျံလွန်တော်မူသွားခြင်း ဖြစ်ကြောင်း သိရသည်။

REF:   ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *