




UNICODE

(၆) နှစ်အ ရွယ် မိန်းကလေးငယ် အား မုဒိမ်းမှုကျူးလွန်သူ ကို ထောင်ဒ ဏ် နှစ်(၂၀) တရားရုံးက အမိန့်ချမှတ်

ဖြစ်စဉ်နှင့်ပတ်သက်၍ ၁၃-၇-၂၀၁၉ ရက်နေ့တွင် ရွှေကျင်မြို့မရဲစခန်း (ပ)၁၆၆/ ၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင် ရွက် ခဲ့ပြီး ၁၃-၇-၂၀၁၉ ရက်နေ့ ၁၂၅၀ အချိန် ကျူးလွန်သူတရားခံ ရဲရွှေ အား ဖမ်းဆီးစစ်ဆေး၍ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၈-၇-၂၀၂၀ ရက်နေ့တွင် တရားခံ ရဲရွှေ အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်(၂၀) အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထောင်ဒဏ် နှစ်(၂၀) ချမှတ် ဇူလိုင်လ (၁၁) ရက် ၈-၇-၂၀၁၉ ရက်နေ့ (၁ဝဝဝ) အချိန်ခန့် ရွှေကျင်မြို့နေ တရားလို သည် မြေး ၂ ဦးနှင့်အ တူ အိပ်ပျော် နေရာမှ တစ်ရေးနိုးသောအခါ မြေးအငယ်ဖြစ်သူ မ— (၆)နှစ်အား မတွေ့သဖြင့် အော်ခေါ်စဉ် မျက်နှာချင်း ဆိုင်အိမ်နေဲရွှေ (၃၈) နှစ်မှ မ — အား ချီကာ ခေါင်းရင်းရှိ ခြံထဲမှ လာပို့သည်ကိုတွေ့ရှိရပြီး စစ်ဆေးကြည့်ရှုခဲ့သည်။

မသင်္ကာ၍ စစ်ဆေးရာ မ — ၏ မိန်းမ အင်္ဂါယောင်၍ နီနေသည်ကို တွေ့ရသောကြောင့် မေးမြန်းခဲ့ရာ ရဲရွှေမှခါင်းရင်းခြံနောက် အပြင်ဘက် တွင် သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့သည်ဟု ပြောပြ သိရှိခဲ့ရပါသည်။

REF;  BagoRegionPoliceForce

Add a Comment

Your email address will not be published. Required fields are marked *